Connect with us

Hi, what are you looking for?

သတင်း

မော်လမြိုင်မှာ ဆိုင်ကယ်ကယ်ရီမောင်းသူ ၁ဦး ပစ္စည်းလု သတ်ဖြတ်ခံရ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ ဆိုင်ကယ်ကယ်ရီမောင်းသူ ၁ဦး ပစ္စည်းလုယက်ပြီး အသတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

(သေဆုံးသူရဲ့ ရုပ်အလောင်းကို သယ်ဆောင်နေစဉ်။ ဓာတ်ပုံ - ရာမညအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့)

ဇူလိုင်-၃၊၂၀၂၆။တေဇ/People’s Spring

မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ ဆိုင်ကယ်ကယ်ရီမောင်းသူ ၁ဦး ပစ္စည်းလုယက်ပြီး အသတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇူလိုင် ၂ ရက် နံနက်မှာ သေဆုံးသူရဲ့ ဖုန်းကို ကောက်ရာခဲ့ရာက အဲဒီ့နေရာမှာ တစ်စုံတစ်ခုကို ဆွဲချထားတဲ့ စွပ်ကြောင်းတွေ့တာကြောင့် ရှာဖွေခဲ့ပြီး တောင်ရိုးတန်း View Point ရဲ့အောက်ဘက် ခြုံထဲမှာ သေဆုံးသူကို ထိုးသွင်းဒဏ်ရာတွေနဲ့ မှောက်လျက်အနေအထား တွေ့ခဲ့ရတာဖြစ်တယ်လို့ ရာမည အရေးပေါ်လူမှူကူညီရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

သေဆုံးသူက ဇူလိုင် ၁ ရက်ည ၈နာရီခွဲလောက်မှာ ပုလဲဖြူဟိုတယ်နားကနေ ကယ်ရီလိုက်သွားခဲ့ပြီး အဲဒီ့နေ့ညကတည်းက အဆက်အသွယ်မရခဲ့တာလို့ သေဆုံးသူရဲ့ ဇနီးက အထက်ပါ လူမှုရေးအဖွဲ့ကိုပြောပါတယ်။

Public Service Announcement

Public Service Announcement

“လူ့အသက်တစ်ချောင်းက ဆိုင်ကယ်တစ်စီးလောက်တောင် တန်ဖိုးမရှိတော့ဘူးလား” လို့ ပြည်သူတစ်ဦးက မေးခွန်းထုတ်ထားပါတယ်။

ဒါ့အပြင် ဒီဖြစ်စဉ်က တရားဥပဒေစိုးမိုးမှု မရှိတာကိုပြသနေတာဖြစ်ပြီး ပြည်သူတွေရဲ့ လုံခြုံရေးအတွက် ဖေ့စ်ဘွတ်ခ်အသုံးပြုသူတွေက မေးခွန်းထုတ်ထားကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ထိုင်း-မြန်မာ၊ နယ်စပ်လမ်းကြောင်းတွေကနေတဆင့် မှောင်ခိုဝင်ရောက်လာတဲ့ ထိုင်းကုန်စည်ပစ္စည်းတွေကို အာဏာသိမ်းစစ်တပ်က ဘားအံနဲ့ မော်လမြိုင်မြို့တွေမှာ ကြားဖြတ်ဖမ်းဆီးသိမ်းဆည်းတာတွေပိုမိုလုပ်ဆောင်လာနေပါတယ်။

သတင်း

မွန်ပြည်နယ် ၊မော်လမြိုင်မြို့၊ မရမ်းကုန်းရပ်ကွက်၊ ကမ်းနားလမ်းရှိ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်ကို မနေ့ (သြဂုတ် ၂၈ ရက် ) မနက်ပိုင်းမှာ အမျိုးသား သုံးဦးက သေနတ်ပြပြီး ဓားပြတိုက်သွားတယ်လို့မြို့ခံအချို့ဆီကသိရပါတယ်။

သတင်း

မွန်ပြည်နယ်၊ မော်လမြိုင်မှာ ရထားနဲ့ ကားတိုက်မိပြီး ဒဏ်ရာရသူရှိတယ်လို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့၀င်တချို့က ပြောပါတယ်။

ဆောင်းပါး

ဇွန် ၈ ရက် ညနေ ၄ နာရီခွဲခန့်က ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၊ ၃၉(က)ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၁၃ နှစ်အရွယ် ၆ တန်း ကျောင်းသား မင်းခန့်​ဇော်ခေါ် တူးတူးဟာ ကျောင်းကနေအိမ်ပြန်ရောက်ပြီးမကြာခင် အိမ်ကနေ ပြန်ထွက်သွားခဲ့တယ်။ သူငယ်ချင်းအိမ်ခဏသွားဦးမယ်ဆိုပြီးထွက်သွားခဲ့တာလို့ အိမ်နီးချင်းတွေက ပြောတယ်။

Facebook