Connect with us

Hi, what are you looking for?

သတင်း

ရွှေတူးတာဆန္ဒပြလို့ ကိုးကန့်တပ်ဖမ်းထားတဲ့ လားရှိုးဒေသခံတွေကိစ္စ SSPP နဲ့ MNDAA ဒီနေ့ ဆွေးနွေးမယ်

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာအုပ်စု ဝမ်စယ်ကျေးရွာက ရှမ်းဒေသခံတွေကို ကိုးကန့်တပ်မတော်(MNDAA)က ဖမ်းဆီးထားတာနဲ့ပတ်သက်ပြီး ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)နဲ့ MNDAA တို့ ဒီကနေ့ ဖေဖော်ဝါရီ ၆ရက်မှာ ဆွေးနွေးဖို့ရှိတယ်လို့ ဒေသ သတင်းရင်းမြစ်အချို့နဲ့ SSPP က ပြောပါတယ်။

ဖေဖော်ဝါရီ-၆၊ ၂၀၂၆။ ထားမြတ်/People’s Spring

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာအုပ်စု ဝမ်စယ်ကျေးရွာက ရှမ်းဒေသခံတွေကို ကိုးကန့်တပ်မတော်(MNDAA)က ဖမ်းဆီးထားတာနဲ့ပတ်သက်ပြီး ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)နဲ့ MNDAA တို့ ဒီကနေ့ ဖေဖော်ဝါရီ ၆ရက်မှာ ဆွေးနွေးဖို့ရှိတယ်လို့ ဒေသ သတင်းရင်းမြစ်အချို့နဲ့ SSPP က ပြောပါတယ်။

MNDAAနဲ့ တရုတ်လုပ်ငန်းရှင်တွေက ရွှေတူးဖို့ လုပ်ဆောင်နေတာကို ဆန္ဒပြလို့ဆိုပြီး ဖေဖော်ဝါရီ ၁ရက်မှာ ဝမ်စယ်ဒေသခံ ၃၆ဦးကို MNDAAက ဖမ်းဆီးခဲ့ရာ ၉ဦး ပြန်လွှတ်ပေးဖို့ ကျန်နေတာဖြစ်ပါတယ်။

ဖမ်းဆီးခံထားရသူတွေ ပြန်လွှတ်ပေးဖို့ ရှမ်းအဖွဲ့အစည်းတွေက တိုက်တွန်းချက်ထုတ်ပြန်ထားသလို ဖမ်းဆီးခံရသူတွေ ရိုက်နှက်နှိပ်စက်ခံရလို့ အချို့ဟာ အသက်အန္တရာယ် စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ ကိစ္စနဲ့ပတ်သက်ပြီး SSPPကို ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူတဦးကလည်း MNDAAနဲ့ SSPP နှစ်ဖက်ကိုယ်စားလှယ်တွေ ဒီကနေ့ ဆွေးနွေးဖို့ရှိနေပြီး ရလဒ်ကို အသိပေးမယ်လို့ ပြောပြပါတယ်။

ရှမ်းကျောင်းသား လူငယ်အဖွဲ့တွေ အပါအဝင် ရှမ်းအရပ်ဘက်အဖွဲ့အစည်း ၁၁ဖွဲ့က ဒီကနေ့ ဖေဖော်ဝါရီ ၆ရက်မှာ MNDAA ရဲ့ လုပ်ရပ်နဲ့ပတ်သက်ပြီး ကြေညာချက်ထုတ်ပြန်ခဲ့ရာ မတရားဖမ်းထားတဲ့ဒေသခံ ၉ဦးကိုချွန်းချက်မရှိ ပြန်လွှတ်ပေးဖို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် SSPP/SSA အနေနဲ့လည်း ပြည်သူတွေကို အပြည့်အ၀ ကာကွယ်ပြီး ဒေသတွင်းရှိ လက်နက်ကိုင်တပ်ဖွဲ့အချင်းချင်းကြားညှိနှိုင်းထိန်းကျောင်းပေးဖို့လည်း ရှမ်းအဖွဲ့အစည်း ၁၁ဖွဲ့က တိုက်တွန်းထားပါတယ်။

MNDAA အနေနနဲ့ ရွှေတူးတာ အပြင် တရားမျှတမှုမရှိတဲ့ ဥပဒေမဲ့လုပ်ရပ်တွေ ရပ်တန့်ဖို့၊ အရပ်သားတွေကို ဖမ်းဆီးနှိပ်စက်၊လက်နက်နဲ့ ခြိမ်းခြောက် အကြမ်းဖက်မှုတွေ လုံး၀မလုပ်ဖို့၊ ထိခိုက်နစ်နာသူတွေကို ပြဿနာ ပြေလည်တဲ့အထိ တာဝန်ခံ ဖြေရှင်းပေးဖို့လည်း တိုက်တွန်းထားပါတယ်။ရှမ်းပြည်အတွင်း တိုင်းရင်းသားပြည်သူတွေရဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကို ထိခိုက်စေတဲ့စည်းဘောင်ကျော်လွန်ချိုးဖောက်နေမှုတွေကို ချက်ချင်းရပ်တန့်ဖို့လည်း ရှမ်းအဖွဲ့အစည်းတွေကတိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံမှာ ​သေဒဏ်​ပေးခံရတဲ့ကိုးကန့်ခေါင်းဆောင်ဟောင်းပယ်ဆောက်ချိန်နဲ့ မိသားစုတွေပိုင်ဆိုင်ခဲ့တဲ့ လောက်ကိုင်မြို့က အဆောက်အအုံတွေနဲ့ အိမ်ရာတွေကို MNDAA က ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲဝင် တပ်ဖွဲ့ဝင်တွေ၊ကျဆုံးရဲ​ဘော်​တွေရဲမိသားစုဝင်​တွေကိုမဲနှိုက်ပြီးခွဲဝေပေးနေပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် နဲ့ MNDAAတို့ လားရှိုးမြို့မှာ ယနေ့ တွေ့ဆုံ ဆွေးနွေးခဲ့သလို စစ်သုံ့ပန်း ၁၀၀ ခန့်ကိုလည်း MNDAAက ပြန်လွှဲပေးလိုက်တယ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်းကသတင်းရင်းမြစ်အချို့က​ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြိုနယ် မော်ဟန်ရွာနားက ကချင်လွတ်လပ်ရေးတပ်မတော်(KIA) စစ်ဆေးရေးဂိတ်ကို ကိုးကန့်တပ်(MNDAA)က ဇူလိုင် ၈ရက်ညနေပိုင်းမှာ အင်အားသုံးဖျက်ဆီးခဲ့ရာ အဲဒီ ဖြစ်စဉ်အပေါ် ကိုးကန့်တပ်က ပြန်တောင်းပန်ခဲ့ကြောင်း ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မော်ဟန်ရွာနားက ကချင်လွတ်လပ်ရေးတပ်မတော်(KIA) စစ်ဆေးရေးဂိတ်ကို ကိုးကန့် တပ်(MNDAA)က အင်အားသုံးပြီး လာရောက်ဖယ်ရှားဖျက်ဆီးခဲ့လို့ နှစ်ဖက် အချင်းများခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။