Connect with us

Hi, what are you looking for?

သတင်း

ရွှေပြည်သာ ၁၄ လမ်းဆုံရှိ ဘန်ကာအား ဖောက်ခွဲတိုက်ခိုက်၊ စစ်ကောင်စီတပ်သား သုံးဦးထိခိုက်ဟုဆို

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် ၁၄လမ်းဆုံရှိ စစ်ကောင်စီတပ်ဘန်ကာတစ်ခုကို ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း God’s Hand Forces (GHF)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရန်ကုန်မြို့တနေရာရှိ စစ်ကောင်စီတပ် ဘန်ကာတစ်ခုအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ကျော်ဇော/People’s Spring

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် ၁၄လမ်းဆုံရှိ စစ်ကောင်စီတပ်ဘန်ကာတစ်ခုကို ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း God’s Hand Forces (GHF)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယနေ့(စက်တင်ဘာ ၁၄ရက်)နံနက် ၇ နာရီ ၁၀ မိနစ်အချိန်က ၁၄လမ်းဆုံရှိ စစ်ကောင်စီတပ် ဘန်ကာကို ကားဖြင့်လာ၍ ဂျူတီချိန်းချိန်နေစဥ် ဖောက်ခွဲတိုက်ခိုက်ခဲ့​ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သားသုံးဦးထိခိုက်သွားကြောင်း စုံစမ်းသိရသည်။

Public Service Announcement

Public Service Announcement

“ထိထိမိမိတော့ ဖြစ်သွားတာ အသေအချာပါ။ သေဆုံးကတော့ အတည်ပြုလို့မရသေး ပါဘူးဗျ”ဟု God’s Hand Forces(GHF)မှ တာဝန်ရှိသူတစ်ဦးက People’s Springသို့ ပြောသည်။

စစ်ရေးတိုက်ခိုက်မှုလုပ်ဆောင်ခဲ့သည့် ဘန်ကာသည် နှစ်ထပ်ဘန်ကာတစ်ခုဖြစ်ပြီး ဖောက်ခွဲတိုက်ခိုက်ချိန်တွင် စစ်ကောင်စီတပ်သား ခုနစ်ဦးခန့်ရှိနေကြောင်း ၎င်းက ဆက်ပြောသည်။

မြို့ပြတွင် အာဏာသိမ်းစစ်ကောင်စီအနေနှင့် လုံးဝအုပ်ချုပ်ခွင့်မရ၊ စစ်ကောင်စီ၏ ထောက်တိုင် များကို ရိုက်ချိုးမည်ဟူသော ရည်ရွယ်ချက်နှင့် အညီ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Hand Forces(GHF)မှ အသိပေးသည်။

ယခုတိုက်ခိုက်မှုသည် “M 043 စစ်ဆင်ရေး”၏ တစ်စိတ်တစ်ဒေသဖြစ်ပြီး ဆဌမမြောက် ဖော်ဆောင်မှုဖြစ်ကြောင်းနှင့် အများပြည်သူအနေ ဖြင့် စစ်ကောင်စီနှင့် ပတ်သက်သော ထောက်တိုင်များ၊ လုပ်ငန်းဌာနများ၊ စစ်ကောင် စီ၏အထိုင်ကင်းများ လှည့်ကင်းများနှင့် ဝေးရာမှ ရှောင်ရှားသွားလာကြရန် မေတ္တာရပ်ခံအသိပေးထားသည်။

စက်တင်ဘာ ၇ ရက် ညပိုင်းကလည်း ရွှေပြည်သာမြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို BLACK TIGER UG TEAM ရဲဘော်များနှင့် ရွှေပြည်သာမြို့နယ် (ပကဖ)တို့ပူးပေါင်းပြီး အဝေးထိန်းမိုင်း နှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-စီးယင်း တပ်ဖွဲ့ထံအာဏာသိမ်းစစ်ကောင်စီတပ်က တပ်သား ၄ဦး လက်နက်နဲ့အတူ အလင်းဝင်လာကြောင်း CDF စီးယင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က တပ်သား ၂ဦး အလင်းဝင်လာကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)အမှတ်(၂)စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန ၊ဗျူဟာ(၂၂)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ရေးအခြေအနေတွေကြောင့် ဟားခါးမြို့အနီးဝန်းကျင်ရှိ တောတောင်များ၊ စစ်ရေးလှုပ်ရှားမှုဖြစ်ပွားနိုင်တဲ့ နေရာတွေနဲ့ လူသွားလာမှုနည်းပါးတဲ့ ဒေသတွေကို မလိုအပ်ဘဲ သွားလာခြင်းမပြုကြဖို့ ချင်းဒေသကာကွယ်ရေးတပ်(CDF)- ဟားခါးက ပြည်သူတွေကို မေတ္တာရပ်ခံလိုက်ပါတယ်။