Connect with us

Hi, what are you looking for?

သတင်း

လားရှိုးတိုက်ပွဲအစ လက်နက်ချခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ဦးကို MNDAAက ကျပ် ၁၀သိန်းစီ ဆုပေး

ကျန်နေသည့် စစ်ကောင်စီတပ်သားများ အလင်းဝင်လာရေး လက်ဆင့်ကမ်းပြောပေးရန် MNDAA တပ်မှူးပြော

လားရှိုးတိုက်ပွဲအစ လက်နက်ချခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ဦးကို MNDAAက ကျပ် ၁၀သိန်းစီ ဆုပေးအပ်နေစဉ်။ ဓာတ်ပုံ - File Photo

ဟန်နွေ/People’s Spring

ဆန္ဒအလောက် လက်နက်ချအလင်းဝင်ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ဦးကို တစ်ဦးလျင် ကျပ် ၁၀သိန်းစီ ဆုငွေပေးအပ်ခဲ့ကြောင်း ကိုးကန့်တပ်မတော်(MNDAA)က သတင်းထုတ်ပြန်သည်။

လားရှိုးလွတ်မြောက်ရေး လှုပ်ရှားမှုစတင်ပြီးနောက် MNDAA နိုင်ငံရေးဌာနသည် လက်နက်ချအလင်းဝင်သူများအား ဆုချီးမြှင့်ရေးမူဝါဒကို ထုတ်ပြန်ခဲ့ကြောင်း၊ စစ်ပွဲများ ဆက်လက်ဖြစ်ပွားလာသည်နှင့်အမျှ မင်းအောင်လှိုင်၏ အာဏာသိမ်းအဖွဲ့ဝင်များသည် အခြေအနေကို ပိုမိုသိရှိနားလည်လာ၍ မဟာမိတ်တပ်ထံ လက်နက်ချအလင်းဝင်ရန် အစပြုကာ ဆုကြေးများ ရရှိခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

သြဂုတ်လ ၁၃ ရက်တွင် သက်ဆိုင်ရာမူဝါဒများနှင့်အညီ မဟာမိတ်တပ်၏ နိုင်ငံရေးဌာန အလုပ်အဖွဲ့မှ မိမိဆန္ဒအလျောက် လက်နက်ချအလင်းဝင်ခဲ့သော မင်းအောင်လှိုင်၏ အာဏာသိမ်းတပ်သားတစ်စုအား ဆုချီးမြှင့်ခဲ့သည်ဟု အသိပေးကာ ဆုငွေပေးအပ်မှု ရုပ်သံကို ဖော်ပြသည်။

အလင်းဝင်လာသူများကို တစ်ဦးလျင် ကျပ် ၁၀သိန်းစီပေးအပ်ကြောင်း၊ လက်နက်ပါလာပြီး အလင်းဝင်ပါက ၁၅သိန်းဆုပေးပြီး ဗိုလ်ကြီးများဆိုပါက ကျပ်သိန်း ၂၀ပေးမည်ဖြစ်ကြောင်း ၊ ဗိုလ်ကြီးများ လက်နက်အပါအဝင် အလင်းဝင်ပါက ၂၅ သိန်းပေးမည်ဖြစ်ကြောင်း MNDAA တပ်မှူးက တရုတ်ဘာသာဖြင့် ပြောကြားချက်ကို အခြားတပ်ဖွဲ့ဝင်တစ်ဦးက ဘာသာပြန်ရှင်းပြသည်ကို ရုပ်သံ၌ ကြားရသည်။

” အလင်းဝင်တဲ့သူတွေ ဒီလိုမျိုး အကုန်လုံး တစ်ယောက်နဲ့ တစ်ယောက် ပြောပေးအုံးနော်။အများအားဖြင့် ကျနော်တို့ မင်းအောင်လှိုင်ကနော်တို့ တိုက်မယ်ပေါ့။ အများဖြင့် အလင်းဝင်ဖို့ ကျနော်တို့ ကောင်းကျိုးတွေ ပေးတယ်။ ကျနော် တို့ ဘာမှ မလုပ်ပါဘူးနော်”ဟုလည်း MNDAA တပ်မှူးက ပြောသည်။

မင်းအောင်လှိုင်၏ အာဏာသိမ်းတပ်သား ခုနစ်ဦးသည် လားရှိုးတိုက်ပွဲ အစောပိုင်းအဆင့်တွင် မဟာမိတ်တပ်ထံ လက်နက်ချရန် အစပြုခဲ့ခြင်းဖြစ်သော်လည်း အဆိုပါ ကာလက တိုက်ပွဲပြင်းထန်ခဲ့၍ လက်နက်ချသူ ၇ဦးအား နောက်တန်း၌ နေရစ်စေခဲ့ကြောင်း၊ မကြာသေးမီက အဆိုပါ ၇ဦးကို MNDAA နိုင်ငံရေးဌာန အလုပ်အဖွဲ့မှ ၎င်းတို့အား ပြန်လည်နေရာချထားနိုင်ခဲ့ပြီး ဆုကြေးများ ချီးမြှင့်ပေးခဲ့သည်ဟု အသိပေးသည်။

လက်နက်ချအလင်းဝင်သူ ခုနစ်ဦး၏ ကိုယ်ပိုင်ဆန္ဒအရ အာဏာသိမ်းစစ်တပ်မှ စစ်မြေပြင်သို့ အတင်းအကြပ် စုဆောင်းကာ စစ်မြေပြင်သို့ ပို့ဆောင်ခြင်းမျိုး မဖြစ်စေရန်အတွက် အထူးအုပ်ချုပ်ရေးဒေသ(၁) နယ်မြေအတွင်း ဆက်လက်နေထိုင်သွားစေမည်ဟု အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံမှာ ​သေဒဏ်​ပေးခံရတဲ့ကိုးကန့်ခေါင်းဆောင်ဟောင်းပယ်ဆောက်ချိန်နဲ့ မိသားစုတွေပိုင်ဆိုင်ခဲ့တဲ့ လောက်ကိုင်မြို့က အဆောက်အအုံတွေနဲ့ အိမ်ရာတွေကို MNDAA က ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲဝင် တပ်ဖွဲ့ဝင်တွေ၊ကျဆုံးရဲ​ဘော်​တွေရဲမိသားစုဝင်​တွေကိုမဲနှိုက်ပြီးခွဲဝေပေးနေပါတယ်။

သတင်း

စစ်တပ်ထိန်းချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်း၊လားရှိုးမြို့ပေါ်မှာမူးယစ်ဆေးကြောင်နေသူက ဒေသခံတွေကိုသေနတ်နဲ့ ခြိမ်းခြောက်လို့ ဝိုင်းဖမ်းပြီး ရဲလက်အပ်လိုက်ရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ပေါ်မှာလူတစုက စတိုးဆိုင်တစ်ဆိုင်ကိုဓါးပြတိုက်ပြီး ဆိုင်ရှင်အမျိုးသမီးနှစ်ဦးကိုပါ သတ်ဖြတ်သွားပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က အရာရှိတွေအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား ဇွန်လအတွင်းမှာ ထိခိုက်သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။