Connect with us

Hi, what are you looking for?

သတင်း

လားရှိုးတွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူများ၏ မိသားစုဝင်များအား MNDAAက ငွေကြေးနှင့် စားနပ်ရိက္ခာထောက်ပံ့

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူများ၏ မိသားစုဝင်များကို ကိုးကန့်တပ်မတော်(MNDAA)၏ လားရှိုးဧရိယာ စစ်ရေးအုပ်ချုပ်မှုကော်မတီက သွားရောက်တွေ့ဆုံကာ ဝမ်းနည်းကြေကွဲကြောင်း အသိပေးပြီး လူသားချင်းစာနာမှုဆိုင်ရာ စောင့်ရှောက်မှုပေးရန်အတွက် နှစ်သိမ့်ကြေးထောက်ပံ့ခဲ့ကြောင်း MNDAAက ယနေ့ ထုတ်ပြန်သည်။

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ - လားရှိုးမြို့ပြန်လည်ထူထောင်ရေး

ဟန်နွေ/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူများ၏ မိသားစုဝင်များကို ကိုးကန့်တပ်မတော်(MNDAA)၏ လားရှိုးဧရိယာ စစ်ရေးအုပ်ချုပ်မှုကော်မတီက သွားရောက်တွေ့ဆုံကာ ဝမ်းနည်းကြေကွဲကြောင်း အသိပေးပြီး လူသားချင်းစာနာမှုဆိုင်ရာ စောင့်ရှောက်မှုပေးရန်အတွက် နှစ်သိမ့်ကြေးထောက်ပံ့ခဲ့ကြောင်း MNDAAက ယနေ့ ထုတ်ပြန်သည်။

လားရှိုးမြို့ကို MNDAA သိမ်းပိုက်ပြီးနောက် ဩဂုတ် ၃၀ရက်မှ အောက်တိုဘာ ပထမပတ် အထိ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၁၃ကြိမ်ထက်မနည်း ပြုလုပ်ခဲ့သည်။

Public Service Announcement

Public Service Announcement

အဆိုပါ တိုက်ခိုက်မှုများအတွင်းရအရပ်သား သုံးဦး သေဆုံးပြီး ပြည်သူ၁၀၀ နီးပါးဒဏ်ရာရရှိခဲ့ကြောင်း MNDAAက အသိပေးသည်။ ဒေသခံများ၏ ပြောကြားချက်အရ သေဆုံးသူ အရပ်သားဦးရေမှာ ၃ဦးထက်ပိုမိုသည်ဟု ဆိုသည်။

လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား ဆေးရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီးနောက် အောက်တိုဘာ ၉ ရက် မနက်တွင် လားရှိုးဧရိယာ စစ်ရေးအုပ်ချုပ်မှုကော်မတီအဖွဲ့၏ သက်ဆိုင်ရာလုပ်ငန်းအဖွဲ့သည် သေဆုံးသူ ၃ဦး၏ နေအိမ်များသို့ သွားရောက်ကာ ဝမ်းနည်းကြောင်းဖော်ပြ နှစ်သိမ့်ခဲ့သည်ဟု MNDAAက ထုတ်ပြန်သည်။

မိသားစုများအတွက် လားရှိုးဧရိယာ စစ်ရေးအုပ်ချုပ်မှုကော်မတီ၏ နက်နက်ရှိုင်းရှိုင်း စိုးရိမ်ပူပန်မှုကို ထုတ်ဖော်ပြောကြားပြီး သေဆုံးသူများ၏မိသားစု အခြေအနေများကို စိတ်ရှည်လက်ရှည် ဂရုတစိုက်မေးမြန်းခဲ့ကြောင်း ဖော်ပြသည်။

ထို့ပြင် လုပ်ငန်းအဖွဲ့အနေဖြင့် ၎င်းတို့ ဘဝတွင်

အခက်အခဲများကြုံတွေ့ရပါက ၎င်းတို့နေထိုင်ရာ ရပ်ရွာစီမံခန့်ခွဲမှုရုံးသို့ သတင်းပို့နိုင်ပြီး သက်ဆိုင်ရာဌာနများက အဆိုပါပြဿနာကို ကူညီဖြေရှင်းပေးနိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟုဆိုသည်။

ထိုနေ့တွင် လုပ်ငန်းအဖွဲ့မှ နှစ်သိမ့်ငွေကျပ် ၁၅ သိန်းနှင့် ဆန်တစ်အိတ်နှင့် ဟင်းချက်ဆီတစ်ပုံးကို မိသားစုတစ်စုစီကို ပေးအပ်ခဲ့ကြောင်းလည်း ထုတ်ပြန်သည်။

စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုများ ကြုံရချိန်တွင် လားရှိုးဧရိယာ စစ်ရေး အုပ်ချုပ်မှုကော်မတီသည် အခင်းဖြစ်ပွားရာနေရာသို့ အလျင်အမြန် သွားရောက်၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပြီး ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိသည်ဟုလည်း MNDAAက အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ကိုးကန့်တပ်မတော်(MNDAA)ရဲ့ စီမံခန့်ခွဲမှုအောက်မှာ ဒေသခံပြည်သူတွေ အခက်အခဲ ပြဿနာတွေ ကြုံနေရကြောင်း ရှမ်း(သျှမ်း)လူငယ်ကွန်ဂရက်က ဒီကနေ့ မေလ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ပြီး MNDAAအနေနဲ့ ဒေသခံတွေကို ဒုက္ခမပေးဘဲ ဒီမိုကရေစီစံနှုန်း ဖက်ဒရယ်စံနှုန်းနဲ့ ကိုက်ညီတာတွေကိုသာ စီမံဖို့ တိုက်တွန်းလိုက်ပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။