Connect with us

Hi, what are you looking for?

သတင်း

MNDAA ကလားရှိုးမြို့ကိုသိမ်းပိုက်လိုက်ကြောင်း ညီနောင်သုံးဖွဲ့ကဓါတ်ပုံများဖြင့်သက်သေပြ

ဓါတ်ပုံ- 3BHA

မိထက်/ People’s Spring

ရှမ်းပြည်နယ်၊မြောက်ပိုင်း၊လားရှိုးမြို့ရှိ စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) နှင့် ၎င်းလက်အောက်ရှိတပ်စခန်းများကိုMNDAA က သိမ်းပိုက်ပြီးနောက် အဆိုပါစခန်းများရှေ့၌ MNDAA တပ်ဖွဲ့ဝင်များက ဇူလိုင် (၂၆) ရက်နေ့တွင် ရိုက်ကူးထားသောဓါတ်ပုံများကို ညီနောင်မဟာမိတ်သုံးစွဲ ကဇူလိုင် ၂၆ ညသန်းခေါင်တွင်ထုတ်ပြန်လိုက်သည်။

ဓါတ်ပုံများတွင် ရမခ လက်အောက်ရှိစစ်တပ်စခန်းများ ၊ ပြည်သူ့ဆေးရုံ ၊မြို့တော်ခန်းမ ၊မီးသတ်ရုံး၊မူးယစ်ရုံးစသော နေရာများတွင် MNDAA တပ်ဖွဲ့ဝင်များက အောင်ပွဲခံနေသောပုံ၊ အလံတော်လွှင့်ထူထားပုံများဖြစ်သည်။

Public Service Announcement

Public Service Announcement

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ဇူလိုင် ၂၅ ရက် နံနက် ၄ နာရီတွင် လုံးဝ သိမ်းပိုက်နိုင်ပြီဟု ကိုးကန့်တပ်မတော်MNDAAက ယင်းနေ့၌ သတင်းထုတ်ပြန်ခဲ့သည်။ စစ်ကောင်စီက စစ်ဌာနချုပ်မကျသေးကြောင်း နေ့ချင်းငြင်းချက်ထုတ်ခဲ့ပြီး ဇူလိုင် ၂၆ရက်တွင်လည်း ထပ်မံငြင်းခဲ့ပြန်သည်။ သို့သော် ဇူလိုင် ၂၆ ည ၁၁နာရီကျော်တွင် ရမခ ၏တပ်စခန်းများ၌ MNDAA တပ်ဖွဲ့ဝင်များရိုက်ကူးထားသည့် ဓာတ်ပုံများကို မြောက်ပိုင်း ညီ နောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ခြင်းလိုက်ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကိုးကန့်တပ်မတော်(MNDAA) တပ်ဖွဲ့ဝင်တွေအနေနဲ့ ပေါ့ဆမနေဘဲ အထူးဒေသကို သစ္စာရှိရှိကာကွယ်စောင့်ရှောက်ကြဖို့ MNDAA စစ်ရေးဆိုင်ရာအရာရှိက တိုက်တွန်းလိုက်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ စက်တင်ဘာ ၁၃ရက်ညနေကနေ ညပိုင်းအထိ စစ်တပ်က ကင်းထောက်လေယာဉ် အနိမ့်ပျံသန်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီနေ့ စက်တင်ဘာလ ၉ရက် ညနေ ၆နာရီခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ အဆိုပါ မြို့ခံတွေက ပြောပါတယ်။

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။