Connect with us

Hi, what are you looking for?

သတင်း

လားရှိုးမြို့ကို စစ်ကောင်စီက တစ်လအတွင်း ၇ ကြိမ်ဗုံးကြဲ ၊​ဒေသခံပြည်သူ ၃ဦးသေဆုံးပြီး ၃၈ ဦး ဒဏ်ရာရဟု MNDAA အသိပေး

ကိုးကန့်တပ်မတော်(MNDAA) သိမ်းပိုက်ထားသည့် လားရှိုးမြို့ကို စစ်ကောင်စီက တစ်လနီးပါးအတွင်း လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု ၇ကြိမ်ပြုလုပ်ခဲ့ရာ အဆိုပါ တိုက်ခိုက်ခံရမှုများ အတွင်း​ဒေသခံပြည်သူ ၃ ဦးသေဆုံးကာ ၃၈ ဦး ဒဏ်ရာရခဲ့ကြောင်း MNDAAက ထုတ်ပြန်သည်။

လားရှိုးမြို့တွင်စစ်​ကောင်စီ ဗုံးကြဲမှု​ကြောင့် အပျက်အစီးများကို​တွေ့ရမှု။ ဓါတ်ပုံ-MNDAA

ဟန်နွေ/People’s Spring

ကိုးကန့်တပ်မတော်(MNDAA) သိမ်းပိုက်ထားသည့် လားရှိုးမြို့ကို စစ်ကောင်စီက တစ်လနီးပါးအတွင်း လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု ၇ကြိမ်ပြုလုပ်ခဲ့ရာ အဆိုပါ တိုက်ခိုက်ခံရမှုများ အတွင်း​ဒေသခံပြည်သူ ၃ ဦးသေဆုံးကာ ၃၈ ဦး ဒဏ်ရာရခဲ့ကြောင်း MNDAAက ထုတ်ပြန်သည်။

စက်တင်ဘာ ၂၇ရက်၌ စစ်ကောင်စီက လားရှိုးမြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့၍ အရပ်သား ၂ ဦးသေဆုံးကာ ၆ဦး ဒဏ်ရာရသည့် အခြေအနေကို အသိပေးခဲ့သည်။ အဆိုပါတိုက်ခိုက်ခံရမှုကြောင့်လားရှိုးမြို့တွင် အကြီးဆုံးသော မြို့မဈေးကြီး၏ ဆိုင်ခန်းများ၊ အဆောက်အဦများ၏ ထက်ဝက်နီးပါး ပျက်စီးခဲ့သည်ဟုသိရသည်။ အဆိုပါ အခြေအနေသည် ပြည်သူလူထုတို့အတွက်ကြေကွဲဖွယ် အခြေအနေလည်း ဖြစ်ခဲ့ရဟု MNDAAက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

လေကြောင်း တိုက်ခိုက်မှုအတွင်း မီးလောင်ကျွမ်းခဲ့ပြီး မီးများ အချိန်မီ ငြှိမ်းသက်ခဲ့ရသည်ဟုသိရသည်။

လားရှိုးမြို့တွင် ဩဂုတ်လကုန်မှ စက်တင်ဘာ ၂၇ ရက်နေ့အထိတိုက်ပွဲများဖြစ်ပွားခြင်းမရှိဘဲစစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှု ၇ ပြုလုပ်ခဲ့သည်ဟုသိရသည်။ စစ်​ကောင်စီက လေကြောင်းတိုက်ခိုက်မှုများကို စက်တင်ဘာလ နောက်ဆုံးပတ်တွင်ပိုလုပ်လာခဲ့ခြင်းဖြစ်သည်။

“ပြည်သူတို့၏ အသက်အိုးအိမ်များကို လုံးဝဂရုမစိုက်ကာ ရက်စက်ကြမ်းကြုတ်သော အပြုအမူများသည် ပြည်သူတို့၏ ကဲ့ရဲ့ ရှုတ်ချခြင်းကိုထပ်မံခံရကာ သမိုင်းတွင် ထာဝရ အရှက်ရစေမည့် မဏ္ဍိုင်အဖြစ် ရှုတ်ချခံရမည်” ဟုလည်း MNDAA က စစ်ကောင်စီ၏ အရပ်သားပြည်သူများကိုပါမ​ရှောင် ဗုံးကြဲသတ်ဖြတ်​နေမှုနှင့်ပတ်သက်၍ ​ပြောသည်။

စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) အပါအဝင် လားရှိုးကို ဩဂုတ် ၃ရက်တွင် MNDAAက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။စစ်တပ်၏ တိုင်းစစ်ဌာနချုပ်တစ်ခုကို တိုင်းရင်းသားလက်နက်ကိုက်အဖွဲ့က သိမ်းပိုက်နိုင်မှုမှာ ပထမဆုံးအကြိမ်ဖြစ်သည်။

MNDAAက လားရှိုးမြို့ကိုသိမ်းပိုက်ပြီးနောက် မြို့ ပြန်လည်ထူထောင်ရေး လုပ်ကိုင်​နေသည်။MNDAA သိမ်းပိုက်ထိန်းချုပ်ထားသည့် လားရှိုးမြို့ကို စစ်ကောင်စီက ဩဂုတ် ၃၀ရက်တွင် စတင်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စက်တင်ဘာလတွင် ၆ကြိမ်ထက်မနည်း လေကြောင်း မှထပ်မံဗုံးကြဲခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်​တွေတိုက်ပွဲမှာအထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ပုဏ္ဏားကျွန်းနဲ့ မြောက်ဦးမြို့နယ်တို့ကို တိုက်လေယာဉ်အုပ်လိုက်နဲ့ ဗုံးကြဲတဲ့အတွက်အထိအခိုက်တွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

ကိုးကန့်တပ်မတော်(MNDAA) တပ်ဖွဲ့ဝင်တွေအနေနဲ့ ပေါ့ဆမနေဘဲ အထူးဒေသကို သစ္စာရှိရှိကာကွယ်စောင့်ရှောက်ကြဖို့ MNDAA စစ်ရေးဆိုင်ရာအရာရှိက တိုက်တွန်းလိုက်ပါတယ်။