Connect with us

Hi, what are you looking for?

သတင်း

ဆွမ်ပရာဘွမ်ဗျူဟာကုန်းသိမ်းတိုက်ပွဲ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို နပန်းလုံးသတ်ပုတ်အနိုင်ယူခဲ့သည့် RPGကိုင် ရဲဘော်ကို KPF ကျပ် ၁၀သိန်း ချီးမြှင့်

ရဲဝံ့ပြတ်သားစွာ တိုက်ပွဲဆင်နွဲခဲ့ကြသော KIA၊ KPDFနှင့် မိမိတို့ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KPF ပူးပေါင်းတပ်ဖွဲ့အား ဂုဏ်ယူစွာဖြင့် အလေးပြုကြောင်း ဖော်ပြကာ စံပြ ရဲဘော်တစ်ဦးကို ဂုဏ်ပြုကြောင်း အသိပေးသည်။

ဆွမ်ပရာဘွမ်ဗျူဟာကုန်းသိမ်းတိုက်ပွဲ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို နပန်းလုံးသတ်ပုတ်အနိုင်ယူခဲ့သည့် RPGကိုင် ရဲဘော်ကို KPF ကျပ် ၁၀သိန်း ချီးမြှင့်
ဆွမ်ပရာဘွမ်ဗျူဟာကုန်းသိမ်းတိုက်ပွဲ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို နပန်းလုံးသတ်ပုတ်အနိုင်ယူခဲ့သည့် RPGကိုင် ရဲဘော်ကို KPF ကျပ် ၁၀သိန်း ချီးမြှင့်

▪︎လက်နက်ချအညံ့ခံသည့် စစ်ကောင်စီတပ်သားက KIA ပူးပေါင်းတပ်အား ထပ်ခါထပ်ခါ တောင်းပန်

ထားမြတ်/People’s Spring

ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့၌ နောက်ဆုံးကျန်နေသည့် စစ်ကောင်စီ၏ ခလရ(၄၆) ဗျူဟာကုန်း စခန်း သိမ်းတိုက်ပွဲ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးကို နပန်းလုံးသတ်ပုတ်အနိုင်ယူခဲ့သည့် ရဲဘော်တစ်ဦးကို စံပြတပ်ဖွဲ့ဝင်အဖြစ် သတ်မှတ်၍ ဂုဏ်ပြုငွေ ကျပ် ၁၀သိန်း ပေးအပ်ခဲ့ကြောင်း ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KPF) ကထုတ်ပြန်သည်။

KPFသည် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF တပ်ဖွဲ့တို့နှင့်ပူးပေါင်းပြီး ဆွမ်ပရာဘွမ်မြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့ရာ မေလ ၅ရက် နံနက်တွင် စစ်ကောင်စီ ဗျူဟာကုန်းကို သိမ်းပိုက်ရရှိခဲ့သည်။

ရဲဝံ့ပြတ်သားစွာ တိုက်ပွဲဆင်နွဲခဲ့ကြသော KIA၊ KPDFနှင့် မိမိတို့ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KPF ပူးပေါင်းတပ်ဖွဲ့အား ဂုဏ်ယူစွာဖြင့် အလေးပြုကြောင်း ဖော်ပြကာ စံပြ ရဲဘော်တစ်ဦးကို ဂုဏ်ပြုကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

“KPFရဲဘော်ဖြစ်သူက လက်နက်လတ် (RPG) ကိုင်‌ ဆောင်နေသူဖြစ်၍ ရန်သူနှင့်အနီးကပ်အတွေ့မှာ ဆုံး ဖြတ်ချက်ပြတ်သားစွာ ချက်ချင်းနပန်းလုံးကာသတ်ပုတ်အနိုင်ယူနိုင်ခဲ့ခြင်းဖြစ်သည်”ဟု KPF က ဖြစ်စဉ်ကို ဖော်ပြသည်။

ရန်သူအား ရဲစွမ်းသတ္တိဖြင့် ပြတ်သားစွာအနိုင်ယူခဲ့သော KPFတပ်ဖွဲ့၀င်ဖြစ်သူအား စံပြတပ်ဖွဲ့၀င်အဖြစ်သတ်မှတ်ကြောင်း ၊ ၎င်းအား ဂုဏ်ပြုငွေသိန်း(၁၀)ကျပ် နှင့် တိုက်ပွဲ၀င်KPFတပ်ဖွဲ့ ၀င်များအားလုံးအတွက် ဂုဏ်ပြု‌ငွေသိန်း(၂၀) ကျပ်တို့အား ဆုချခဲ့ကြောင်း ပြည်သူများအား အသိပေးခဲ့သည်။

တိုက်ပွဲတွင် ရှေ့ကဦးဆောင်ကူညီကြသော KIAတပ်ဖွဲ့၀င်များနှင့် KPDFတပ်ဖွဲ့၀င်များအားလုံးကိုလည်း ဂုဏ်ယူစွာဖြင့် အလေးပြုကြောင်း ထုတ်ပြန်သည်။

အခြားသတင်းတစ်ရပ်တွင် ဆွမ်ပရာဘွမ် တိုက်ပွဲ၌ လက်နက်ချခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦး၏ ရုပ်သံမှတ်တမ်းကိုလည်း စစ်ရေးသတင်းရင်းမြစ်က လူမှုကွန်ရက်၌ ဖော်ပြ အသိပေးသည်။

ယင်းရုပ်သံတွင် KIA ပူးပေါင်းတပ်မှရဲဘော်က “ဘာဖြစ်လို့ အဲဒီလောက်အထိ ခေါင်းမာရတာလဲ” ဟု ကတုတ်ကျင်းအတွင်းမှ လက်နက်ဖက်မြှောက်၍ အညံ့ခံနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အား မေးမြန်းရာအသက် အရွယ်ကြီးနေပြီဖြစ်သော စစ်ကောင်စီတပ်သားက “ကျနော်က အခုမှ ရောက်တာ” ဟု ပြန်လည်ဖြေကြားရာ “ဘာအခုမှ ရောက်တာလဲ” ဟုထပ်မံ မေးမြန်းရာ စစ်ကောင်စီ တပ်သားကာ “တောင်းပန်ပါတယ်ဗျာ၊ တောင်းပန်ပါတယ်” ဟု ထပ်ခါ ထပ်ခါ ပြောဆိုနေသည်ကို​တွေ့ရသည်။၎င်းသည်ဧရာဝတီတိုင်းမှ ဖြစ်ပြီး တပ်တွင် CQ အဆင့်ဖြစ်သည်ဟု ​KIA တပ်ဖွဲ့ဝင်များကို ​ပြောသည်ကို​ပြောသည်ကို ​တွေ့ရသည်။

KIAသည် ဆွမ်ပရာဘွမ်ကို မတ်လ ၁၃ရက်ကတည်းက စတင်ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး ၁လခွဲကျော်ကြာ တိုက်ခိုက်ပြီးမှ သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။