Connect with us

Hi, what are you looking for?

သတင်း

ချီဖွေမြို့ကို KIA/KPDF အပြီးသတ်သိမ်းပိုက်

ဗျူဟာကုန်းအပါအဝင် တပ်စခန်း လေးခုကိုသိမ်းနိုင်ခဲ့၊ ချီဖွေရှိ စစ်ကောင်စီ နှင့် ပြည်သူ့စစ် ခေါင်းဆောင်များ ပန်ဝါဘက်ထွက်ပြေးဟု သတင်းရင်းမြစ်အချို့ပြော

ဟန်နွေ/People’s Spring

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့်ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်(KPDF)ပူးပေါင်းတပ်တို့က ကချင်ပြည်နယ် ချီဖွေမြို့သိမ်းပိုက်နိုင်ရန် စစ်​ကောင်စီတပ်နှင့် ပြည်သူ့စစ်စခန်းများကိုယနေ့(စက်တင်ဘာ ၂၉)မနက်တွင် ထိုးစစ်ဆင်ခဲ့ရာ ယနေ့ ညနေပိုင်း၌ အပြီးသတ်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း သတင်းရင်းမြစ်ကပြောသည်။

စက်တင်ဘာ ၂၉ရက်မနက်တွင် စ တင်ထိုးစစ်ဆင်ခဲ့ရာ ပြည်သူ့စစ်စခန်း၊ ချီဖွေရဲစခန်း၊ ၄မိုင်စုပေါင်းဂိတ်စခန်း နှင့် စစ်ကောင်စီ ဗျူဟာကုန်း ကို သိမ်းနိုင်ခဲ့သည်ဟုဆိုသည်။

“ဒီမနက် ၅နာရီမှာ စတိုက်တာ။ ပြည်သူ့စစ်၊ ရဲ၊ စစ်သား တွေဖမ်းမိထားတာရှိတယ်။ ဂျက်ဖိုက်တာ ၄စီးနဲ့ လာရောက်ဗုံးကြဲတာ ရှိတယ်။ အကုန်ရပြီ။ စကစ ဗျူဟာစခန်းကုန်းလည်းရပြီ” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ယနေ့ညပိုင်း၌ ပြောသည်။

Public Service Announcement

Public Service Announcement

အခြား သတင်းရင်းမြစ်တစ်ဦးကလည်း ချီဖွေကို သိမ်းပိုက်ပြီဟု သတင်းရရှိသကဲ့သို့ နေရာအချို့ ကျန်နေပြီး တိုက်ပွဲဆက်ရှိနေသည်ဟုလည်း ကြားရကြောင်း ပြောပြသည်။

“သတင်းက နှစ်ခု။ ခုန ၅နာရီခွဲ ၆နာရီလောက်မှာ ဗျူဟာကုန်းထဲမှာ ဝင်စီးခဲ့ပြီတဲ့။ ချီဖွေတစ်ခုလုံးကို KIAနဲ့ KPDF တွေအကုန်လုံးသိမ်းလိုက်ပြီတဲ့။ အဲဒီလို သတင်းရတယ်။ ပန်ဝါဘက်တချို့သော သူတွေက အကုန်လုံး အပြီးအစီး သိမ်းနိုင်တာ တော့ မရှိဘူး အဲဒီလိုတော့ ပြောကြတယ်။ ဒါပေမဲ့ တချို့ကသိမ်းလိုက်ပြီလို့ပြောတယ်”ဟု သတင်းရင်းမြစ်က ပြောသည်။

ကချင်သတင်းရင်းမြစ်ကမူ ပန်ဝါ​ဒေသဘက်ကို တိုက်ခိုက်ခြင်းမရှိသေးဟု ပြောပြသည်။

ချီဖွေရှိ စစ်ကောင်စီနှင့် အပေါင်းအပါများ ပန်ဝါဘက်သို့ ထွက်ပြေးသွားသည်ဟုလည်း ​ဒေသခံတစ်ဦးကလည်း ပြောသည်။

“ ပန်ဝါဘက်ကို စကစ အုပ်ချုပ်ရေးခေါင်းပိုင်းက လူတွေက ရှောင်သွားကြတယ်။ ခရိုင်မှူးတွေနဲ့ခရိုနီတွေပါ။ လူကြီးတွေဘဲ ဆိုတော့ မများလောက်ဘူး။ ချီဖွေက ပြည်သူ့စစ်ခေါင်းဆောင်လည်း ပန်ဝါဘက်ပြေးတာပါ” ဟု​ဒေသခံ သတင်းရင်းမြစ်တစ်ဦးက လည်းပြောသည်။

ချီဖွေမြို့ရှိစစ်တပ်စခန်းများနှင့်ပြည်သူ့စစ်စခန်းများ သိမ်းပိုက်နိုင်မှု အခြေအနေနှင့်ပတ်သက်ပြီးမေးမြန်းရန် KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူအား ဆက်သွယ်ထားဆဲဖြစ်သည်။

ချီ​ဖွေမြို့သည် ခရိုင်အဆင့်မြို့ဖြစ်ပြီး ၂၀၁၉ခုနှစ်လူဦး​ရေစာရင်းအရ ချီ​ဖွေမြို့နယ်တွင် လူဦးရေ ၂၁၀၀၀ ​ကျော်ရှိသည်။ချီ​ဖွေမြို့သည် တရုတ်နယ်စပ်နှင့်နီးပြီး ​တောင်ဘက်တွင် ကန်ပိုက်တည်နှင့် ဆဒုံး ၊ အ​နောက်ဘက်တွင် အင်ဂျန်းယန် ၊​မြောက်ဘက်​ဆော့​လော် ၊ အ​ရှေ့​တောင်ဘက်တွင်ပန်ဝါမြို့တို့ရှိသည်။

ချီ ဘွေမြို့သိမ်းတိုက်ပွဲဆင်နွှဲနေစဉ် KIAက ဝိုင်းမော်မြို့နယ် မှနေ၍ ပန်ဝါဖက်သို့သွားမည့် ခရီးသွားကားများအား ယာယီတားမြစ်ခဲ့သည်။

” ကားသမားတွေ၊ခရီးသည်တွေ တိုက်ပွဲထဲမှာပိတ်ပြီးမှာစိုးလို့ KIA နဲ့ PDF က တားထားတာ။ စစ်တပ်ကတော့ဝိုင်းမော် မုတ်လွဲလမ်းဆုံကနေ လက်နက်ကြီးတွေပစ်သလို လေကြောင်းကလည်းသွားပြီးတိုက်တယ်။ ချီဘွေက လူတွေလည်း ဆဒုံးဘက်ကို ရှောင်ကြတယ်” ဟု ဝါရှောင်ဒေသခံတစ်ဦးကပြောသည်။

KIA ပူးပေါင်းတပ်သည် ဖားကန့် ဆိုင်းတောင် နှင့် မိုးမောက်-ဗန်းမော်လမ်း၌ စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားလျက်ရှိသည့် အခြေအနေတွင်ချီဖွေမြို့သိမ်းတိုက်ပွဲကို ယနေ့ ဖော်ဆောင်လာခြင်းဖြစ်သည်။

ယခင် ဇွန်လ ဒုတိယပတ်ကလည်း ဆဒုံးဗျူဟာအပါအဝင် ဝိုင်းမော်-ဆဒုံးလမ်းရှိစစ်ကောင်စီ တပ်စခန်း၊ ပြည်သူ့စစ်စခန်းနှင့် BGF စခန်းများကို ရက်ပိုင်းအတွင်း သိမ်းပိုက်နိုင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ပွဲပြင်းထန်နေတဲ့ ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ၂ရက်အတွင်း စစ်ကောင်စီတပ်ရှေ့တန်းစခန်း ၆ခုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊KPDF ပူးပေါင်းတပ်က သိမ်းယူထားပြီး ဒီ‌နေ့ ဧပြီ ၃ရက်မှာလည်း စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲနေပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ဒီကနေ့(ဧပြီလ၂ ရက်)ဖြစ်ပွားနေတဲ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ရှေ့တန်းစခန်း ၃ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF ပူးပေါင်းတပ်က သိမ်းယူထားပြီး တိုက်ပွဲဆက်လက် ပြင်းထန်နေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

မကွေးတိုင်၊မင်းဘူးမြို့နယ်၊မုန်တောင်ရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ မင်းဘူးခရိုင် ကာကွယ်ရေး တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ချီဖွေဒေသမှာ ကန့်သတ်ထားတဲ့နေရာတွေမှာ ရွှေမတူးဖော်ဖို့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)က တားမြစ်လိုက်ကြောင်း KIO/KIA သတင်းပြန်ကြားရေးဌာန က အောက်တိုဘာ ၈ရက်ညပိုင်းမှာ သတင်းဖော်ပြပါတယ်။