Connect with us

Hi, what are you looking for?

သတင်း

သီပေါမြို့ပေါ်မှဆုတ်ခွာသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များလက်နက်ချရန် ပူးပေါင်းတပ်ဖွဲ့ကမ်းလှမ်း၊ စစ်တပ်ရဲများကို ပူးပေါင်းတပ်များပိတ်ဆို့ထား

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့ထဲရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ မြို့ပြင်ဘက်ရှိတပ်ရင်းထဲသို့ ဆုတ်ခွာသွားပြီး မြို့မထိခိုက်စေရေးအတွက် လက်နက်ချရန် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ကမ်းလှမ်းညှိနှိုင်းနေကြောင်း သတင်းရရှိသည်။

TNLA တပ်ဖွဲ့ဝင်အချို့ကို ရှေ့တန်းနှင့် သိမ်းပိုက်ခဲ့သော ကျောက်မဲမြို့တွင်းတို့၌ တွေ့ရစဉ်။ ပုံဟောင်းကို အသုံးပြုထားသည်။

မိထက်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့ထဲရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ မြို့ပြင်ဘက်ရှိတပ်ရင်းထဲသို့ ဆုတ်ခွာသွားပြီး မြို့မထိခိုက်စေရေးအတွက် လက်နက်ချရန် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ကမ်းလှမ်းညှိနှိုင်းနေကြောင်း သတင်းရရှိသည်။

“စစ်တပ်က ခလရ(၂၃)ရယ် ခမရ ၅၀၃၊ ၅၀၄ ထဲကို ဝင်သွားတယ်။ မဟာမိတ်တွေက ဝိုင်းပတ် ပိတ်ဆို့ထားတယ်။ လက်နက်ချဖို့ ဒီဖက်က ညှိတယ်။ စစ်တပ်က ဆုတ်ခွာခွင့်တောင်းထားတယ်လို့ သိရတယ်” ဟု သီပေါမြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

သီပေါမြို့မှ ရဲစခန်း၊ ထွေအုပ်ရုံးအပါအဝင်စစ်ကောင်စီစခန်းများကို ယနေ့ နံနက်အစောပိုင်းမှစ၍ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် မဟာမိတ်များက စစ်ကောင်စီစခန်းများကိုတိုက်ခိုက်ခြင်းဖြစ်သည်။ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားခြင်းဟု သိရသည်။

“မြို့ပေါ်မှာ မရှိတော့လို့ စိတ်နည်းနည်းအေးတယ်။ ဝိုင်းပိတ်ခံထားရတဲ့ စစ်ကောင်စီတပ်လည်း လက်နက်ချစေချင်တယ်။ မချရင်တော့ အသက်ပေးရမှာပဲ” ဟု ဒေသခံတစ်ဦးကပြောသည်။

TNLA တပ်ဖွဲ့ဝင်အချို့ကို ရှေ့တန်းနှင့် သိမ်းပိုက်ခဲ့သော ကျောက်မဲမြို့တွင်းတို့၌ တွေ့ရစဉ်။ ပုံဟောင်းကို အသုံးပြုထားသည်။

နေ့လယ်ပိုင်းက တိုက်ပွဲတွင် သီပေါထောင်လည်း ပွင့်သွားပြီး အကျဉ်းသားအချို့လွတ်မြောက်ခဲ့သည်ဟုသိရသည်။ ထောင်ပွင့်သွားသည်ကို အတည်ပြုနိုင်သော်လည်း အကျဉ်းသားများနှင့်ပတ်သက်၍ အသေးစိတ်အတည်မပြုနိုင်သေးပေ။

ယနေ့ညနေပိုင်း၌ မြေပြင်တိုက်ပွဲမဖြစ်ပွားသော်လည်း စစ်ကောင်စီကလေကြောင်းမှ ကင်းထောက်နေကြောင်းသတင်းရရှိသည်။ မြို့အပြင်ဘက်ကျေးရွာအချို့မှ ဒေသခံများကို မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ယာယီတိမ်းရှောင်ခိုင်းထားသည်။

သီပေါမြို့သည် ကိုးကန့်တပ်မတော်(MNDAA)ထိန်းချုပ်ထားသည့်လားရှိုးမြို့နှင့် TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့ကြား၌တည်ရှိသည်။

(TNLA တပ်ဖွဲ့ဝင်အချို့ကို ရှေ့တန်းနှင့် သိမ်းပိုက်ခဲ့သော ကျောက်မဲမြို့တွင်းတို့၌ တွေ့ရစဉ်။ ပုံဟောင်းကို အသုံးပြုထားသည်။)

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေထံ အလင်းဝင်တာ၊ လက်နက်ချတာတွေ ဆက်လက်ရှိနေပြီး စက်တင်ဘာပထမပတ်အတွင်းမှာ အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စစ်သားနဲ့ ရဲ၊ ပြည်သူ့စစ် စုစုပေါင်း ၁၂၈ဦး ရှိဟု ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်ရဲ့တပ်ရင်း​ပေါင်း၂၀ကိုအ​ကောင်းဆုံးခုခံတိုက်ခိုက်ပြီးတစ်လအတွင်းလက်နက် ၅၀​ကျော်သိမ်း၊အရာရှိအပါအဝင်စစ်သားများစွာ​သေဆုံး

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်