Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာတွင် စစ်တပ်က ပိတ်ဆို့တိုက်ခိုက်၍ PDF ရဲဘော်တစ်ဦး ကျဆုံး၊ ခဲယမ်းအချို့ ဆုံးရှုံး

ဖေဖော်ဝါရီ ၂၅ရက်က မုံရွာမြို့နယ်ရှိ ဗန်စီစီ၊ နိဗ္ဗာန်ဝ၊ မုံရွေးကြေးမုံကျေးရွာများသို့ ထိုးစစ်ဆင်လာခဲ့သော စစ်ကြောင်းနှင့် မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း၊ တပ်ခွဲ(၃)၊ တပ်စု(၂)Youth Vigor Revolution Force ရဲဘော်များနှင့် ထိပ်တိုက်တွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

(သတ်ဖြတ်ခံရသော PDF ရဲဘော် ဇော်ထက်အောင်အား မကျဆုံးမီက တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(သတ်ဖြတ်ခံရသော PDF ရဲဘော် ဇော်ထက်အောင်အား မကျဆုံးမီက တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်(PDF)ရဲဘော်အချို့အား စစ်တပ်က ပိတ်ဆို့တိုက်ခိုက်မှုကြောင့် ရဲဘော်တစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရပြီး ခဲယမ်းအချို့ ဆုံးရှုံးခဲ့ရကြောင်း သတင်းရရှိသည်။

ဖေဖော်ဝါရီ ၂၅ရက်က မုံရွာမြို့နယ်ရှိ ဗန်စီစီ၊ နိဗ္ဗာန်ဝ၊ မုံရွေးကြေးမုံကျေးရွာများသို့ ထိုးစစ်ဆင်လာခဲ့သော စစ်ကြောင်းနှင့် မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း၊ တပ်ခွဲ(၃)၊ တပ်စု(၂)Youth Vigor Revolution Force ရဲဘော်များနှင့် ထိပ်တိုက်တွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

ရဲဘော်များဘက်မှ လက်ပစ်ဗုံး(၂)လုံးပစ်ခတ် နိုင်ခဲ့ပြီး စစ်ကောင်စီတပ်က ပိတ်ဆို့ပစ်ခတ်မှုကြောင့် ရဲဘော်ဇော်ထက်အောင် ခြေထောက်တွင်ကျည်ထိမှန်ကာ ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရကြောင်း မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း People’s Defence Force – South Monywa၏ တာဝန်ရှိသူ ​ဒေါင်းကာရန်က ပြောသည်။

“မြပုလဲကထွက်လာတဲ့စစ်ကြောင်း အင်အား ၄၀ခန့်နဲ့ ဗန်စီနဲ့ နိဗ္ဗာန်ဝဘက်က Local စခန်းကိုဝင်စီးတဲ့စစ်ကြောင်း အင်အား၈၀ခန့် ပေါင်းပြီး မုံရွေး၊ ကြေးမုံရွာထဲကို ဖြန့်အဝင် ရွာနှစ်ရွာဆုံရာမှာ ထိပ်တိုက်တိုးတာပါ။ လက်ပစ်ဗုံးအစစ် နှစ်လုံးပဲ ပစ်ခတ်နိုင်ခဲ့ပါတယ်။ ကျန်ရဲဘော်တွေ အသက်ရှင်လျက်လွတ်မြောက်ခဲ့သော်လည်း ရဲဘော်ဇော်ထက်အောင် ခြေထောက်ကျည်ထိမှန်ပြီး စခများရဲ့ဖမ်းဆီးခြင်းကို ခံလိုက်ရတာပါ။”ဟု PDF South Monywa၏ တာဝန်ရှိသူ ​ဒေါင်းကာရန်က ပြောသည်။

Public Service Announcement

Public Service Announcement

သတ်ဖြတ်ခံရသူမှာ မုံရွာခရိုင်အမှတ်(၁၁) တပ်ရင်း(People’s Defence Force-South Monywa) တပ်ခွဲ(၃)၊ တပ်စု(၂)Youth Vigor Revolution Forceအဖွဲ့မှ အသက် (၁၈)နှစ်အရွယ် ရဲဘော်ဇော်ထက်အောင် ဖြစ်သည်။

စစ်ကောင်စီတပ်ကလည်း စစ်သားတစ်ဦးသေပြီး နှစ်ဦးပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ရဲဘော်ဇော်ထက်အောင်နှင့်အတူ စူပါကာစတန်ကား (၁)စီး၊ ဆိုင်ကယ်(၁)စီး၊ စူပါကပ်ဆိုင်ကယ်(၁)စီး၊ ကာဘိုင်(၃)လက်၊ ၆၀မမဗုံးသီး(၄)လုံး၊ လက်လုပ်လက်ပစ်ဗုံး(၃)လုံး၊ 5.56ကျည်(၅)တောင့်၊ 7.62ကျည်(၅)တောင်၊ ယမ်းထုပ်၁ပိဿာ၊ စကားပြောစက်(၁)လုံး၊ ပြောက်ကျားယူနီဖောင်း(၇)စုံ၊ ပြောက်ကျားအင်္ကျီ(၃)ထည်၊ ပြောက်ကျားဘောင်းဘီ(၄)ထည်၊ kyiကာဦးထုပ်(၈)လုံး၊ ကျည်ကာအင်္ကျီ(၁၀) ထည်၊ ကီးပတ်ဖုန်း(၂)လုံး၊ ဝါယာကြိုး(၂)ခွေတို့ ဆုံးရှုံးခဲ့ကြောင်း PDF-South Monywa၏ တာဝန်ရှိသူ ​ဒေါင်းကာရန်က ပြောသည်။

ထို့အ​​ပြင် စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ် သဖြင့် စစ်ဘေးရှောင် ပြည်သူလေးဦး ကျည်ထိမှန်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ကြောင်းသည် ဗန်စီ​ကျေးရွာရှိ တိုက်တစ်လုံးနှင့် နိဗ္ဗာန်ဝကျေးရွာရှိ ကျောင်းဇရပ်တစ်ဆောင်၊ ကြက်ခြံ လေးခြံ၊ နေအိမ် နှစ်လုံးအား မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ကျားဖြန့်လုပ်ငန်းများ၌ စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်များပါဝင်ပတ်သက်နေကြောင်းလည်း အမျိုးသားညီညွတ်ရေးအစိုးရနှင့် မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့က ထုတ်ဖော်ပြောကြားထားသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။