Connect with us

Hi, what are you looking for?

သတင်း

မိုင်းရှူးရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းတစ်ခုကို SSPP စီးနင်းပြီး တရုတ်နိုင်ငံသားအချို့ ဖမ်းဆီး

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်ရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းတစ်ခုကို ဝင်ရောက်ဖမ်းဆီးခဲ့ရာ တရားမဝင်တရုတ်နိုင်ငံသားအချို့ နှင့် ငွေလိမ်လုပ်ငန်း ဆက်စပ်ပစ္စည်းများအား ဖမ်းဆီးရမိခဲ့ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် (SSPP/SSA)က ယနေ့ (မတ်လ ၂၄ရက်) သတင်းထုတ်ပြန်သည်။

မိုင်းရှူးမြို့နယ်ရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းတစ်ခုကို ဝင်ရောက်စီးနင်းပြီးနောက် တရားမဝင်တရုတ်နိုင်ငံသားအချို့ ဖမ်းဆီးထားစဉ်။ ဓာတ်ပုံ - SSPP

ဟန်နွေ/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်ရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းတစ်ခုကို ဝင်ရောက်ဖမ်းဆီးခဲ့ရာ တရားမဝင်တရုတ်နိုင်ငံသားအချို့ နှင့် ငွေလိမ်လုပ်ငန်း ဆက်စပ်ပစ္စည်းများအား ဖမ်းဆီးရမိခဲ့ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် (SSPP/SSA)က ယနေ့ (မတ်လ ၂၄ရက်) သတင်းထုတ်ပြန်သည်။

မိုင်းရှူးမြို့နယ် တောတွင်းတစ်နေရာတွင် တရားမဝင်ကျားဖြန့် ငွေလိမ်ဂိုဏ်းတစ်စု ရောက်ရှိနေကြောင်း သတင်းရ၍ မတ်လ ၂၃ရက်တွင် ဝင်ရောက်ဖမ်းဆီးခဲ့ရာ တရားမဝင် တရုတ်နိုင်ငံသား အချို့ နှင့် ဆက်စပ်ပစ္စည်းများဖြစ်သည့် ဖုန်းမျိုးစုံ ၊ I Pad ၊ကွန်ပျုတာမျိုးစုံအများအပြား ဖမ်းရခဲ့ဟု မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြသည်။

မိုင်းရှူးမြို့နယ်ရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းတစ်ခုကို ဝင်ရောက်စီးနင်းပြီးနောက် တရားမဝင်တရုတ်နိုင်ငံသားအချို့ ဖမ်းဆီးထားစဉ်။ ဓာတ်ပုံ – SSPP

ဖမ်းမိ တရုတ်နိုင်ငံသားများကို တရုတ်နိုင်ငံသို့ ပြန်လည်လွဲပြောင်းပေးမည်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

SSPPသည် ၂၀၂၃ အောက်တိုဘာကလည်း နမ့်ခမ်းမြို့နယ်အတွင်း ဖမ်းမိခဲ့သည့် တရုတ်နိုင်ငံသား ၈၈ဦးကို တရုတ်အစိုးရထံ လွှဲပြောင်းပေးအပ်ခဲ့ဖူးသည်။

ထိုစဉ်က တရုတ်နိုင်ငံသား ၈၈ဦး၊ မြန်မာ ၂၈ဦးကို ဆက်စပ်ပစ္စည်းများဖြင့် ဖမ်းမိခဲ့ခြင်းဖြစ်ပြီး မြန်မာများကို အမှုစစ်ဆေးအရေးယူမည်ဟု SSPPက ထုတ်ပြန်ခဲ့သည်။

ယခု မိုင်းရှူး၌ ကျားဖြန့်ငွေလိမ်ဂိုဏ်း ဖမ်းမိခဲ့မှုနှင့်ပတ်သက်ပြီး မေးမြန်းရန် SSPP ပြောရေးဆိုခွင့်ရှိသူ အချို့ထံ ယနေ့ ဆက်သွယ်ခဲ့ရာ အဆက်အသွယ်မရပေ။

SSPP/SSA အုပ်ချုပ်ရေးနယ်မြေအတွင်း၌ ကျားဖြန့်အွန်လိုင်း ငွေလိမ်ဂိုဏ်းများကို အဖွဲ့လိုက်ဖြစ်စေ တစ်ဦးချင်းစီဖြစ်စေ လက်ခံထားရှိခြင်းမပြုရန်အဖွဲ့၏ တပ်မှူး ၊ ဌာနမှူး အဆင့်ဆင့်နှင့် အုပ်ချုပ်ရေးတာဝန်ခံ အဆင့်ဆင့် အပါအဝင် မိဘပြည်သူများအားလုံးသို့ အမိန့်ထုတ်ပြန်ထားပြီးဖြစ်ကြောင်း SSPPက အသိပေးသည်။

အဆိုပါ အမိန့်ကို ၂၀၂၄ မေလက ထုတ်ပြန်ခဲ့ခြင်းဖြစ်ရာ ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများနှင့် ပါဝင်ပါတ်သက်ကြောင်းသိရှိပါက ထိရောက်စွာဖမ်း ဆီး အရေးယူသွားမည်ဟု ထပ်မံ သတိပေးခဲ့သည်။

SSPP ကဲ့သို့ပင် ကိုးကန့်၊ ၀ တပ်ဖွဲ့များကလည်း ကျားဖြန့်ငွေလိမ်လုပ်ငန်းလုပ်ကိုင်သူများကို ဖမ်းဆီးကာ တရုတ်ဘက်သို့ လွှဲပြောင်းပေးခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့ကြောင်း ယင်းအဖွဲ့များက အသိပေးထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကင်ညာနိုင်ငံကနေ ပုရွက်ဆိတ် အကောင်ရေ ၂၀၀၀ ကျော်ကို မှောင်ခို ခိုးထုတ်ဖို့ ကြိုးစားခဲ့တဲ့ တရုတ် နိုင်ငံသား တစ်ဦးကို ကင်ညာ အာဏာပိုင်တွေက ဖမ်းဆီး ရမိခဲ့ပါတယ်။

သတင်း

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာအုပ်စု ဝမ်စယ်ကျေးရွာက ရှမ်းဒေသခံတွေကို ကိုးကန့်တပ်မတော်(MNDAA)က ဖမ်းဆီးထားတာနဲ့ပတ်သက်ပြီး ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)နဲ့ MNDAA တို့ ဒီကနေ့ ဖေဖော်ဝါရီ ၆ရက်မှာ ဆွေးနွေးဖို့ရှိတယ်လို့ ဒေသ သတင်းရင်းမြစ်အချို့နဲ့ SSPP က ပြောပါတယ်။

သတင်း

ထိုင်း - မြန်မာ နယ်စပ်မှာကျားဖြန့်လို့လူသိများတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်း ကြောင့် နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ KK Park စီမံကိန်းဝင်းထဲက ထွက်ပြေးလာတဲ့ တရုတ်နိုင်ငံသားအချို့ ဟာ ကရင့်နယ်ခြားစောင့်တပ် (BGF) ထိန်းချုပ်ထားတဲ့ မြဝတီမြို့နယ် ၊ ရွှေကုက္ကိုလ်မြို့သစ်ဆီ တိမ်းရှောင်နေကြတယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

နိုင်ငံတကာ

ပြည်တွင်းမှာ ရှိနေတဲ့ တရုတ်နိုင်ငံသားတွေရဲ့ လုံခြုံရေးကို ထိထိရောက်ရောက် အကာအကွယ်ပေးဖို့ အင်ဒိုနီးရှားကို တရုတ်က တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။