Connect with us

Hi, what are you looking for?

သတင်း

တရုတ်ဖိအားရင်ဆိုင်နေရသည့် MNDAA ကအဖွဲ့ဝင်အားလုံး ခွင့်ပြုချက်မရဘဲပြည်ပသို့မသွားရန်၊ နိုင်ငံတကာ ညီလာခံများ၌ ပါဝင်ခြင်းမပြုရန် တားမြစ်

အ​နောက်တိုင်းမီဒီယာများကို​ဖြေကြားခြင်းကိုလည်းတားမြစ်ပြီး ၊အင်တာဗျူးလက်မခံ​တော့ဟု​ဖော်ပြ

MNDAA ၏ စစ်သင်တန်းတစ်ခု။ ဓါတ်ပုံ- MNDAA

ထားမြတ်/People’s Spring

ကိုးကန့်တပ်မတော်(MNDAA)က လတ်တလောအခြေအနေများနှင့်ပတ်သက်သည့် အချက် ၄ ချက်အဓိကပါဝင်​သော စည်းကမ်းချက်ကို ထုတ်ပြန်ခဲ့ရာ MNDAA တပ်ဖွဲ့ဝင်နှင့် ဝန်ထမ်းများ အားလုံးသည် ခွင့်ပြုချက်မရှိဘဲ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအပါအဝင် အမေရိကန် ၊အနောက်နိုင်ငံများသို့ ခရီးသွားခြင်းမှ တားမြစ်ကြောင်း ထုတ်ပြန်​ကြေညာသည်။

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မ​တော်(MNDAA)၏ ထုတ်ပြန်ချက်တွင်ခွင့်ပြုချက်မရှိဘဲနိုင်ငံတကာသို့ခရီးသွားလာခြင်းမပြုရန် ၊ ခွင့်ပြုချက်မရှိဘဲ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် နိုင်ငံတကာ ညီလာခံများအားလုံးကို ပါဝင်ခြင်းမှ တားမြစ်ကြောင်း​လည်းဖော်ပြထားသည်။

အမေရိကန် အပါအဝင်အနောက်တိုင်းမီဒီယာများ နှင့် တွေ့ဆုံမေးမြန်း​ဖြေကြားမှုကိုလည်း တားမြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ထိုအပြင်ယခုနှစ်၌ နိုင်ငံခြားမီဒီယာများနှင့်အင်တာဗျူးကိုလက်ခံမည်မဟုတ်ဟုလည်းဆိုသည်။

Public Service Announcement

Public Service Announcement

ထိုအပြင် မြန်မာနိုင်ငံ အခြေအနေများနှင့်ပတ်သက်သည့် သဘောထားများကို ပုဂ္ဂလိကနှင့် ခွင့်ပြုချက်မရှိဘဲအဖွဲ့အစည်းအမည်ဖြင့်ဖော်ပြခြင်းကို တားမြစ်ထားသည်။

စည်းကမ်းချက်များ ဖောက်ဖျက်ပါက အခြေအနေနှင့် အကျိုးဆက်များ အပေါ် မူတည်၍ ဆောင်ရွက်သွားမည်ဟုလည်း MNDAAက ထုတ်ပြန်သည်။

ယခုကဲ့သို့ ထုတ်ပြန်ခြင်းမှာ မြန်မာ့ပြည်တွင်းရေးတွင် ပြည်ပတပ်ဖွဲ့ဝင်များ ဝင်ရောက်စွက်ဖက်ရန် စီစဉ်နေကြောင်းသတင်းရရှိ၍ ဖြစ်သည်ဟု ဖော်ပြထားသည်။သို့​သော် ပြည်ပတပ်ဖွဲ့ဝင်များဝင်​​ရောက်စွက်ဖက်ရန် စီစဥ်​နေသည်ဆိုခြင်းနှင့် ပတ်သက်၍ အ​သေးစိပ်​ဖော်ပြထားခြင်းမရှိ​ပေ။ တပ်ဖွဲ့ဝင်များအား ပြင်ပအင်အားစုများက အတင်းအကြပ်အသုံးမပြုစေရန်နှင့် မလိုလားအပ်သော အငြင်းပွားမှုများနှင့်ပဋိပက္ခများတွင် ပါဝင်ခြင်းမှ ကာကွယ်ရန် ယခုကဲ့သို့ စည်းကမ်းထုတ်ပြန်ခြင်းဖြစ်သည်ဟုဆိုသည်။

MNDAA ကို လားရှိုးမြို့မှ ပြန်လည်ဆုတ်ခွာရန် တရုတ်အစိုးရက ဖိအားပေးသည့် အကြောင်းအရာ ပါဝင်သော တရုတ် အထူးကိုယ်စားလှယ်နှင့် ၀တပ်ဖွဲ့ ခေါင်းဆောင်အချို့ တွေ့ဆုံသည့် အစည်း

အဝေးမှတ်တမ်းတစ်ခု ​အောက်တိုဘာလဆန်းတွငိထွက်ပေါ်လာသည်။ အဆိုပါ အစည်းအဝေး မှတ်တမ်းတွင် ၀တပ်ဖွဲ့အနေဖြင့် MNDAA ထံသို့ လက်နက်ခဲယမ်းများ မရရှိစေရေး ပိတ်ဆို့ရန် အပါအဝင် MNDAAအပေါ် တရုတ်အစိုးရ၏ ပြင်းထန်သည့်ဖိအားပေးမှုများ ပြုလုပ်နေကြောင်းဖော်ပြသည့် အချက်အလက်များ ပါရှိသည်။

MNDAA အနေဖြင့် စက်တင်ဘာ ပထမပတ်ကလည်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် နိုင်ငံရေး၊ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မည်မဟုတ်ကြောင်း သဘောထားရပ်တည်ချက်ကို ထုတ်ပြန်ထားသည်။

တစ်ဖက်တွင်လည်း စစ်ကောင်စီက စက်တင်ဘာ နောက်ဆုံးပတ်တွင်MNDAA နှင့် TNLAတို့သည် အမေရိကန်မှ ဒေါ်လာသန်းရာချီ ထောက်ပံ့မှု

ရထားကြောင်း သတင်းအမှားဖြန့်ချီဝါဒဖြန့်ခဲ့သည်။ယင်းနှင့်ပတ်သက်၍ MNDAAက အမေရိကန်ထံမှ သွယ်၀ိုက်၍ ဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ ထောက်ပံ့မှု မရယူဖူးကြောင်းရှင်းလင်းခဲ့ပြီး စစ်ကောင်စီ၏ ဝါဒဖြန့်မှုကို ရှုတ်ချခဲ့သည်။

စစ်ရေးနိုင်ငံရေး လေ့လာသူ ဦးဇော်ဆန်ကမူ တရုတ်အစိုးရသည် စစ်ကောင်စီ ဘက်က ရပ်တည်ပြီး MNDAA အပါအဝင် တရုတ်-မြန်မာ နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကိုဖိအားပေးနေကြောင်း သုံးသပ်သည်။

“တော်လှန်ရေး အဖွဲ့အများစုက ဒီမိုကရေစီ ဘက်တော်သားဆိုတော့ ကွန်မြူနစ် နိုင်ငံဖြစ်တဲ့ တရုတ် အစိုးရ အတွက်တော့စိုးရိမ်စရာတွေရှိနေမှာပါ” ဟု ဦးဇော်ဆန်က ပြောသည်။

တရုတ်၏စွက်ဖက်ဖိအားပေးမှုကြောင့်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် PDFများ၏ စစ်ရေးဆောင်ရွက်မှုများအရှိန်တန့်နေရကြောင်း၊ အကယ်၍ မြစ်ကြီးနား၊ ဗန်းမော်၊ တောင်ကြီး၊ ပြင်ဦးလွင်နှင့်မန္တလေးတို့အားPDFများနှင့် တိုင်းရင်းသား တပ်များက တိုက်ခိုက်ပါက တရုတ် အစိုးရ၏ ဖိအားပေးမှု ပိုပြင်းထန်လာနိုင်သည်ဟုလည်း ဦးဇော်ဆန်က သုံးသပ်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။

နိုင်ငံတကာ

မြေရှား သတ္တုတွေ ရရှိနိုင်ရေးအတွက် တရုတ်အပေါ် အလွန်အကျွံ မှီခိုနေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ စီးပွားရေး အင်အားကြီး နိုင်ငံတွေ စုဖွဲ့ထားတဲ့ G7 ထိပ်သီး ညီလာခံမှာ ဆွေးနွေးခဲ့ကြပါတယ်။