Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီဝန်ထမ်းများ နှုတ်ထွက်၊ ပြောင်းရွှေ့ခြင်းနှင့် KNUအုပ်ချုပ်ရေးတွင် ပူးပေါင်းမှုများပြုလုပ်ရန် ထုတ်ပြန်

စစ်ကောင်စီကို အားပေး၊ထောက်ခံ၊ ကူညီသော မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို မပြုလုပ်ကြရန်လည်း အသိပေးကြောင်း ဖော်ပြထားသည်။

(ကရင်အမျိုးသားအစည်းအရုံး(KNU)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - KNU)

ဟန်နွေ/People’s Spring

စစ်ကောင်စီ လက်အောက်ခံဌာနအသီးသီး၌ အမှုထမ်းလျက်ရှိသော ဝန်ထမ်းများအနေဖြင့် သက်ဆိုင်ရာ ဌာနမှနှုတ်ထွက်ခြင်း၊ ပြောင်းရွှေ့ခြင်း ပြုလုပ်ရန်နှင့် ကရင်အမျိုးသားအစည်းအရုံး(KNU)၏ အုပ်ချုပ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အတူပူးပေါင်း ပါဝင်ကူညီပေးရန် KNUက ထုတ်ပြန်သည်။

စစ်ကောင်စီကို အားပေး၊ထောက်ခံ၊ ကူညီသော မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို မပြုလုပ်ကြရန်လည်း အသိပေးကြောင်း ဖော်ပြထားသည်။

KNU ဒူးပလာယာခရိုင် တပ်မဟာ(၆)၏ ဇွန်လ ၂၈ရက် ရက်စွဲပါ အသိပေးထုတ်ပြန်ချက်ကို KNU ဗဟိုက ဖော်ပြခဲ့သည်။

Public Service Announcement

Public Service Announcement

KNU ဒူးပလာယာခရိုင်၊ တပ်မဟာ (၆)ထိန်းချုပ်နယ်မြေအတွင်း စစ်ရေးအရ နေ့စဥ်နှင့် အမျှ နေရာအနံ့ ဖော်ဆောင်လျှက်ရှိနေပြီး KNU၏ အုပ်ချုပ်ရေး ယန္တရားများလည်း လုပ်ကိုင်ဆောင်ရွက်လျှက်ရှိရာ ထိုသို့ လုပ်ကိုင်ဆောင်ရွက်ရာ၌ ရှုပ်ထွေးမှုများစွာ ဖြစ်ပေါ်လာ၍ ယခုကဲ့သို့ ကြေညာချက်ထုတ်ပြန်ခြင်းဖြစ်သည်ဟု အသိပေးသည်။

(ကရင်အမျိုးသားအစည်းအရုံး(KNU)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - KNU)
(ကရင်အမျိုးသားအစည်းအရုံး(KNU)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – KNU)

” ကျနော်တို့က ဒူးပလာယာခရိုင်မှာ မြို့သိမ်းတိုက်ပွဲတချို့နေရာတွေမှာရှိတယ်လေ။ ကျနော်တို့ သွားမယ့် အနာဂတ်ကလည်း ကော်သူးလေဖက်ဒရယ်ယူနစ်ပေါ့သို့မဟုတ် ကရင်ပြည်နယ် ကျနော်တို့ကသွားဖို့ နိုင်ငံရေးအရ ရှိတဲ့အပေါ်မှာ ကျနော်တို့က အနာဂတ် ဖက်ဒရယ်အတွက်ကို ပြင်ဆင်မှုရှိတယ်။ အဲဒီအပေါ်မှာ စကစ ယန္တယားအကျန်တွေရှိတယ်လေ။ အဲဒီ ဝန်ထမ်းတွေကလည်း ကျနော်တို့ အုပ်ချုပ်ရေးလုပ်ငန်းမှာ နည်းနည်း ရှုပ်တာလေးတွေရှိတယ်။ အဲဒါကို အခြေခံပြီး ဒီစာထုတ်တာပါ”ဟု KNU ဒူးပလာယာခရိုင် တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီဝန်ထမ်းများ KNUနှင့် ပူးပေါင်းရန်လည်း ဒူးပလာယာခရိုင်က ဖိတ်ခေါ်ထားရာ ယင်းသို့ ဖိတ်ခေါ်မှုအပေါ် ခရိုင်အမြဲတမ်းကော်မတီ တာဝန်ရှိသူတစ်ဦးက ယခုကဲ့သို့ ရှင်းပြသည်။

” ကျနော်တို့က တော်လှန်ရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့အတွက် အာဏာရှင် အမြန်ပြုတ်ဖို့ကတော့ အဓိက ကျတာပေါ့။ ကျနော်တို့နဲ့ အတူတူ ပူးပေါင်းပြီး အာဏာရှင်ပြုတ်ကျပြီးတော့ ဒီမိုကရေစီကို အခြေခံ အပြည့်အ၀ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို အမြန်ဆုံးသွားနိုင်ဖို့ ကျနော်တို့နဲ့အတူတကွ တော်လှန်ရေးရဲဘော်တွေလို စိတ်ဓာတ်အပြည့်အ၀နဲ့ လုပ်ဆောင်သွားရင်တော့ ဒီအာဏာရှင် အမြန်ဆုံး ချုပ်ငြိမ်းသွားမှာပေါ့”ဟု ဒူးပလာယာခရိုင် အမြဲတမ်း ကော်မတီဝင်တစ်ဦးက ပြောသည်။

ယခု ထုတ်ပြန်ချက်အတိုင်း လိုက်နာဆောင်ရွက်မှုမရှိပါက KNU ဒူးပလာယာခရိုင်၊ တပ်မဟာ (၆) မှ အဆင့်ဆင့်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဟုလည်း အသိပေးထုတ် ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ် ၊ဖာပွန်ခရိုင်( မူတြော်)ထဲမှာတပ်စွဲထားတဲ့အာဏာသိမ်းစစ်တပ်ရဲ့ထော်မူပလဲမဲစခန်းကို ဒီနေ့(စက်တင်ဘာ ၈)ရက်မှာ KNU တပ်က တက်ရောက်ရှင်းလင်းသိမ်းယူလိုက်တယ်လို့ KNU မူတြော်ခရိုင်၊ တပ်မဟာ(၅)ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က အတည်ပြုပါတယ်။