Connect with us

Hi, what are you looking for?

သတင်း

လားရှိုးမြိူ့ကို စစ်ကောင်စီ ဗုံးထပ်ကြဲခြင်းမှာငြိမ်းချမ်းရေးလုပ်ငန်းစဉ် မြှင့်တင်ရန်ဆောင်ရွက်နေသူများ၏ကြိုးပမ်းမှုအလဟဿ ဖြစ်စေမည်ဟု MNDAA သတိပေး

စစ်ကောင်စီတပ်သည် လားရှိုးမြို့ကို ထပ်မံဗုံးကြဲခဲ့ခြင်းကြောင့် ဒေသခံပြည်သူတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ယင်းလုပ်ရပ်သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မြှင့်တင်ရန် ဆောင်ရွက်နေသူများ၏ ကြိုးပမ်းမှုကို အလဟဿဖြစ်စေမည်ဖြစ်ကြောင်းကိုးကန့်တပ်မတော်(MNDAA)ကထုတ်ပြန်သတိပေးလိုကက်သည်။

လားရှိုးမြို့ကို စစ်​ကောင်စီတပ် ဗုံးကြဲပြီး​နောက် အပျက်အစီးများကို​တွေ့ရစဥ်။ ဓါတ်ပုံ-CJ

ဟန်နွေ/People’s Spring

စစ်ကောင်စီတပ်သည် လားရှိုးမြို့ကို ထပ်မံဗုံးကြဲခဲ့ခြင်းကြောင့် ဒေသခံပြည်သူတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ယင်းလုပ်ရပ်သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မြှင့်တင်ရန် ဆောင်ရွက်နေသူများ၏ ကြိုးပမ်းမှုကို အလဟဿဖြစ်စေမည်ဖြစ်ကြောင်းကိုးကန့်တပ်မတော်(MNDAA)ကထုတ်ပြန်သတိပေးလိုကက်သည်။

စစ်ကောင်စီသည် စက်တင်ဘာ ၂၁ ရက်ညပိုင်းတွင် MNDAA သိမ်းထားသည့် လားရှိုးမြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ဩဂုတ် ၃ရက်တွင် လားရှိုးမြို့အား MNDAA သိမ်းပိုက်ပြီးနောက် မြို့ကိုလေးကြိမ်မြောက် ဗုံးကြဲတိုက်ခိုက်မှုလည်းဖြစ်သည်။

စက်တင်ဘာ ၂၁ရက်ည လေကြောင်း တိုက်ခိုက်မှုကြောင့် လားရှိုးမြို့ ရပ်ကွက်(၁၂) ရှိ အမှတ်( ၃) အခြေခံပညာ အထက်တန်းကျောင်း၏ မျက်နှာချင်းဆိုင်ဘက်ရှိ လူနေ အဆောက်အအုံတစ်ခုပေါ် ကျရောက်သည်။ အခြားဗုံးတစ်လုံးမှာ ရပ်ကွက် (၁) ၏ ယခင် စည်ပင်သာယာဌာနရှေ့ လမ်းမပေါ်သို့ကျရောက်ခဲ့သည်ဟုသိရသည်။

Public Service Announcement

Public Service Announcement

ဗုံးကြဲတိုက်ခိုက်မှုကြောင့် အဆောက်အဦး ပျက်စီးမှုများရှိပြီး ပြည်သူ တစ်ဦး အနည်းငယ် ဒဏ်ရာရခဲ့သည်ဟု MNDAA ကအသိပေးသည်။

ကယ်ဆယ်ရေး တာဝန်ရှိသူများနှင့် စစ်သားများက ဒဏ်ရာရသူကိုတွေ့ရှိပြီးနောက် ဆေးရုံသို့ ချက်ချင်းပို့ဆောင်ခဲ့ကြောင်း၊ ကံကောင်းထောက်မစွာဒဏ်ရာက မပြင်းထန်ခဲ့၍ ဆေးရုံဆင်းခွင့်ရပြီဖြစ်ကြောင်းလည်းအသိ​ပေးထားသည်။

ယခုလေကြောင်း ဗုံးကြဲတိုက်ခိုက်မှုသည် လားရှိုးတိုက်ပွဲများ ငြိမ်သက်ပြီးနောက် မင်းအောင်လှိုင်၏ စတုတ္ထကြိမ်မြောက် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုဖြစ်ပြီး အဆိုပါပစ်မှတ်များသည် မြို့ပေါ်ရှိ စာသင်ကျောင်းများနှင့် အခြားအများပြည်သူဆိုင်ရာ အဆောက်အအုံများနှင့် လူနေရပ်ကွက်များကိုပါပစ်မှတ်ထားခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို လျစ်လျူရှုပြီး လူ့အခွင့်အရေးကို နင်းချေသည့် ရက်စက်ကြမ်းကြုတ်သောအပြုအမူမျိုးသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို မြှင့်တင်ရန်အတွက် ဆောင်ရွက်နေကြသူတို့၏ ကြိုးပမ်းမှုအားလုံးကို အလဟဿဖြစ်စေမည်မှာ သေချာကြောင်း MNDAAက ထုတ်ပြန်ခဲ့သည်။

MNDAA ၏ စက်တင်ဘာ ၄ရက် ထုတ်ပြန်ချက်တွင် တရုတ်နိုင်ငံ အနေဖြင့် တနေ့တခြား ပိုဆိုးဝါးလာသော မြန်မာနိုင်ငံ၏ အခြေအနေကို ကြားဝင်စေ့စပ်ဖြေရှင်းပေးရန် မေတ္တာရပ်ခံထားပြီး MNDAA အနေဖြင့်လည်းချက်ချင်းအပစ်အခတ်ရပ်စဲပြီး တရုတ်နိုင်ငံနှင့် တက်ကြွစွာပူးပေါင်းကာ ပဋိပက္ခများကို နိုင်ငံရေး တွေ့ဆုံဆွေးနွေးသော လမ်းစဉ်ဖြင့် အဖြေရှာဖြေရှင်းမည်ဟု ဖော်ပြထား

သည်။ ထိုအပြင် ​တောင်ကြီး နှင့် ပြင်ဦးလွင်ရှိ စစ်​ကောင်စီတပ်ကို ထိုးစစ်ဆင်တိုက်ခိုက်မည်မဟုတ်​သော်လည်း မိမိကိုယ့်ကို ခုခံကာကွယ်ခွင့်ကို ကိုင်စွဲသွားမည်ဟု လည်း​ကြေညာထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကာကင်းစခန်းနဲ့ ခြေကုတ်နေရာအချို့သိမ်းပိုက်ခံရပြီး​တော့ အာဏာသိမ်းစစ်တပ်က ဒီနေ့မှာစစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ သံတွဲမြို့နယ်တို့ ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးပတ်ကြဲနေတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

စစ်​တွေတိုက်ပွဲမှာအထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ပုဏ္ဏားကျွန်းနဲ့ မြောက်ဦးမြို့နယ်တို့ကို တိုက်လေယာဉ်အုပ်လိုက်နဲ့ ဗုံးကြဲတဲ့အတွက်အထိအခိုက်တွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။