Connect with us

Hi, what are you looking for?

သတင်း

KIA/KPDF က စစ်ကောင်စီ ရေယာဉ်ကိုတိုက်ခိုက်​သော ရုပ်သံမှတ်တမ်း ထွက်ပေါ်

ကချင်ပြည်နယ်သို့ စစ်အင်အား၊ ရိက္ခာခဲယ်းဖြည့်တင်းရန် ကြိုးပမ်းလာသည့် စစ်ကောင်စီ ရေယာဉ်များကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(KPDF) ပူးပေါင်းတပ် တိုက်ခိုက်ခဲ့ရာ ရေယာဉ်တစ်စီးအား ပစ်ခတ်ထိမှန် ပေါက်ကွဲမှု ဖြစ်ပွားသည့် ရုပ်သံကို ကချင်စစ်ရေးသတင်းရင်းမြစ်က ယနေ့ညပိုင်း၌ ဖော်ပြအသိပေးသည်။

ဗန်းမော်မြို့သို့ဆန်တက်လာ​သော စစ်​ကောင်စီတပ်​ရေယာဥ်များကို KIA နှင့် KPDF တပ်ဖွဲ့ဝင်များကတိုက်ခိုက်သိမ်းပိုက်ပြီး​နောက်​တွေ့ရစဥ်။ ဓါတ်ပုံ-CJ

ဟန်နွေ/People’s Spring

ကချင်ပြည်နယ်သို့ စစ်အင်အား၊ ရိက္ခာခဲယ်းဖြည့်တင်းရန် ကြိုးပမ်းလာသည့် စစ်ကောင်စီ ရေယာဉ်များကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(KPDF) ပူးပေါင်းတပ် တိုက်ခိုက်ခဲ့ရာ ရေယာဉ်တစ်စီးအား ပစ်ခတ်ထိမှန် ပေါက်ကွဲမှု ဖြစ်ပွားသည့် ရုပ်သံကို ကချင်စစ်ရေးသတင်းရင်းမြစ်က ယနေ့ညပိုင်း၌ ဖော်ပြအသိပေးသည်။

ကချင်ပြည်နယ်သို့ စစ်အင်အားနှင့် စက်လက်နက်ခဲယမ်းများ၊ ရိက္ခာများဖြည့်တင်းရန် ရေကြောင်းမှလာသည့် စစ်ကောင်စီ၏ ရေယာဉ်အုပ်ကို KIA ပူးပေါင်းတပ်က တိုက်ခိုက်ရာ စက်တင်ဘာ ၁၇ရက်တွင် ရွှေကူ – ဗန်းမော်ကြား၌ ရေယာဉ် ၆စီး၊ စက်တင်ဘာ လဆန်းတွင် ထီးချိုင့်မြို့ နယ်တွင် ၂စီး KIA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ ရေယာဉ်များ မီးလောင်ပေါက်ကွဲ နစ်မြုပ်မှုများ ရှိခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောထားသည်။

Public Service Announcement

Public Service Announcement

https://www.facebook.com/LuduNwayOo/videos/1230779767960899

(KIA နှင့် KPDF တို့ကစစ်​ကောင်စီစစ်ကောင်စီသင်္ဘောများကို ဧရာဝတီမြစ်အတွင်းတိုက်ခိုက်​နေ​သောမှတ်တမ်း။ရုပ်သံ-ကချင်​တောင်တန်း)

စစ်ရေယာဉ်တစ်စီးကို လက်နက်ကြီးဖြင့် ပစ်ခတ်စဉ်ပြင်းထန်စွာ​ပေါက်ကွဲပြီထိမှန်၍ မီးခိုးလုံးတက်လာခဲ့သည့် ကချင်​တောင်တန်းတယ်လီဂရန်မှတင်ထား​သော ရုပ်သံမှတ်တမ်းသည် စက်တင်ဘာ ၁၇ရက်၊ ၁၈ရက် က ရွှေကူ – ဗန်းမော်ကြားတိုက်ခိုက်မှု ဖြစ်စဉ်တွင်ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း အခြား စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“မနေ့က ကျနော်ကြားတာက ဗန်းမော်မှာ တက်သွားတဲ့ စစ်သင်္ဘောတစ်စီးက ပြန်ဆင်းလာတယ်။ ဆင်းလာတဲ့ သင်္ဘောကိုပစ်လိုက်တယ်လို့လည်း သတင်းရတယ်။ ဒီပုံကတော့ ဟိုနေ့ (စက်တင်ဘာ ၁၇ရက်) ကဟာ” ဟု ၎င်းက ပြောသည်။

အခြားစစ်​ရေးရင်းမြစ်တဦးကလည်း ဧရာဝတီမြစ်အတွင်ယစစ်တပ်​ရေယာဥ်အုပ်စုကို KIA ကတိုက်ခိုက်ခဲ့​သောရုပ်သံမှတ်တမ်းဖြစ်​ကြောင်းအတည်ပြုသည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း KIA/PDF ပူးပေါင်းတပ် တိုက်ခိုက်ဖျက်ဆီးခဲ့၍ မီးလောင်နေသည့် ရေယာဉ် အချို့၏ ဓာတ်ပုံနှင့် အဆိုပါ ရေယာဉ်များပေါ်၌ ပူးပေါင်းတပ်ဖွဲ့ အောင်ပွဲခံနေမှု ဓာတ်ပုံများ လူမှုကွန်ရက်၌ ထွက်ပေါ်လာခဲ့သည်။

ဧရာ၀တီမြစ်ကြောင်းအတိုင်း တက်လာသည့် စစ်ကောင်စီ ရေယာဉ်အုပ်စုအား လမ်းတလျှောက် တိုက်ခိုက်ခဲ့ရာ အနည်းဆုံး ရေယာဉ် ၈စီးပျက်စီးခဲ့ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ရွှေကူ – ဗန်းမော်အကြားတွင် ၆စီး၊ ထီးချိုင့်မြို့နယ်တွင် ၂စီးတိုက်ခိုက်နိုင်ခဲ့ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောထားသည်။စစ်ကောင်စီ၏ ဖလက်သံခွန်သင်္ဘော ၇စီးအနက် ၂စီးသည် ဒုတိယမြစ်ကျဉ်းအထက်နား၌ လက်နက်ကြီးထိမှန် နစ်မြုပ်ခဲ့ပြီး ၄စီးသည် ဗန်းမော်မြို့နယ် မြလည်ကျေးရွာအနီးတွင် လက်နက်ကြီးထိမှန် မီးလောင်ပျက်စီးခဲ့သည်ဟု သတင်းရင်းမြစ်က ပြောသည်။

အဆိုပါ စစ်ကောင်စီသင်္ဘောများတိုက်ခိုက်ဖျက်ဆီးနိုင်မှု အခြေအနေနှင့်ပတ်သက်၍ မေးမြန်းရန် KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ People’s Spring က ဆက်သွယ်ထားဆဲဖြစ်ပြီး ပြန်ကြားချက် မရသေးပေ။ သို့​သော် ဗိုလ်မှူးကြီး​နော်ဘူက စစ်ကောင်စီသင်္ဘောများထဲမှာ ၇ စီးကို KIA နှင့်ပူး​ပေါင်းတပ်များကတိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ပြီ ၁ စီးသာဗန်း​မော်မြို့သို့​ရောက်ရှိ​ကြောင်း ​ဖြေကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။