Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ထိုင်းလွှတ်​တော်အတွင်းက မြန်မာ့အ​ရေး​ဆွေး​နွေးပွဲ

မြန်မာ့အရေးဆွေးနွေးပွဲကို ထိုင်းအစိုးရက မကန့်ကွက်ခြင််းမှာ မြန်မာ့နွေဦးတော်လှန်ရေးနှင့်အတူ၊ မြန်မာပြည်သူတွေနှင့်အတူ အတူတကွရှိနေကြောင်း ပြသသည့်ပွဲတစ်ခုဟု ကိုဝင်းမင်းကရှုမြင်သည်။

(ထိုင်းလွှတ်​တော်အတွင်း မြန်မာ့အ​ရေး​ဆွေး​နွေး​နေကြစဥ်။ ဓါတ်ပုံ- Reporters)
(ထိုင်းလွှတ်​တော်အတွင်း မြန်မာ့အ​ရေး​ဆွေး​နွေး​နေကြစဥ်။ ဓါတ်ပုံ- Reporters)

“အခုတခေါက်ထိုင်းလွှတ်တော်ဟာ အရင်တုန်းက လွှတ်တော်တွေနဲ့ ယှဥ်လိုက်ရင် ပိုပြီးတော့မှ လူသားလုံခြုံရေး၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်မှု၊ ဥပဒေကြောင်းအရ အခုပြောနေကြတာဆိုရင်တရားမဝင် ဝင်ရောက်လာတယ်ဆိုတဲ့ စကားလုံးမျိုးကို သုံးစရာမလိုဘဲနဲ့ မြန်မာနိုင်ငံက ဒုက္ခရောက်လာတဲ့ ပြည်သူတွေဟာ အကြမ်းဖက်ခံရလို့ ရောက်လာကြတဲ့ အသက်ရှင်ကျန်ရှိနေသူတွေဖြစ်တယ်ဆိုတဲ့အပေါ်မှာ လူသားလုံခြုံမှုဘက်ကနေ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်မှုဘက်ကနေ ချဥ်းကပ်မှုအတွက် အများကြီး ဆွေးနွေးကြတဲ့အခါမှာ ဒါဟာ အင်မတန်ကျွန်မတို့အတွက် အားရစရာကောင်းတယ်။ သူတို့ကိုကျွန်မတို့အများကြီး ကျေးဇူးတင်ရမယ်”

-Progressive Voice တည်ထောင်သူ ဒေါ်ခင်ဥမ္မာ

လီလီယန်/People’s Spring

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ နှစ်ရက်တာကျင်းပခဲ့သော မြန်မာ့အရေးဆွေးနွေးပွဲက စစ်အာဏာသိမ်းမှုအပြီး ၃ နှစ်အကြာတွင် အရှေ့တောင်အာရှဒေသတွင်းအထင်ကရဆွေးနွေးပွဲဖြစ်ကြောင််း လေ့လာသူအချို့နှင့် ဆွေးနွေးပွဲတက်ရောက်ခဲ့သူများက ပြောသည််။

Public Service Announcement

Public Service Announcement

မတ်လ ၂ နှင့် ၃ ရက်များတွင် ‘ဒီမိုကရက်တစ်မြန်မာနိုင်ငံဆီသို့နှင့် ထိုင်းနယ်စပ်တလျှောက် လုံခြုံရေးအပေါ် သက်ရောက်မှု’(Towards a Democratic Myanmar and Its Impact on Security Along the Thai Border)ခေါင်းစဥ်ဖြင့် ထိုင်းအောက်လွှတ်တော််က ကြီးမှူးပြုလုပ်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC၊ တော်လှန်ရေးအင်အားစုများ၊ ကျောင်းသားသမဂ္ဂ၊ လူငယ််၊ အမျိုးသမီးနှင့် အရပ်ဘက်အဖွဲ့အစည်းများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

အထက်ပါဆွေးနွေးပွဲသို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းတို့က အွန်လိုင်းမှတဆင့် တက်ရောက်ဆွေးနွေးခဲ့ပြီး ကုလသမဂ္ဂအထူးအစီရင်ခံစာတင်သွင််းသူ Tom Andrews က လူကိုယ်တိုင််တက်ရောက်ခဲ့သည််ကိိုတွေ့ရသည်။

(ထိုင်းလွှတ်​တော်အတွင်း မြန်မာ့အ​ရေး​ဆွေး​နွေး​နေကြစဥ်။ ဓါတ်ပုံ- Reporters)
(ထိုင်းလွှတ်​တော်အတွင်း မြန်မာ့အ​ရေး​ဆွေး​နွေး​နေကြစဥ်။ ဓါတ်ပုံ- Reporters)

“ထိုင်းလွှတ်တော်မှာ ပြုလုပ်တဲ့ မြန်မာ့အရေးဆွေးနွေးပွဲက အကြောင်းအရာတွေက တော်တော်လေးအားကောင်းပါတယ်။ အရေးပေါ်ကိစ္စတွေ အများကြီး ဆွေးနွေးနိုင်တယ်။ လူသားစာနာအကူအညီ၊ အရေးပေါ် လိုအပ်ချက်တွေ၊ နောက်ပြီး စစ်အုပ်စုက စစ်မှုမထမ်းမနေရ ဥပဒေနဲ့ ပြည်သူလူထုကို လူငယ်တွေကို ဒုက္ခရောက်အောင် လုပ််နေတာတွေ၊ လေကြောင်းကနေ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို ဖျက်ဆီးနေတဲ့ကိစ္စတွေ ဒါတွေလည်း အများကြီးပြောဖြစ်ကြတယ်” ဟု အထက်ပါဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးခဲ့သူ Progressive Voice တည်ထောင်သူ ဒေါ်ခင််ဥမ္မာက ပြောသည်။

စစ်အုပ်စုသည် မြန်မာပြည််သူလူထုအပေါ် သတ်ဖြတ်နှိပ်စက်နေသည့် နိုင်ငံတကာရာဇဝတ်သားများ ဖြစ်နေ၍ အဆိုပါစစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံပါက ထိုင််းနိုင်ငံအနေဖြင့် ၎င်းတို့၏ ဂုဏ်သိက္ခာထိခိုက်ကျဆင်းနိုင်ကြောင်းကိုလည်း ဆွေးနွေးတင်ပြခဲ့ကြသည်။

စစ်အာဏာသိမ်းမှု ၃နှစ်အကြာတွင် ထိုင်းနိုင်ငံလွှတ်တော်က တော်လှန်ရေးအင်အားစုများ၏ အသံကို ထုတ်ဖော််ခွင့်ပြုခဲ့ခြင်းမှာ ထိုင််းအစိုးရအပါအဝင်် ထိုင််းနိုင်ငံ၏ မူဝါဒချမှတ်သူများအကြား မြန်မာ့အရေးအတွက် ပြင်ဆင်မှု စတင််ပြုလုပ်လာခြင်းဟု နိုင်ငံရေးလေ့လာသူများက သုံးသပ််သည်။

ဆွေးနွေးပွဲတွင် ထိုင််းနှင့် ထိစပ််နေသည့် နယ်စပ်ဖြတ်ကျော် လူသားချင််းစာနာမှုဆိုင်ရာ အကူအညီပေးရေး၊ မြန်မာ့နွေဦးတော်လှန်ရေး၊ နိုင််ငံရေးလုပ်ငန်းစဥ်များနှင့်ပတ်သက််၍ ကူညီဆောင်ရွက်ပေးရေး၊ ထိုင်းသို့ ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအရေး ကူညီအဖြေရှာရေး စသည့်ရည်မှန်းချက် ၃ ရပ်ကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း ဆွေးနွေးပွဲတက်ရောက်ခဲ့သူ ကိုဝင်းမင်း – School of Public Policy(Chiang Mai University) က ပြောသည််။

“ဒီပွဲဟာ အပေါ်ယံထင်သလို လွှတ််တော်အမတ်တွေပဲ လုပ်တဲ့ဆွေးနွေးပွဲမဟုတ်ဘူး။ ထိုင်းပြည်သူတွေရဲ့ အသံကို နားထောင််ပြီး ထိုင်းလွှတ်တော်အမတ််တွေရယ်၊ ထိုင််းနိုင်ငံရေး၊ ထိုင််းအစိုးရကို အတိုင်းအတာတစ်ခုအထိ ဦးဆောင်တဲ့အခန်းကဏ္ဍကနေ ပါဝင်နေကြတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ မြန်မာပြည််သူတွေအပေါ် ပိုမိုကူညီနိုင််ဖို့၊ မြန်မာ့နိုင်ငံရေးလုပ်ငန်းစဥ်အပေါ် ပိုမိုကူညီလာဖို့ လှမ်းတဲ့ ခြေလှမ်းတစ်ခုဖြစ်တယ်” ဟု ၎င်းက ဆက်ပြောသည်။

ဆွေးနွေးပွဲကို ထိုင်းလွှတ်တော်နှင့်အတူ ထိုင်းအမျိုးသားလုံခြုံရေးကော်မရှင်ကလည်း ကမကထပြု ကျင်းပခြင်းဖြစ်၍ လုံခြုံရေးပိုင်းကို အဓိကထား ဆွေးနွေးခဲ့ကာ ထိုင်းနိုင်ငံ၏ လုံခြုံရေးသာမက ထိုင်းနိုင်ငံသို့ ရောက်ရှိလာသော မြန်မာနိုင်ငံသားများ၏ လူမှုလုံခြုံရေးကိုလည်းထည့်သွင်းဆွေးနွေးခဲ့ကြောင်းသိရသည်။

အထက်ပါ ဆွေးနွေးပွဲကို အာဏာသိမ်းစစ်ကောင်စီက ကန့်ကွက်ခဲ့သော်လည်း ထိုင်းအစိုးရက တားမြစ်ပိတ်ပင်ခြင်းမရှိပေ။ သို့ရာတွင် ဆွေးနွေးပွဲသို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး တက်ရောက် အမှာစကား ပြောကြားမည့်အစီအစဥ်မှာ ပျက်ပြယ်ခဲ့သည်။

မြန်မာ့အရေးဆွေးနွေးပွဲကို ထိုင်းအစိုးရက မကန့်ကွက်ခြင််းမှာ မြန်မာ့နွေဦးတော်လှန်ရေးနှင့်အတူ၊ မြန်မာပြည်သူတွေနှင့်အတူ အတူတကွရှိနေကြောင်း ပြသသည့်ပွဲတစ်ခုဟု ကိုဝင်းမင်းကရှုမြင်သည်။

“ပုံမှန်ဟိုတယ်တစ်ခုမှာ လုပ်တာမဟုတ်ဘဲ ထိုင်း လွှတ်တော််မှာ ကျင်းပနိုင်ခြင််းပင်လျှင်် မြန်မာပြည်သူတွေနဲ့အတူတူ၊ မြန်မာ့နွေဦးတော်လှန်ရေးနဲ့အတူတူ ရှိနေတယ််ဆိုတာကို မြန်မာစစ်တပ်နဲ့တကွ နိုင်ငံတကာကို သတင်းစကားပေးတဲ့သဘောကဲ့သို့ ခိုင်ခိုင်မာမာ အထောက်အကူ အားပေးစကား လုပ််ဆောင်တဲ့ လုပ်ငန်းစဥ််တစ်ခုဖြစ်တယ်လို့ နားလည်ပါတယ်” ဟု ၎င်းက ဆိုသည်။

ထိုင်းလွှတ်တော်က ယခုကဲ့သို့ ဦးဆောင်ဆွေးနွေးသည့်အပေါ် ရွေးကောက်ခံ ထိုင််းအစိုးရကလည်း လုပ်ချင်ရာ လုပ််မည် မဟုတ််ဘဲ ၎င်းတို့ အစိုးရနှင့်လွှတ်တော််အကြား အပြန်အလှန်၊ အကြေအလည်ညှိနှိုင်းတိုင်ပင််ဆွေးနွေးပြီး အဖြေထုတ််ကြလိမ့်မည်ဟု ဒေါ်ခင်ဥမ္မာက သုံးသပ်သည်။

“အခုတခေါက်ထိုင်းလွှတ််တော်ဟာ အရင်တုန်းက လွှတ်တော််တွေနဲ့ ယှဥ်လိုက်ရင် ပိုပြီးတော့မှ လူသားလုံခြုံရေး၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်မှု၊ ဥပဒေကြောင််းအရ အခုပြောနေကြတာဆိုရင် တရားမဝင် ဝင်ရောက်လာတယ်ဆိုတဲ့ စကားလုံးမျိုးကို သုံးစရာမလိုဘဲနဲ့ မြန်မာနိုင်ငံက ဒုက္ခရောက်လာတဲ့ ပြည်သူတွေဟာ အကြမ်းဖက်ခံရလို့ ရောက်လာကြတဲ့ အသက်ရှင်ကျန်ရှိနေသူတွေဖြစ်တယ်ဆိုတဲ့အပေါ်မှာ လူသားလုံခြုံမှုဘက်ကနေ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်မှုဘက်ကနေ ချဥ်းကပ်မှုအတွက် အများကြီး ဆွေးနွေးကြတဲ့အခါမှာ ဒါဟာ အင်မတန်ကျွန်မတို့အတွက် အားရစရာကောင်းတယ်။ သူတို့ကို ကျွန်မတို့ အများကြီး ကျေးဇူးတင်ရမယ်” ဟု ၎င်းက ဆက်ပြောသည်။

သို့သော် နှစ်ရက်တာဆွေးနွေးပွဲမှတဆင့် မြန်မာ့နွေဦးတော်လှန်ရေးအတွက် မြေပြင်တွင်လက်တွေ့အကျိုးဖြစ်ထွန်းရန် လုံလောက်မှု မရှိသေးဘဲ ထိုင်းအစိုးရ၊ လွှတ်တော်၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင််ရွက်မှု များစွာပြုလုပ်ရန် လိုအပ်ကြောင်း လေ့လာသူများက ပြောသည်။

(ထိုင်းလွှတ်​တော်အတွင်း မြန်မာ့အ​ရေး​ဆွေး​နွေး​နေကြစဥ်။ ဓါတ်ပုံ- Reporters)

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သူ့နုတ်ထွက်မှုဟာ ဒုတိယ ဝန်ကြီးချုပ် ရာထူးအတွက် တခြားတစ်ဦးကို ခန့်အပ်နိုင်ဖို့ လမ်းဖွင့်ပေးတဲ့ အဓိပ္ပါယ် ဖြစ်တယ်လို့လည်း ဝန်ကြီးက ဆိုပါတယ်။

နိုင်ငံတကာ

တိုက်ပွဲတွေက ထိုင်းပိုင်နက်နဲ့ အရမ်း နီးနီးကပ်ကပ် ဖြစ်ပွားခဲ့ပြီး ဒီလို ကိစ္စမျိုးနဲ့ ပတ်သက်ရင် အာဆီယံကပါ ပါဝင်ကိုင်တွယ် အဖြေရှာပေးသင့်တယ်လို့ နစ်ခွန်ဒက်ဂျ်က ဆိုပါတယ်။

နိုင်ငံတကာ

မနှစ်တုန်းက ကမ္ဘာတလွှားမှာ အပူဒဏ်ပိမှုဟာ စံချိန်တင် အဆင့်ထိ မြင့်တက်လာပြီး ကုလသမဂ္ဂက အာရှရဲ့ အပူချိန်ဟာ ကြောက်ခမန်းလိလိ မြန်နှုန်းမျိုးနဲ့ မြင့်တက်လာနေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဘာသာပြန် ဆောင်းပါး

▪︎စောချစ်သူဟာ နယ်စပ်ဒေသမှာ တရုတ် ကျားဖြန့် ဒုစရိုက် ဂိုဏ်းခေါင်းဆောင်တွေကို ဧည့်ဝတ်ကျေကျေ လက်ခံထားတဲ့ ကရင်BGF ခေါင်းဆောင် သုံးဦးထဲမှာ အပါအဝင် ဖြစ်ပါတယ်။ People’s Spring တရုတ်နိုင်ငံက ဒုစရိုက်ဂိုဏ်းတွေ အရှေ့တောင်အာရှကို ခြေဆန့်လာတဲ့အခါ မြန်မာနိုင်ငံဟာ ဦးစားပေး ရွေးချယ်ခံရတဲ့ အခြေစိုက် နယ်မြေတစ်ခုလိုမျိုး...