Connect with us

Hi, what are you looking for?

သတင်း

ပြန်လည်ပူးပေါင်းလာသည့် ဆင်ကျော့ ပြည်သူ့စစ်ရဲဘော်များကို ကျပ် သိန်း ၄၀၀ ကျော်ပေးအပ်ခဲ့ဟု SSPP/SSAထုတ်ပြန်

ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA) တပ်ဖွဲ့ထံ ပြန်လည် ရောက်ရှိလာသည့် ဆင်ကျော့ဌာနေ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား ဆုငွေ ကျပ်သိန်း ၄၀၀ ကျော် ပေးအပ်ခဲ့ကြောင်း SSPPက သတင်းထုတ်ပြန်သည်။

(ဆင်​ကျော့ပြည်သူ့စစ်မှ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA) တပ်အဖြစ် ပြန်လည်ကူး​ပြောင်းလာ​သောတပ်ဖွဲ့ကိုကြိုဆိုသည့်အခမ်းအနားပြုလုပ်စဥ်။ဓါတ်ပုံ- SSPP)

ဟန်နွေ/People’s Spring

ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA) တပ်ဖွဲ့ထံ ပြန်လည် ရောက်ရှိလာသည့် ဆင်ကျော့ဌာနေ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား ဆုငွေ ကျပ်သိန်း ၄၀၀ ကျော် ပေးအပ်ခဲ့ကြောင်း SSPPက သတင်းထုတ်ပြန်သည်။

ဆင်ကျော့ ဌာနေပြည်သူ့စစ်တပ်ဖွဲ့သည် ၂၀၁၀ ခုနှစ်တွင် စစ်ကောင်စီ၏ ဖိအားပေးမူကြောင့် မလွဲမ ရှောင်သာဘဲ SSA မှ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းခဲ့ရသည့် တပ်ဖွဲ့ဖြစ်သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

မူရင်းတပ်ဖွဲ့ထံ တာဝန်ထမ်းဆောင်ရန် ပြန်လည် ရောက်ရှိလာကြသည့် ဆင်ကျော့ဌာနေ ပြည်သူ့စစ်များအား ဝမ်းမြောက်ကြိုဆိုသည့် အခမ်းအနားကိုစက်တင်ဘာလ ၅ ရက် နံနက်ပိုင်း၌ SSPP ဌာနချုပ်ဝမ်ဟိုင်း၌ ကျင်းပခဲ့ကြောင်းအသိပေးသည်။

အခမ်းအနားတွင် SSPP/SSA နာယက (၁) ဗိုလ်ချုပ်ကြီးဆေထင်တက်ရောက်အမှာစကားပြောကြားခဲ့ပြီး ၊ဆင်ကျော့ပြည်သူ့စစ် ဥက္ကဌ ဗိုလ်ချုပ်ကြီး လွယ်မောဝ်းကလည်း အခြေအနေအမျိုးမျိုးကြောင့် SSA တပ်မဟာ (၃) မှ ဆင်ကျော့ ပြည်သူ့စစ်အ ဖြစ် ပြောင်းလဲရခြင်း အကြောင်း ပြောကြားခဲ့သည်ဟုဆိုသည်။

ယခုအချိန်မှစ၍ ဆင်​ကျော့ဌာနေ ပြည်သူ့စစ်မှ ရှမ်းပြည်တိုးတက်ရေးပါတီ ၊ ရှမ်းပြည်တပ်မ တော်အဖြစ်သတ်မှတ်အတည် ပြုလိုက်ပြီဖြစ်ကြောင်းလည်း ဗိုလ်ချုပ်ကြီးလွယ်မောဝ်းက ပြောသည်။

SSPP၏ ထုတ်ပြန်ချက်တွင် လာရောက်ပူးပေါင်းသည့် ပြည်သူ့စစ်အင်အား ကို ဖော်ပြထားခြင်းမရှိပေ။ ရှမ်းစစ်​ရေးသတင်းရင်းမြစ်တစ်ဦးကမူ SSPPထံ ပူးပေါင်းလာသည့် ပြည်သူ့စစ်အင်အား ရာဂဏန်းအကြီးပိုင်းရှိသည်ဟုသိရကြောင်း ပြောသည်။

“သူတို့က အရင်တုန်းက တပ်မဟာ သုံးခုရှိတယ်။ ၁၊ ၃၊ ၇ပေါ့။ ၂၀၁၀ ဧပြီလမှာ ပြည်သူ့စစ်လုပ်မယ် မလုပ်ဘူးဆိုတာနဲ့ပတ်သက်ပြီး အဖွဲ့တွေ ကွဲသွားတယ်။ တပ်မဟာ ၃နဲ့ ၇က ပြည်သူ့စစ်လုပ်တယ်။ ၁ ကတော့ SSPPဆိုပြီး ပြန်ပြီး ရပ်တည်တယ်။ အခု ၁၀၂၇ မှာ သူတို့ ပြန်ပြီး စိတ်ပြောင်းသွားတယ်နဲ့တူတယ်။ ၃အောက်မှာရှိတဲ့ တပ်ရင်းတွေရယ် နောက် သူတို့ရဲ့ ဌာနချုပ်စခန်း စိန်ကျော့ပေါ့နော် မိခင်ဌာနချုပ်စခန်းမှာရှိတဲ့ တပ်ဖွဲ့ဝင်တွေရယ် အဲဒီ နှစ်ဌာန ပေါင်းပြီးတော့မှ SSPP အဖြစ်ပြန်ခံယူသွားတယ်။” ဟုရှမ်းသတင်းရင်းမြစ်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်ရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းတစ်ခုကို ဝင်ရောက်ဖမ်းဆီးခဲ့ရာ တရားမဝင်တရုတ်နိုင်ငံသားအချို့ နှင့် ငွေလိမ်လုပ်ငန်း ဆက်စပ်ပစ္စည်းများအား ဖမ်းဆီးရမိခဲ့ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် (SSPP/SSA)က ယနေ့ (မတ်လ ၂၄ရက်) သတင်းထုတ်ပြန်သည်။