Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့နယ်တွင် ပျူခေါင်းဆောင်ဝါသဝ၏ တပည့်အပါအဝင် ပျူစောထီးနှစ်ဦးအား ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် ကန့်ဘလူမြို့နယ်မှ သင်္ကန်းဝတ်ပျူစောထီးခေါင်းဆောင် ဝါသဝ၏ တပည့်အပါအဝင် ပျူစောထီးနှစ်ဦးအား ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိကြောင်း မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က စက်တင်ဘာ ၁၇ ရက်တွင် သတင်းထုတ်ပြန်သည်။

ဖမ်းဆီးရမိသော ပျူနှစ်ဦးအား တွေ့ရစဥ်

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် ကန့်ဘလူမြို့နယ်မှ သင်္ကန်းဝတ်ပျူစောထီးခေါင်းဆောင် ဝါသဝ၏ တပည့်အပါအဝင် ပျူစောထီးနှစ်ဦးအား ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိကြောင်း မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က စက်တင်ဘာ ၁၇ ရက်တွင် သတင်းထုတ်ပြန်သည်။

မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)နှင့် ရပ်ကျေးပကဖများ ပူးပေါင်း၍ မြို့နယ်တွင်းတနေရာတွင် တောပုပျူစောထီးရွာမှ အောင်ဆန်းမြင့်ဆိုသူနှင့် ကန့်ဘလူမြို့နယ်မှ သင်္ကန်းဝတ်ပျူခေါင်းဆောင် ဝါသဝ၏တပည့် ဝင်းကိုဆိုသူတို့အား ဖမ်းဆီးရမိထားကြောင်း မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

“ဖမ်းမိထားတာတော့ သြဂုတ်လထဲကပါ။ လုံခြုံရေးအရ အခုမှအသိပေးတာပါ။”ဟု မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းတို့နှစ်ဦးထံမှ ဂျမ်ပါစက် တစ်လုံး၊ လက်ပစ်ဗုံး၊ကျည်ဆန်၊ကျည်ဘောက်အစရှိသည့် ဆက်စပ်ပစ္စည်းများကိုပါ သိမ်းဆည်းရမိခဲ့ကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။

ဖမ်းဆီးရမိသည့်ပျူစောထီးနှစ်ဦး၏ အသေးစိတ်အချက်အလက်များကိုမူ မုံရွာပလဖက အသိပေးထားခြင်း မရှိသေးပေ။

မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့သည် ပြီးခဲ့သည့် မေလအတွင်းကလည်း ပျူစောထီးများအား သင်တန်းပေးနေသည့် မုံရွာမြို့၊ အမှတ်(၉၂၉) မြေမြန်တပ်ရင်းမှ စစ်ကောင်စီဒုတပ်ကြပ် စန်းချစ်နိုင်ဆိုသူအား ဖမ်းဆီးရမိခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ လူတစ်စုက အိမ်ခြံမြေပွဲစားတစ်ဦးကို အိမ်လိုက်ပြခိုင်းပြီး ဓါးနဲ့ခုတ်သတ်သွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ စည်ပင်ဌာနက လမ်းဘေးစျေးသည်တွေကို ရှင်းလင်းရာမှာ လိုင်းကြေးမပေးနိုင်တဲ့ စျေးသည်တွေကို အဓိက ဖယ်ရှားနေကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့က ဒုရဲအုပ်လင််မယား ပစ်သတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။