Connect with us

Hi, what are you looking for?

သတင်း

စရိတ်ထောင်းမှုနဲ့ လုပ်သားရင်းမြစ် ရှားပါးမှုတွေကြောင့် အကျပ်တွေ့လာတဲ့ မြန်မာ့ အထည်ချုပ်လုပ်ငန်း

ပြည်တွင်းမှာ အလုပ်အကိုင် ရှားပါးမှုကြောင့်ရော၊ပြည်တွင်းစစ်ကြောင့်ပါ ပြည်ပကို ထွက်ခွာသူ အရေအတွက်ကလည်း တရိပ်ရိပ် တိုးလာနေပြီး အထည်ချုပ် ဝန်ထမ်းတွေပါ ပြည်ပ အခြေစိုက် တခြားလုပ်ငန်းတွေဆီ ကူးပြောင်းကုန်ပါတယ်။

(အထည်ချုပ်စက်ရုံဝန်ထမ်း အချို့ ။ဓါတ်ပုံ-Nikkei Asia)
(အထည်ချုပ်စက်ရုံဝန်ထမ်း အချို့ ။ဓါတ်ပုံ-Nikkei Asia)

မြန်မာနိုင်ငံရဲ့ အဓိက ပို့ကုန် ရင်းမြစ်တစ်ခုဖြစ်တဲ့ အထည်ချုပ် လုပ်ငန်းဟာ စရိတ်စက ကြီးမြင့်လာမှု၊ လုပ်သား ရှားပါးလာမှုတွေကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတုန်းက မြန်မာ့ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းရဲ့ အဖွဲ့ဝင် လုပ်ငန်း ၈၂၃ ခုထဲက ၂၉၈ ခုဟာ လည်ပတ်မှု ရပ်တန့်သွားခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ အရင်တစ်နှစ်ကနဲ့ ယှဉ်ရင် အထည်ချုပ် လုပ်ငန်းတွေ နှစ်အလိုက် ရပ်နား​နေရတာ ၅ ရာခိုင်နှုန်း တိုးလာတာ ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်မှာ အထည်ချုပ်လုပ်ငန်း အားလုံးရဲ့ ၃၁ ရာခိုင်နှုန်း လုပ်ငန်းရပ်ခဲ့ပြီး ၂၀၂၃ မှာ ၃၆ ရာခိုင်နှုန်းအထိရပ်နားလာတာ ဖြစ်ပါတယ်။

ဒါ​ပေမယ့် တစ်ဖက်မှာလည်း ၂၀၂၂ ခုနှစ်တုန်းက မြန်မာနိုင်ငံထုတ်ချုပ်ထည် ပြည်ပတင်ပို့မှုပမာဏာ ဟာ စံချိန်တင် မြင့်တက်ခဲ့ပါတယ် ။ ချုပ်ထည်ပြည်ပတင်ပို့မှုများျန​ပေမယ့် အထည်ချုပ် စက်ရုံတချို့ဟာ ဆိုးဆိုးရွားရွား ရုန်းကန်ခဲ့ရပါတယ်။ အထည်ချုပ် ဝန်ထမ်းတွေက ပိုပြီး ဝင်ငွေကောင်းမယ့် အလုပ်တွေအတွက် ပြည်ပကို စွန့်စားထွက်ခွာကုန်ကြခြင်းက အထည်ချုပ် လုပ်ငန်းတွေမှာ လုပ်အားလျော့ပါး ပြတ်တောက်မှုတွေ ဖြစ်လာစေပါတယ်။

အာဏာသိမ်း စစ်တပ်ရဲ့ မူဝါဒတွေ မတည်ငြိမ်မှုကြောင့် စျေးကွက်က တောက်လျှောက် အပြောင်းအလဲတွေ ဖြစ်နေခြင်းကလည်း အထည်ချုပ် လုပ်ငန်းတွေသာ မကဘဲ စီးပွားရေး ကဏ္ဍအားလုံးကို မရေရာမှုတွေ၊ ခေါင်းခဲစရာတွေနဲ့ ကြုံတွေ့စေပြန်ပါတယ်။

Public Service Announcement

Public Service Announcement

အခက်အခဲတွေ ရှိနေတဲ့တိုင် တစ်ဖက်မှာလည်း မြန်မာနိုင်ငံရဲ့ စျေးနှုန်းယှဉ်ပြိုင်မှု နောက်ခံ အခြေနေတွေ ၊အဓိက တခြားနိုင်ငံ​တွေနဲ့ ယှဥ်ရင် စာရိတ်သက်သာမှု​ကြောင့် လာရောက်မြှုပ်နှံရေးအတွက် ဆွဲဆောင်မှုတွေ ရှိနေပြန်ပါတယ်။

စျေးကွက် သုတေသီတွေကတော့ အထည်ချုပ် လုပ်ငန်းရဲ့ အစိတ်အပိုင်းနဲ့ ကဏ္ဍအသီးသီးမှာ ကောင်းမွန်သင့်တင့်တဲ့ အလုပ်ခွင် အခြေအနေနဲ့ အခွင့်အရေးတွေ ဖန်တီးပေးရေးကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက အလေးအနက် အာရုံစိုက်ပေးသင့်တယ်လို့ အကြံပြု တိုက်တွန်းထားကြပါတယ်။

စစ်တပ်က အထည်ချုပ် ဝန်ထမ်းတွေအတွက် တစ်နေ့စာ အနိမ့်ဆုံးလုပ်ခကို ကျပ် ၅၈၀၀ ပေးချေရမယ်လို့ ကုမ္ပဏီတွေကို လမ်းညွှန်ထားပေမယ့် အာဏာသိမ်းမှုနောက်ဆက်တွဲ ဂယက်အဖြစ် ကုန်စျေးနှုန်းတွေ မြင့်တက်လာတာကြောင့် ဝန်ထမ်းတွေဖက်မှာလည်း မလောက်မငှ ရုန်းကန်ရပြန်ပါတယ်။

ပြည်တွင်းမှာ အလုပ်အကိုင် ရှားပါးမှုကြောင့်ရော၊ပြည်တွင်းစစ်ကြောင့်ပါ ပြည်ပကို ထွက်ခွာသူ အရေအတွက်ကလည်း တရိပ်ရိပ် တိုးလာနေပြီး အထည်ချုပ် ဝန်ထမ်းတွေပါ ပြည်ပ အခြေစိုက် တခြားလုပ်ငန်းတွေဆီ ကူးပြောင်းကုန်ပါတယ်။

ကုန်စျေးနှုန်း ကြီးမြင့်မှု၊ လစာစရိတ် များပြားလာမှု၊ ပဋိပက္ခတွေရဲ့ နောက်ဆက်တွဲအဖြစ် ကုန်စည် စီးဆင်းမှု ပြတ်တောင်းပြတ်တောင်း ဖြစ်မှု၊ ဓာတ်အား မလုံလောက်လို့ မီးစက်အတွက် ဓာတ်ဆီဝယ်ရတဲ့ စရိတ်ထောင်းမှုတွေက အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေကို အကြီးအကျယ် ဒုက္ခကြုံစေပါတယ်။ နောက်ပြီး H&Mလို ကမ္ဘာကျော် ဖက်ရှင် အမှတ်တံဆိပ် တချို့ကလည်း မြန်မာနိုင်ငံမှာ လုပ်ငန်းတွေ ဆက်လက် အခြေချ လည်ပတ်ဖို့ ကိစ္စကို ပြန်လည် ဆင်ခြင် သုံးသပ်နေကြပါပြီ။

ကိုးကား- Nikkei Asia

ဆက်စပ်သတင်းများ

သတင်း

အရှေ့အလယ်ပိုင်း ဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ရေး ပဋိပက္ခဟာ မြန်မာ့ ရှိရင်းစွဲ အကျပ်အတည်းတွေကို ပိုမို ဆိုးရွားလာစေနိုင်ကြောင်းမြန်မာ့လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က သတိပေးသွားပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန်က အထည်ချုပ်စက်ရုံမီးလောင်မှုမှာ အလုပ်သမား ၂ဦး သေဆုံးတယ်လို့ ရွှေပြည်သာမြို့နယ် အထည်ချုပ်အလုပ်သမားသမဂ္ဂက ထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်တိုင်း၊ရွှေပြည်သာမြို့နယ်တွင်လုပ်ခလစာတိုးတောင်းသည့်ဆန္ဒပြခေါင်းဆောင်းများကို တရုတ်နိုင်ငံသားပိုင်အထည်ချုပ်ကုမ္ပဏီက ရဲခေါ်ဖမ်းဆီးပြီး ၎င်းတို့သတ်မှတ်နှုန်းအတိုင်းယူရန် ဖိအား​ပေး၍လက်ဗွေနှိပ်ခိုင်းခဲ့သည်။

နိုင်ငံတကာ

မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်ဟာ သူ့ရဲ့ အကြံပေး အရာရှိအဖြစ် ခန့်အပ်ထားသူ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝပ်ထရာနဲ့ တွေ့ဆုံပြီး မြန်မာ့အရေး အပါအဝင် ကဏ္ဍတချို့ကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။