Connect with us

Hi, what are you looking for?

သတင်း

MNDAA က​ တောင်ကြီးနှင့် မန္တ​လေးမြို့တို့ကိုမတိုက်၊ မိမိကိုယ်ကို ခုခံကာကွယ်ခွင့်ကိုမူ ဆက်လက်စွဲကိုင်သွားမည်ဟု ထုတ်ပြန်

NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရမပူးပေါင်းဟုဆို၊ တရုတ်နိုင်ငံနှင့်တက်တက်ကြွကြွ ပူးပေါင်း၍ ပဋိပက္ခများကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးသောလမ်းစဉ်ဖြင့် အဖြေရှာဖြေရှင်းသွားမည်ဟုဆိုပြန်

ယောနသံ/People’s Spring

MNDAA ကမန္တလေး နှင့် တောင်ကြီး မြို့တို့ကို ထိုးစစ်ဆင်တိုက်ခိုက်ခြင်း လုံးဝပြုလုပ်မည်မဟုတ်‌​​သော်လည်း မိမိကိုယ်ကိုခုခံကာကွယ်ခွင့်ကို ဆက်လက်စွဲကိုင်သွားမည်ဖြစ်​ကြောင်း စက်တင်ဘာလ ၄ ရက်ရက်စွဲဖြင့် ထုတ်ပြန်သည်။

တရုတ်နိုင်ငံအနေဖြင့်မြန်မာနိုင်ငံ၏အခြေအနေကို ကြားဝင်စေ့စပ်ဖြေရှင်း ပေးပါရန် အထူးမေတ္တာရပ်ခံကြောင်း MNDAA က ထုတ်ပြန်သည်။

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)စစ်ရေးကော်မတီကစက်တင်ဘာ လဆန်းတွင် တရုတ်ဘာသာဖြင့် ထုတ်ပြန်ပြီး​နောက် ခဏအကြာတွင် ဖြုတ်ချခဲ့ရာမှ စက်တင်ဘာ ၁၈ ရက်ည တွင် မြန်မာဘာသာဖြင့်ထပ်မံထုတ်ပြန်လာခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

အဆိုပါထုတ်ပြန်ချက်တွင် MNDAA ၏ စစ်မှန်‌သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး ဟူသော နိုင်ငံရေးရပ်တည်ချက်ကိုလုံးဝပြောင်းလဲမည်မဟုတ်ဘဲ နိုင်ငံတော်မှ ခွဲထွက်ခြင်း၊ နိုင်ငံတော်အာဏာကိုလုယူခြင်း၊ လွတ်လပ်ရေးရယူပြီး နိုင်ငံတော်အသစ်ထူထောင်ခြင်းများကို လုံးဝ ပြုလုပ်မည်မဟုတ်ကြောင်း၊ တရုတ် သို့မဟုတ် မြန်မာကိုဆန့်ကျင်သော နိုင်ငံခြားအသိုင်းအဝိုင်းများနှင့် မပူးပေါင်းခြင်း၊ မဆက်ဆံခြင်း၊ မဟာမိတ် မဖွဲ့ခြင်းသည် MNDAA ၏ နိုင်ငံရေး Redline ဖြစ်ပြီး NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်း ခြင်း၊ စစ်မြေပြင်များချဲ့ထွင်ခြင်း၊ မန္တလေး နှင့် တောင်ကြီးကို ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများအား လုံးဝပြုလုပ်မည်မဟုတ်ကြောင်း ​ဖော်ပြထားသည်။

သို့​သော် မိမိကိုယ်ကိုခုခံကာကွယ်ခွင့်ကို ဆက်လက်စွဲကိုင်သွားမည်ဟု ကြေညာထားပြီး တရုတ်နိုင်ငံအနေဖြင့် လက်ရှိတစ်နေ့ထက်တစ်နေ့ပိုမိုဆိုးဝါးလာသော မြန်မာနိုင်ငံ၏အခြေအနေကို ကြားဝင်စေ့စပ်ဖြေရှင်း ပေးပါရန် အထူးမေတ္တာရပ်ခံအပ်သည်ဟုလည်းဆိုထားသည်။

MNDAA အနေဖြင့်လည်း ချက်ချင်းအပစ်အခတ်ရပ်စဲပြီး တရုတ်နိုင်ငံနှင့်တက်တက်ကြွကြွ ပူးပေါင်းကာ ပဋိပက္ခများကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးသောလမ်းစဉ်ဖြင့် အဖြေရှာဖြေရှင်းသွားမည်ဟု အသိပေးထားသည်။

MNDAA ၏ အဆိုပါသတင်းထုတ်ပြန်ချက်ကို ပြစ်တင်ရှုံ့ချကြောင်း လူမှုကွန်ရက်သုံးစွဲသူအချို့က မှတ်ချက်ပြု​နေကြသည်။

၁၀၂၇ စစ်ဆင်ရေးစတင်ချိန်က စစ်အာဏာရှင်ပြုတ်ကျသည့်အထိ လူတို့နှင့်အတူ တိုက်ခိုက်သွားမည်ဟုပြောခဲ့ပြီး ယခုအခါ တရုတ်အစိုးရအလိုကျ စစ်ကောင်စီအားဆက်မတိုက်တော့ဘဲ တိုက်ပွဲများရပ်တန့်ခြင်းသည် MNDAAအနေဖြင့် လူထု အပေါ် သစ္စာဖောက်ခြခြင်းဟု မန္တလေးမြို့ခံတစ်ဦးကပြောသည်။

“တရုတ်က ကိုးကန့်ကို တော်တော်လေးဖိအားပေးနေတယ်။ သူစကားနားမထောင်ရင် လောက်ကိုင်ကိုမီးဖြတ်ပြီး နယ်စပ်ကုန်သွယ်ရေးတွေလည်းဖွင့်မပေးဘူးလို့ ဖိအားပေးထားတယ်” ဟု ရှမ်းမြောက်မှ သတင်းရင်းမြစ်တဦးကပြောသည်။

MNDAAသည် ၁၀၂၇ စစ်ဆင်ရေးပထမပိုင်းနှင့် ဒုတိယပိုင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လားရှိုးမြို့၊ သိန္နီမြို့၊ ချင်း​ရွှေ​ဟော ၊ကွမ်းလုံမြို့အပါအဝင် မြို့ကြီးအချို့ကိုသိမ်းယူထားသည်။

စစ်ကောင်စီကလားရှိုးမြို့ နှင့် ရမခကို ပြန်လည်သိမ်းယူရန် ပြန်လည်ထိုးစစ်ဆင်မည်ဟုဝါဒဖြန့်ကာ မိုင်းရယ်မြို့၌ ရမခ အစားထိုးဖွင့်သည်ဆိုကာ အင်အားတိုးနေသည်။ ထို့အပြင် MNDAA သိမ်းယူထားသည့်မြို့များကို လေကြောင်းမှ ဗုံးကြဲမှုများမကြာခဏ ပြုလုပ်နေသည်။အာဏာသိမ်း​ခေါင်း​ဆောင်မင်း​အောင်လှိုင်က ​တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့အချို့မှာ ပြည်သူများကိုလူသားဒိုင်းလုပ်ရန် လာ​နေ​စေသည်ဟုစွပ်စွဲပြီးဆုံးရှုံးထား​သော​ဒေသများကိုသင့်​တော်သလို ​ဆောင်ရွက်မည်ဟုဆိုသည်။ထိုသို့​ပြောပြီး လားရှိုးမြို့ကိုဗုံးမကြာခဏကြဲ​နေသည်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးမြို့ကို စစ်ကောင်စီကပြန်လည်ထိန်းချုပ်ရန်ကြိုးစားနေသော်လည်း ယခုအခါ MNDAAအုပ်ချုပ်ရေးယန္တရားအသက်ဝင်နေပြီဖြစ်သည်။

MNDAA၏စာသည်တရုတ်ဖိအား​ကြောင့် ထုတ်ပြန်ခြင်းဖြစ်ပြီး ​​လူထုနွေဦးတော်လှန်​ရေးအ​ပေါ်ထိခိုက်မည် မဟုတ်၍ မစိုးရိမ်ကြရန် နိုင်ငံ​ရေး စစ်​ရေး​လေ့လာသူအချို့က​ပြောသည်။

တရုတ်အထူးသံတမန်သည် သြဂုတ်လကုန်ပိုင်းတွင် တရုတ်နယ်စပ်ရှိတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်ဆက်တိုက်​တွေ့ဆုံ၍ စစ်​ကောင်စီကို မတိုက်ရန်ဖိအား​ပေးခဲ့သည်။

ဆက်စပ်သတင်းများ

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

လွန်ခဲ့တဲ့ နှစ်ပတ်လောက်က တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဆိုးရွားတဲ့ မြေပြိုမှုအတွင်း သေဆုံးသူက ၅၀ ကျော်လာပြီဖြစ်ပြီး ၁၀ ဦး ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။

နိုင်ငံတကာ

လူတူစက်ရုပ်တွေ တင်သွင်းမှုကို ပိတ်ပင်တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ တရုတ် နည်းပညာ ကုမ္ပဏီတွေကို ဖိနှိပ်တဲ့ အစီအစဉ် တစ်ခုလို့ တရုတ်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်ရဲ့ ပခုံးထမ်း လေကြောင်းကာကွယ်ရေး ဒုံးကျည် စုစုပေါင်း ၄၀၀ လောက်ကို လာမယ့် သီတင်းပတ်တွေအတွင်း အီရန်က လက်ခံရရှိမယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။