Connect with us

Hi, what are you looking for?

သတင်း

ကျောက်ကြီးဒေသမှာ စစ်ကောင်စီတပ်သားတွေ အုပ်စုလိုက် KNU ထံ အလင်းဝင်

ကရင်အမျိုးသားအစည်းအရုံး(KNU)ညောင်လေးပင်ခရိုင်၊လယ်ဒို(ကျောက်ကြီး)မြို့နယ်မှာ စစ်ကောင်စီတပ်သား ၁၆ ဦး အလင်းဝင်လာကြောင်း KNUက ထုတ်ပြန်ပါတယ်။

(အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေ။ ဓာတ်ပုံ - KNU)

ဇွန်-၂၁၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU)ညောင်လေးပင်ခရိုင်၊လယ်ဒို(ကျောက်ကြီး)မြို့နယ်မှာ စစ်ကောင်စီတပ်သား ၁၆ ဦး အလင်းဝင်လာကြောင်း KNUက ထုတ်ပြန်ပါတယ်။

ဇွန်လ ၉ရက်နဲ့ ၁၅ ရက်မှာ စစ်ကောင်စီတပ်သားတွေ အဖွဲ့လိုက် အလင်းဝင်လာတာ ဖြစ်ကြောင်း အသိပေးထားပါတယ်။

ဇွန်လ ၉ရက် အလင်းဝင်လာသူတွေက ကော့သောင်းမြို့ ခလရ(၅၉၅)တပ်ရင်းက တပ်သား ၅ဦး ဖြစ်ပြီး ဇွန်လ ၁၅ရက်မှာတော့ ပေါက်ခေါင်းမြို့ ခမရ (၅၃)တပ်ရင်းက တပ်သား ၁၁ဦးဟာ KNU တပ်မဟာ(၃) နယ်မြေက ကရင်အမျိုးသားကာကွယ်ရေးတပ်မတော်(KNDO) တပ်ရင်း(၃)ထံ အလင်းဝင်ဘက်ပြောင်းလာတာလို့ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

အလင်းဝင်လာသူတွေမှာ လက်နက်ခဲယမ်း ပါမပါ ဖော်ပြမထားပါဘူး။အရင်ကလည်း စစ်ကောင်စီတပ်သားတွေ KNUထံ လက်နက်နဲ့အတူ အလင်းဝင်ရောက်မှု ဖြစ်စဉ်တွေရှိခဲ့ပါတယ်။

အလင်းဝင်ဘက်ပြောင်းခိုလှုံလာတဲ့ ပြည်သူ့စစ်မှုထမ်း တပ်သားတွေဟာ မိမိဆန္ဒမပါဘဲ အတင်းအဓမ္မစစ်မှုထမ်းစေခိုင်းခံရကာ ရှေ့တန်းနယ်မြေများသို့ ပို့ဆောင်ခံရသောတပ်သားများတယ်လို့ အသိပေးပါတယ်။

စစ်တပ်အတွင်း ဆန္ဒမပါဘဲ အတင်းအဓမ္မ ခိုင်းစေခံရတဲ့ တပ်သားတွေ နီးစပ်ရာ တော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းဖို့လည်း KNUက ထပ်မံ တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။