Connect with us

Hi, what are you looking for?

သတင်း

လားရှိုးမြို့ မကြာမီ လျှပ်စစ်မီးပေးနိုင်မည်ဟု MNDAA အသိပေး

စစ်ပွဲအပြီး ပြည်သူများ၏စားဝတ်နေရေး ပြန်လည်ကောင်းမွန်လာစေရန် အထူးဒေသ ရေအားလျှပ်စစ်ကုမ္ပဏီမှ လားရှိုးမြို့၌ ဓာတ်အားပေးဝေမှုစနစ်အား ပြုပြင်လျက်ရှိကြောင်း ကိုးကန့်တပ်မတော်(MNDAA)က ယမန်နေ့တွင် အသိပေးထုတ်ပြန်သည်။

လားရှိုးမြို့ ဈေးအတွင်း တွေ့ရသော မြို့ခံများ။ ဓာတ်ပုံ - MNDAA

ဟန်နွေ/People’s Spring

စစ်ပွဲအပြီး ပြည်သူများ၏စားဝတ်နေရေး ပြန်လည်ကောင်းမွန်လာစေရန် အထူးဒေသ ရေအားလျှပ်စစ်ကုမ္ပဏီမှ လားရှိုးမြို့၌ ဓာတ်အားပေးဝေမှုစနစ်အား ပြုပြင်လျက်ရှိကြောင်း ကိုးကန့်တပ်မတော်(MNDAA)က ယမန်နေ့တွင် အသိပေးထုတ်ပြန်သည်။

MNDAAက လားရှိုးမြို့ကို ဩဂုတ်လဆန်း၌ သိမ်းပိုက်ခဲ့ပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ စစ်ဒဏ် ကြောင့်ပြတ်တောက်နေသည့် လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိရေးမှာ ထိပ်တန်းဦးစားပေး လုပ်ငန်းတစ်ခုဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

လားရှိုးမြို့ ဈေးအတွင်း တွေ့ရသော မြို့ခံများ။ ဓာတ်ပုံ – MNDAA

လတ်တလောတွင် လားရှိုးမြို့ လျှပ်စစ်ဓာတ်အား အမြန်ဆုံးပြန်လည်ရရှိရေးနှင့် လားရှိုးမြို့ ပြည်သူများ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်နှင့် ကိုက်ညီစေရန်အတွက် အထူးဒေသ(၁) ရေနှင့်လျှပ်စစ်ကုမ္ပဏီမှ ဝန်ထမ်း ၁၀ဦးအား လားရှိုးမြို့မှ ဒေသခံဝန်ထမ်းများနှင့် လားရှိုးမြို့တွင် 33KV ပင်မလိုင်းအား ပြုပြင်ရန် ပူးပေါင်းဆောင်ရွက်နေကြောင်း အသိပေးသည်။

ထို့အပြင် အိုမင်းနေသည့် တိုင်များ၊ ပျက်စီးသွားသော တိုင်များကို အစားထိုးပြီး ဗို့အားမြင့်လိုင်းများ ပြန်လည်သွယ်တန်းပေးမည်ဖြစ်ကာ သက်ဆိုင်ရာ လုပ်ငန်းများကို ရက်အနည်းငယ်အတွင်း ပြီးစီးနိုင်မည် ဟုဆိုသည်။

လျှပ်စစ်ဓာတ်အားရရှိရေး အပြည့်အဝအာမခံရန်အတွက် ရေအားလျှပ်စစ်ကုမ္ပဏီမှ အနည်အနှစ်စွန့်ထုတ်မှု၊ ရေလမ်းကြောင်းသန့်ရှင်းရေးနှင့် နန်မဲချောင်း အဆင့် (၂)ရေအားလျှပ်စစ်စခန်းအတွက် တာဘိုင်စမ်းသပ်လည်ပတ်ခြင်းစသည့် ပဏာမပြင်ဆင်မှုများကို ဆောင်ရွက်သွားမည်ဟုလည်း အသိပေးထားသည်။

အထူးဒေသ ရေအားလျှပ်စစ်ကုမ္ပဏီမှ ဓာတ်အားလိုင်းများ ပြုပြင်ခြင်းပြီးစီးပါက မကြာမီ လားရှိုးမြို့ လျှပ်စစ်ဓာတ်အားပြန်လည်ရရှိမည်ဟုဆိုသည်။

လျှပ်စစ်မီး မရမီကာလအတွင်းမှာ လားရှိုးမြို့ပြည်သူများအနေဖြင့် နေအိမ်ရှိဓာတ်ကြိုးများ နှင့် Circuit Breakerများကို စစ်ဆေးပြီးပြင်ဆင်သင့်သည်ဟုလည်း အကြံပြုထားသည်။

လားရှိုးမြို့ ဈေးအတွင်း တွေ့ရသော မြို့ခံများ။ ဓာတ်ပုံ – MNDAA

ပြတ်တောက်နေသည့် ဝါယာကြိုးများကဲ့သို့သော ပြဿနာများရှိပါက လျှပ်စစ်ဖွင့်ပြီးနောက် မလိုလားအပ်သော မတော်တဆမှုများ မဖြစ်စေရန် အစားထိုး ပြင်ဆင်မှုများလုပ်သင့်ကြောင်း MNDAAက ထုတ်ပြန်ခဲ့သည်။

MNDAAအနေဖြင့် လားရှိုးမြို့သိမ်းပြီးနောက် မြို့ သန့်ရှင်းရေး၊ ကျန်းမာရေးဝန်ဆောင်မှု၊ လုံခြုံရေးဆိုင်ရာများ ကို ဦးစားပေးလုပ်ဆောင်လျက်ရှိကြောင်း အသိပေးထားသည်။

ထို့အပြင် လားရှိုးမြို့ခံများ နေရပ်ပြန်လာရန် ဖိတ်ခေါ်ထားပြီး လားရှိုးမြို့ ပြန်လည်ထူထောင် ရေးလုပ်ငန်းများ၌ ပူးပေါင်းပါဝင်ကြရန် ဖိတ်ခေါ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံမှာ ​သေဒဏ်​ပေးခံရတဲ့ကိုးကန့်ခေါင်းဆောင်ဟောင်းပယ်ဆောက်ချိန်နဲ့ မိသားစုတွေပိုင်ဆိုင်ခဲ့တဲ့ လောက်ကိုင်မြို့က အဆောက်အအုံတွေနဲ့ အိမ်ရာတွေကို MNDAA က ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲဝင် တပ်ဖွဲ့ဝင်တွေ၊ကျဆုံးရဲ​ဘော်​တွေရဲမိသားစုဝင်​တွေကိုမဲနှိုက်ပြီးခွဲဝေပေးနေပါတယ်။

သတင်း

စစ်တပ်ထိန်းချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်း၊လားရှိုးမြို့ပေါ်မှာမူးယစ်ဆေးကြောင်နေသူက ဒေသခံတွေကိုသေနတ်နဲ့ ခြိမ်းခြောက်လို့ ဝိုင်းဖမ်းပြီး ရဲလက်အပ်လိုက်ရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ပေါ်မှာလူတစုက စတိုးဆိုင်တစ်ဆိုင်ကိုဓါးပြတိုက်ပြီး ဆိုင်ရှင်အမျိုးသမီးနှစ်ဦးကိုပါ သတ်ဖြတ်သွားပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် နဲ့ MNDAAတို့ လားရှိုးမြို့မှာ ယနေ့ တွေ့ဆုံ ဆွေးနွေးခဲ့သလို စစ်သုံ့ပန်း ၁၀၀ ခန့်ကိုလည်း MNDAAက ပြန်လွှဲပေးလိုက်တယ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်းကသတင်းရင်းမြစ်အချို့က​ပြောပါတယ်။