Connect with us

Hi, what are you looking for?

သတင်း

လားရှိုးကို MNDAA မတိုက်မီ ထွက်ပြေးသွားသည့် ဒုဗိုလ်မှူးကြီးစစ်ကောင်စီဖမ်းမိ

လားရှိုးမြို့အခြေစိုက်အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA) မတိုက်ခိုက်မီ ထွက်ပြေးသွားသည့် အမှတ်(၇)ဆက်သွယ်ရေးတပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ညီညီထွန်းကို စစ်ကောင်စီက ပြန်ဖမ်းမိသွားသည်။

ဒုဗိုလ်မှူးကြီး ညီညီထွန်း။ ဓါတ်ပုံ-စစ်​ကောင်စီ

ဇော်ရမ်း/People’s Spring

လားရှိုးမြို့အခြေစိုက်အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA) မတိုက်ခိုက်မီ ထွက်ပြေးသွားသည့် အမှတ်(၇)ဆက်သွယ်ရေးတပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ညီညီထွန်းကို စစ်ကောင်စီက ပြန်ဖမ်းမိသွားသည်။

အသက် ၄၅ နှစ်အရွယ်ဒုဗိုလ်မှူးကြီး ညီညီထွန်းကို ရှမ်းပြည်နယ် တောင်ပိုင်း၊ လွိုင်လင်ခရိုင်ရှိ ပင်လုံမြို့ရှိ ၊ စိန်နန်း​တော်မိုတယ်တွင်ယမန်နေ့( စက်တင်ဘာလ ၂၆ရက်)က ဖမ်းမိခြင်းဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

“မှတ်ပုံတင်အတုကိုင်ထားတာဗျ။စစ်တပ်ကဝင်ဖမ်းတာ။ပြည်သူ့စစ်အဖွဲ့တွေလည်းပါတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

ဒုဗိုလ်မှူးကြီး ညီညီထွန်းသည်လားရှိုးမြို့ကို MNDAA မတိုက်ခိုက်မီ ပြီးခဲ့သည့် ဇွန်လအတွင်း ထွက်ပြေးသွားခြင်းဖြစ်သည်။ ၎င်းအား ဖမ်းမိပြီးဟု စစ်ကောင်စီလက်အောက်ခံတယ်လီဂရန်ချန်နယ်များ၌ ရေးသားထားသည်။

MNDAA၏ လားရှိုးမြို့သိမ်းတိုက်ပွဲသည် စစ်ကောင်စီအုပ်စုအတွင်း အလွန်ဂယက်ရိုက်ခဲ့ပြီး တိုင်းမှူးအပါအဝင် အရာရှိအများအပြားလည်း MNDAA၏ဖမ်းဆီးခြင်းခံထားရသည်။ အာဏာသိမ်းစစ်ခေါင်းဆောင်ကစစ်တိုင်းမှူးကို အစားထိုးလဲလှယ်ခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင်လက လားရှိုးမြို့ကို MNDAAက စတင်တိုက်ခိုက်ပြီး ရက်အနည်းငယ်ကြာ၌ ရမခတိုင်းမှူးဗိုလ်ချုပ်စိုးတင့်ကိုစစ်ကောင်စီက ရာထူးမှ ထုတ်ပယ်ပြီး မူဆယ်အ‌ခြေစိုက်တပ်မ(၉၉)တပ်မမှူး ဗိုလ်ချုပ် စိုးလှိုင်ကို အစားထိုးခန့်အပ်ခဲ့သည်။

တိုင်းမှူးဟောင်းဗိုလ်ချုပ်စိုးတင့်သည် ရမခတွင်ပင်ရှိနေစဉ် MNDAA၏ လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်းဖမ်းဆီးခံထားရသည်။ ဗိုလ်ချုပ်စိုးလှိုင်သည် မူဆယ်၌ပင် ဆက်လက်ရှိနေခဲ့ပြီး ထပ်မံထုတ်ပယ်ခံရကာ လေ့ကျင့်ရေးအရာရှိချုပ်ရုံး၊ဒုတိယလေ့ကျင့်ရေးအရာရှိချုပ်ဖဗိုလ်ချုပ်မြင့်ကျော်ထွန်းကို တိုင်းမှူးရာထူးပေးပြီး လားရှိုးရမခကျသွားပြီး​နောက် စစ်​ကောင်စီက ရမခဌာနချုပ်ကို မိုင်းရယ်ဗျူဟာ၌ နေရာချသည်။

စစ်ကောင်စီသည် လားရှိုးမြို့ကို လေကြောင်းမှမကြာခဏတိုက်ခိုက်နေပြီး ရမခဌာနချုပ် မိုင်းရယ်ဗျူဟာ၌လည်း အင်အားများကိုပေးပို့ထားကာ မြေပြင်စစ်ကြောင်းထိုးမည်ဟု စစ်​ကောင်စီဝါဒဖြန့် တယ်လီဂရန်များက သတင်းများထုတ်လွှင့်ပြီး ဝါဒဖြန့်နေကြသည်။

စစ်​ပြေးဒုဗိုလ်မှူးကြီး ညီညီထွန်းကို စစ်​ကောင်စီဝါဒဖြန့် မီဒီယာများက ၎င်း၏ ကိုယ်​ရေးအချက်အလက်များကို ​ဖော်ပြ၍ ​သေဒဏ်​ပေးရန် ၊ပြင်းထန်စွာပြစ်ဒဏ်​ပေးရန် လှုံ့​ဆော်​ရေးသား​နေကြသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ကိုးကန့်တပ်မတော်(MNDAA)ရဲ့ စီမံခန့်ခွဲမှုအောက်မှာ ဒေသခံပြည်သူတွေ အခက်အခဲ ပြဿနာတွေ ကြုံနေရကြောင်း ရှမ်း(သျှမ်း)လူငယ်ကွန်ဂရက်က ဒီကနေ့ မေလ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ပြီး MNDAAအနေနဲ့ ဒေသခံတွေကို ဒုက္ခမပေးဘဲ ဒီမိုကရေစီစံနှုန်း ဖက်ဒရယ်စံနှုန်းနဲ့ ကိုက်ညီတာတွေကိုသာ စီမံဖို့ တိုက်တွန်းလိုက်ပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။