Connect with us

Hi, what are you looking for?

သတင်း

လားရှိုးထောင်မှ တအာင်းလူမျိုးအကျဉ်းသား ၁၂၀ခန့်ကို MNDAA က TNLA ထံ လွှဲပြောင်း

ကျန်နေသေးသည့် တအာင်းနိုင်ကျဉ်းများ မိသားစုထံ ပြန်လည်ရောက်ရှိရေး ဆက်ညှိနှိုင်းနေဟု TNLAထုတ်ပြန်

တအာင်းလူမျိုးအကျဉ်းသား ၁၂၀ခန့်ကို MNDAAက TNLAထံ လွှဲပြောင်းပေးနေစဥ်။ ဓာတ်ပုံ - TNLA

ထားမြတ်/People’s Spring

လားရှိုးအကျဉ်းထောင်အား ညီနောင် သုံးဖွဲ့မှ ထိန်းသိမ်းနိုင်ပြီးနောက် ကိုးကန့်တပ်မတော် (MNTJP/MNDAA)မှ တအာင်းလူမျိုး အကျဉ်းသား ၁၁၈ဦးကို လွှဲပြောင်း ပေးအပ်လာကြောင်း တအာင်းတပ်မတော်(TNLA)က ထုတ်ပြန်သည်။

ညီနောင်မဟာမိတ် သုံးဖွဲ့မှ ကိုးကန့်တပ်မတော် MNDAA ဦးဆောင်၍ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့်အတူ လားရှိုးမြို့ရှိ စစ်အာဏာရှင်စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တယားအား ဖယ်ရှားတိုက်ဖျက်ရေးတိုက်ပွဲဆင်နွှဲရာ ဇူလိုင် ၂၄ရက်တွင် လားရှိုးအကျဉ်းထောင်အား သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

လွှဲအပ်ပေးသည့်အကျဉ်းသား ၁၁၈ဦးတွင် မတရားအသင်းနှင့် ဆက်သွယ်သည့်ပုဒ်မ ၁၇/၁ဖြင့် တရားစွဲခံရသူအကျဉ်းသား (၅)ဦး၊ မသင်္ကာမှုဖြင့် ၁၅ဦး၊ လောင်းကစားမှုဖြင့် တစ်ဦး၊ အရေးပေါ်ထုတ်ပြန်သည့်အမိန့် Martial Law ဥပဒေဖြင့် သုံးဦး၊ ရဲပြေးမှုနှင့် လဝက အမှု လေးဦး၊ ဓါးပြတိုက်မှု နှစ်ဦး၊ ရဲစီးမှု တစ်ဦး၊ လူကုန်ကူးမှု (၂)ဦး၊ မူးယစ်မှု ၈၆ဦးတို့ ပါဝင်ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အဆိုပါ အကျဉ်းသားများကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်ရေးဌာနမှ လက်ခံနေရာချမှတ်ပေးထားသည်ဟု ဆိုသည်။

ထို့နောက် ၎င်းတို့၏ သက်ဆိုင်ရာအမှုအသီးသီးကို ပြန်လည်စိစစ်ကာ ပြန်လွှတ်ပေးခြင်း၊ ပြစ်မှုဆိုင်ရာ ပြန်လည်အရေးယူခြင်းစသည့်လုပ်ငန်းစဉ်များ စီစဉ်ဆောင်ရွက်လျက် ရှိသည်ဟု အသိပေးသည်။

ထို့အပြင် လားရှိုးအကျဉ်းထောင်မှ လွတ်မြောက်ပြီးဖြစ်သော်လည်း သက်ဆိုင်ရာမိသားစုထံနှင့် TNLAထံ မရောက်ရှိသေးသည့် တအာင်းနိုင်ငံအကျဥ်းသားများကိုလည်း မိသားစုထံပြန်လည် ရောက်ရှိနိုင်ရေးအတွက် ကိုးကန့်တပ်ဖွဲ့ MNDAAနှင့် ဆက်လက်ညှိနှိုင်းနေသည်ဟု TNLAက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ကိုးကန့်တပ်မတော်(MNDAA) တပ်ဖွဲ့ဝင်တွေအနေနဲ့ ပေါ့ဆမနေဘဲ အထူးဒေသကို သစ္စာရှိရှိကာကွယ်စောင့်ရှောက်ကြဖို့ MNDAA စစ်ရေးဆိုင်ရာအရာရှိက တိုက်တွန်းလိုက်ပါတယ်။

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

သတင်း

စစ်တပ်ရဲ့တပ်ရင်း​ပေါင်း၂၀ကိုအ​ကောင်းဆုံးခုခံတိုက်ခိုက်ပြီးတစ်လအတွင်းလက်နက် ၅၀​ကျော်သိမ်း၊အရာရှိအပါအဝင်စစ်သားများစွာ​သေဆုံး

ဆောင်းပါး

နေပြည်တော်ကလာတဲ့ အမိန့်ကို ဂရုမစိုက်တတ်တဲ့၁၀၂၇စစ်ဆင်ရေးဖိုက်တာMNDAAက ရှမ်းမြောက်မှာ စစ်တပ်နဲ့ အုပ်ချုပ်ရေးအာဏာပြိုင်ပွဲကို အသံတိတ်စစ်မျက်နှာဖွင့်လှစ်လိုက်ပါတယ်။