Connect with us

Hi, what are you looking for?

သတင်း

တရုတ်ကြားခံငြိမ်းချမ်းရေးဆွေးနွေးပေးရန် MNDAAတောင်းဆိုပြီး ၃ရက်အကြာ စစ်ကောင်စီက လားရှိုးမြို့ကို လေကြောင်းတိုက်ခိုက်

လားရှိုးမြို့ကို စစ်ကောင်စီက ယနေ့(စက်တင်ဘာ ၂၁ရက်) ညပိုင်းတွင် စစ်ကောင်စီကလေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နောက်ထပ် လေယာဉ်တစ်စီးလည်း မြို့ပေါ်၌ပျံဝဲနေဆဲဟု လားရှိုးမြို့ခံများက ပြောသည်။

စက်တင်ဘာ ၂၁ ရက်ညတွင်စစ်​ကောင်စီကလားရှိုးမြို့ကိုဗုံးကြဲပြီး​နောက် အပျက်အစီးများ။ ဓာတ်ပုံ - CJ

မိထက်/People’s Spring

လားရှိုးမြို့ကို စစ်ကောင်စီက ယနေ့(စက်တင်ဘာ ၂၁ရက်) ညပိုင်းတွင် စစ်ကောင်စီကလေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နောက်ထပ် လေယာဉ်တစ်စီးလည်း မြို့ပေါ်၌ပျံဝဲနေဆဲဟု လားရှိုးမြို့ခံများက ပြောသည်။

ယနေ့ည ၁၀နာရီ၁၅မိနစ်နှင့် ၁၀နာရီ ၂၀မိနစ် ကြားတွင် အင်အားပြင်း ဗုံးနှစ်လုံးကြဲသွားခြင်းဟု မြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

” မြို့ထဲကိုကြဲသွားတာပါ။ နောက်ထပ်လေယာဉ်လည်းစက်ဝဲနေသေးလို့ ဗုံးခိုကျင်းထဲနေနေရတယ်။ ဘယ်နေရာကို ကြဲချသွားမှန်း တိတိကျကျတော့မသိရသေးဘူး”ဟု ၎င်းက ပြောသည်။

မန္တလေးနှင့် တောင်ကြီးမြို့ကို ထိုးစစ်ဆင် တိုက်ခိုက်မှုများ လုံးဝပြုလုပ်မည်မဟုတ်‌ဘဲ မိမိကိုယ်ကိုခုခံကာကွယ်ခွင့်ကို ဆက်လက် စွဲကိုင် သွားမည်ဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံအနေဖြင့်မြန်မာနိုင်ငံ၏အခြေအနေကို ကြားဝင်စေ့စပ်ဖြေရှင်း ပေးပါရန်မေတ္တာရပ်ခံကြောင်း လားရှိုးမြို့ကိုတိုက်ခိုက်သိမ်းပိုက်ထားသော ကိုးကန့်တပ် (MNDAA)က စက်တင်ဘာ ၁၈ရက်တွင် ထုတ်ပြန်ပြီးနောက်ပိုင်း စစ်ကောင်စီက ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုကို မသိရှိရသေးပေ။

ယင်းမတိုင်မီ စက်တင်ဘာ ၁၃ရက်ညကလည်း လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာကို စစ်ကောင်စီလေကြောင်းဗုံးကြဲတိုက်ခိုက်ရာ အရပ်သားငါးဦး သေဆုံးပြီး ရှစ်ဦး ဒဏ်ရာရခဲ့သည်။

စစ်ကောင်စီသည် နမ့်ပေါင်ကျေးရွာအနီး၊ နမ္မ ကျောက်မီးသွေးတွင်းကို စက်တင်ဘာ ၁၀ရက်မွန်းလွဲ ၁နာရီခန့်ကလည်း လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့သည်။

စက်တင်ဘာ ၉ ရက်ကလည်း လားရှိုးမြို့ရပ်ကွက်(၁)ကို လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုအတွင်း အရပ်သား ၁၂ ဦးထက်မနည်းဒဏ်ရာရရှိခဲ့သည်။ထို့အပြင် စက်တင်ဘာ ၈ ရက်နံနက်ကလည်း လားရှိုးမြို့ရပ်ကွက်(၁၂)ရှိ အားကစားရုံနှင့် ရေပူစမ်းအနီးရှိ Silver Sky ဟိုတယ်အနီးကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ ဒေသခံများပိုင်ဆိုင် သောကားများပျက်စီးခဲ့သည်။

MNDAAသည် ၁၀၂၇ စစ်ဆင်ရေးပထမပိုင်းနှင့် ဒုတိယပိုင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လားရှိုးမြို့၊ သိန္နီမြို့၊ ကွမ်းလုံမြို့၊ချင်း​ရွှေ​ဟော​လောက်ကိုင် ၊ကုန်းကြမ်း ၊​ဖောင်းဆိုင် ၊မုန်းကိုး၊ ပန်ဆိုင်းစ​သောမြို့များကိုသိမ်းယူထားသည်။ MNDAA သိမ်းယူထားသည့်မြို့များကို စစ်​ကောင်စီက လေကြောင်းမှမကြာခဏ ဗုံးကြဲနေသည်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးမြို့ကို စစ်ကောင်စီကပြန်လည်ထိုးစစ်ဆင်မည်ဟု စစ်တပ်ဝါဒဖြန့် တယ်လီဂရန်များက ဝါဒဖြန့်ပြီး ကုန်း​ကြောင်းမှ တိုက်ခိုက်ခြင်းမရှိဘဲ ​လေ​ကြောင်းမှ မကြာခဏ ဗုံးကြဲ​နေခြင်းဖြစ်သည်။ သို့သော်လည်း ယခုအခါ လားရှိုးမြို့တွင် MNDAAအုပ်ချုပ်ရေးယန္တရားအသက်ဝင်နေပြီဖြစ်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြေရှား သတ္တုတွေ ရရှိနိုင်ရေးအတွက် တရုတ်အပေါ် အလွန်အကျွံ မှီခိုနေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ စီးပွားရေး အင်အားကြီး နိုင်ငံတွေ စုဖွဲ့ထားတဲ့ G7 ထိပ်သီး ညီလာခံမှာ ဆွေးနွေးခဲ့ကြပါတယ်။

နိုင်ငံတကာ

လူသိများတဲ့ ခွေးလေးတစ်ကောင် အခိုးခံရပြီး ချက်စားခံလိုက်ရတဲ့ ဖြစ်စဉ်အပြီး တရုတ်နိုင်ငံက ခွေးသား ရောင်းဝယ် ဖောက်ကားမှုနဲ့ ပတ်သက်တဲ့ အငြင်းအခုံတွေ တကျော့ပြန် ဆူညံလာခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။