Connect with us

Hi, what are you looking for?

သတင်း

၄နာရီကျော်မီးငြှိမ်းသတ်ရသည့် မော်လမြိုင်မြို့ စက်သုံးဆီဆိုင်မီးလောင်ပေါက်ကွဲမှု လူ၂၁ဦး ဒဏ်ရာရ

ဆီဆိုင်အတွင်းရပ်ထားသည် ဆီဘောက်ဆာ ယာဉ်သည် ယနေ့(နိုဝင်ဘာ ၇ရက်) ညနေ ၅နာရီ ၂၀ မိနစ်တွင် မီးစတင်လောင်ကျွမ်းပြီး ဆီဆိုင်ကိုပါ မီးကူးစက်ခြင်းဟု သတင်းရရှိသည်။

(မောင်လမြိုင်မြို့ရှိ စက်သုံးဆီဆိုင်နှင့် ဆီသယ်ယာဉ် မီးလောင်မှုဖြစ်နေစဉ်။ ဓာတ်ပုံ - Gzo)
(မောင်လမြိုင်မြို့ရှိ စက်သုံးဆီဆိုင်နှင့် ဆီသယ်ယာဉ် မီးလောင်မှုဖြစ်နေစဉ်။ ဓာတ်ပုံ - Gzo)

မိထက်/People’s Spring

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရိုးကိုးရပ်ကွက်ရှိ စက်သုံးဆီဆိုင်တွင် ဆီဘောက်ဆာယာဉ် မီးလောင်ပေါက်ကွဲမှုဖြစ်ပြီး မီးငြှိမ်းသတ်သူများအပါအဝင် လူ၂၁ဦး ဒဏ်ရာရခဲ့သည်။

ဆီဆိုင်အတွင်းရပ်ထားသည် ဆီဘောက်ဆာ ယာဉ်သည် ယနေ့(နိုဝင်ဘာ ၇ရက်) ညနေ ၅နာရီ ၂၀ မိနစ်တွင် မီးစတင်လောင်ကျွမ်းပြီး ဆီဆိုင်ကိုပါ မီးကူးစက်ခြင်းဟု သတင်းရရှိသည်။

(မောင်လမြိုင်မြို့ရှိ စက်သုံးဆီဆိုင်နှင့် ဆီသယ်ယာဉ် မီးလောင်မှုဖြစ်နေစဉ်။ ဓာတ်ပုံ - Gzo)
(မောင်လမြိုင်မြို့ရှိ စက်သုံးဆီဆိုင်နှင့် ဆီသယ်ယာဉ် မီးလောင်မှုဖြစ်နေစဉ်။ ဓာတ်ပုံ – Gzo)

အဆိုပါ မီးလောင်မှုကို မီးသတ်တပ်ဖွဲ့၊လူမှုရေးအဖွဲ့များနှင့် ဒေသခံများက ဝိုင်းဝန်းငြှိမ်းသတ်စဉ် ပေါက်ကွဲမှုဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ကြခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

မီးသတ်တပ်ဖွဲ့ဝင် ၇ဦး၊လူမူကယ်ဆယ်ရေးသမား ၁၄ဦးဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

” မီးငြိမ်းကာနီး ပေါက်ကွဲတာ။ အဲဒီမှာ ဒဏ်ရာတွေရတာ။ မီးဟပ်တာတွေကြောင့်လဲ ထိခိုက်တာရှိတယ်”ဟု နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။

ဆီထွက်ပေါက်ကို ပိတ်နိုင်ပြီဟု လူမှုရေးအဖွဲ့ဝင်များက အော်ပြောပြီး မကြာမီ ပေါက်ကွဲခြင်းဟု ဆိုသည်။ဒဏ်ရာရသူများ၏ အခြေအနေကို နောက်ဆက်တွဲ မသိရှိရသေးပေ။

အဆိုပါ မီးလောင်မှုကို မီးငြှိမ်းသတ်ယာဉ် ၁၀စီး၊ မီးသတ်ရေသယ်ယာဉ် ရှစ်စီးဖြင့် ငြှိမ်းသတ်ခဲ့ရာ ည ၉နာရီ၅၅ မိနစ်တွင် မီးငြိမ်းသည်ဟု မီးသတ် တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

မော်လမြိုင်မြို့ နဂါးမောက်ဘုရားမှာ သာသနာပြုဆင်ဆိုတဲ့ခေါင်းစဉ်နဲ့ ထားရှိတဲ့ ဆင် ၅ကောင်ကို သဘာဝအတိုင်း ကျက်စားနိုင်ဖို့အတွက် ပဲခူးရိုးမထဲကို ပြန်လွှတ်လိုက်ပါတယ်။

သတင်း

ဖားကန့်မှာဒီနေ့ မနက်အစောပိုင်းကစပြီးတိုက်ပွဲပြင်းထန်ဖြစ်နေသလို စစ်တပ်ကမြို့ထဲကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတယ်လို့​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊မော်လမြိုင်မြို့မှာဒီနေ့ ( မတ်လ ၂ ရက်) မနက်အစောပိုင်းက နေအိမ် မီးလောင်မှုဖြစ်ပြီး သက်ကြီးပိုင်း အဘိုး၊အဘွား နှစ်ဦး သေဆုံးသွားတယ်လို့ လူမှုကူညီရေးအသင်းထံကသိရပါတယ်။

နိုင်ငံတကာ

မက္ကဆီကို နိုင်ငံက ကုန်စုံဆိုင် တစ်ခုမှာ ပေါက်ကွဲမှု ဖြစ်ပွားပြီး မီးလောင်ခဲ့တာကြောင့် လူ ၂ ဒါဇင်နီးပါး သေဆုံးခဲ့ပါတယ်။