Connect with us

Hi, what are you looking for?

သတင်း

ထားဝယ်ထောင်၌ နိုင်ကျဉ်းတစ်ဦး ဆေးကုသမှုလုံလောက်စွာမရ၍ သေဆုံးပြန်

ယခုနှစ်အတွင်း အကျဥ်းထောင်၌သေဆုံးသူ နိုင်ကျဥ်း ၁၅ ဦးအထိ ရှိလာ

ထားဝယ်အကျဉ်းထောင်အား တွေ့ရစဥ်။ ဓာတ်ပုံ - CJ

ဇေအောင်/People’s Spring

ထားဝယ်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားတစ်ဦး ဆေးကုသမှုလုံလောက်စွာမရ၍ သေဆုံးခဲ့ရပြီး ယခုနှစ်အတွင်း အကျဥ်းထောင်များ၌ သေဆုံးသူ ၁၅ ဦးအထိ ရှိလာကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က သတင်းထုတ်ပြန်သည်။

ထားဝယ်အကျဉ်းထောင်တွင် ပုဒ်မ (၅၀)ည နှင့်ပုဒ်မ (၅၂)တို့ဖြင့် မတရားဖမ်းဆီးခံထားရသည့် (၆၂)နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ဦးရဲအောင်(ခ)ကိုချင်းဆိုသူသည် အောက်တိုဘာ ၁၇ရက်တွင် ထားဝယ်ဆေးရုံ၌ သေဆုံးခဲ့ရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က အသိပေးသည်။

အဆိုပါ နိုင်ငံရေးအကျဥ်းသားသည် အကျဉ်းထောင်အတွင်း ဖမ်းဆီးခံထားရစဉ် စက်တင်ဘာ၂၇ရက်တွင် လေဖြတ်သွားသည့်အတွက် ထောင်တွင်းဆရာဝန်အင်အားလောက်ငှမှုမရှိ၍ ထောင်ပြင်ပသို့ ပို့ဆောင်ကုသမှုခံယူခဲ့ရကြောင်း၊ အဆိုပါ လေဖြတ်ရောဂါဝေဒနာကို ကုသမှုခံယူနေချိန်၌ သေဆုံးသွားခြင်းဖြစ်ကြောင်း PPNMက ထပ်မံအသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ၂၀၂၄အတွင်း အကျဥ်းထောင်များအတွင်း၌ ဆေးဝါးစောင့်ရှောက်မှု

မလုံလောက်၍ သေဆုံးသူ ၁၅ဦးအထိရှိလာကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ထုတ်ပြန်ထားသည်။

“ထောင်တွင်းဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာ မရရှိတဲ့အခြေအနေကို သူလေဖြတ်တဲ့ဝေဒနာ ခံရစဥ်မှာပဲ တွေ့ရတယ်။ ထောင်ငယ်​တွေမှာဆိုရင် ပိုပြီးဆိုးရွားတဲ့ ထောင်တွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပိုပြီးတွေ့ရတယ်။”ဟု PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။

ကျဆုံးရသည့် အခြေအနေအသေးအစိတ်အား မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှ အတည်ပြုနိုင်ရေး ကြိုးစားနေကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

မန္တလေးမြို့က ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဒိန်းဒေါင်(ခ)ဦးစိုးမိုးနိုင်ဟာ ဒီကနေ့မနက်မှာမြင်းခြံအကျဉ်းထောင်မှာ ကွယ်လွန်သွားတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။

သတင်း

အကျဉ်းထောင် ၁၃ခုမှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေဆီကနေ ငွေကြေး မတရားခေါင်းပုံဖြတ်တာနဲ့ ဆေးဝါးပေးပို့မှု ပိတ်ပင်ကန့်သတ်တာတွေ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်လုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

သြစ​တြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးရန်ပုံငွေစျေးရောင်းပွဲတို့ကို ဒီက​နေ့ (သြဂုတ် ၃၀) ပြုလုပ်ခဲ့ပါတယ်။