Connect with us

Hi, what are you looking for?

သတင်း

ကရင်နီပြည်နယ်၌ သုံးလအတွင်း ရဲတပ်သားသစ် ၁၀၀ကျော် ခန့်အပ်

ကရင်နီပြည်နယ်၌ သုံးလအတွင်း ရဲတပ်သားသစ် ၁၀၀ကျော်အား ခန့်အပ်နိုင်ခဲ့ကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က အသိပေး ထုတ်ပြန်သည်။

(၂၀၂၄ ဇူလိုင်အတွင်းက လွိုင်ကော်မြို့နယ်တွင် ကရင်နီပြည်ရဲတပ်ဖွဲ့ဝင်များ ရှောင်တခင်စစ်ဆေးမှု ပြုလုပ်နေစဥ်။ ဓာတ်ပုံ - KSP)
(၂၀၂၄ ဇူလိုင်အတွင်းက လွိုင်ကော်မြို့နယ်တွင် ကရင်နီပြည်ရဲတပ်ဖွဲ့ဝင်များ ရှောင်တခင်စစ်ဆေးမှု ပြုလုပ်နေစဥ်။ ဓာတ်ပုံ - KSP)

ရဲခေါင်/People’s Spring

ကရင်နီပြည်နယ်၌ သုံးလအတွင်း ရဲတပ်သားသစ် ၁၀၀ကျော်အား ခန့်အပ်နိုင်ခဲ့ကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က အသိပေး ထုတ်ပြန်သည်။

ဇူလိုင်မှ စက်တင်ဘာအထိ သုံးလပတ်အတွင်း IEC ဌာနများ၏ လုပ်ငန်းဆောင်ရွက်ချက်များအရ ရဲတပ်သားသစ် များမွေးထုတ်ခြင်းအပါအဝင် ရဲစခန်းနှင့် ရဲကင်း သုံးခုအား တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့သည်ဟု ဆိုသည်။

အဆိုပါကာလအတွင်း ကရင်နီပြည်ရဲဌာခွဲမှ အမှုပေါင်း ၄၁မှုအား ကိုင်တွယ်ခဲ့ပြီး ထိုအမှုများတွင် စစ်ကောင်စီနှင့်ပတ်သက်သော အမှု (၂) မှု၊ လူ သတ်မှု (၁)မှု၊ ခိုးမှု​(၃)မှု၊ မူးယစ်ဆေးဝါးမှု (၂၅) မှု၊ အခြားမှု (၁၀)မှုအဖြစ် ခွဲခြားသတ်မှတ်နိုင်ပြီး၊ တရားရုံးများတွင် စစ်ဆေးဆဲ​ အမှု (၂၁)မှုနှင့် စိစစ်ဆဲအမှု (၂၀)မှု ရှိကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ပြည်ထဲရေးဌာနအောက်ရှိ ပြည်သူ့အုပ်ချုပ်ရေးဌာနခွဲမှ​ မြို့နယ်အဆင့် ပူးပေါင်း အုပ်ချုပ်ရေးအဖွဲ့များကို မြို့နယ်ပေါင်း (၅) မြို့နယ်တွင် ထပ်မံဖွဲ့စည်းနိုင်ခဲ့ကြောင်း IEC က ပြောသည်။

၂၀၂၄အတွင်း မြို့နယ်ပေါင်း ၁၆မြို့နယ်တွင် မြို့ နယ်အဆင့် အုပ်ချုပ်ရေးအဖွဲ့များဖွဲ့စည်းထားပြီးအဆိုပါမြို့နယ်များတွင် ကျေးရွာအုပ်စုနှင့် ရပ်ကျေးအဆင့်ဆင့်တို့တွင် အုပ်ချုပ်ရေးယန္တရားများလည်ပတ်ကာ အခြေခံပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီးဖြစ်ကြောင်းလည်း အသိပေးထားသည်။

ပြည်သူ့လုံခြုံရေးနှင့် တရားဥပ​ဒေစိုးမိုးရေးကဏ္ဍအတွက် ကရင်နီပြည်ရဲဌာနခွဲ (KSP)ကိုဖွဲ့စည်းထား​ပြီး ကရင်နီပြည်နယ်၌ ရဲစခန်းနှင့် ရဲကင်း ၃၀ ကျော်ကို ရဲတပ်သား ၇၀၀ခန့်ဖြင့် ဖွင့်လှစ်ထားကာ ၂၀၂၄တွင် ရဲဝန်ထမ်း ၁,၀၀၀ ပြည့်မီရန် IEC က လျာထားသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေး အားကောင်းသော ဒေသတစ်ခုဖြစ်သည့် ကရင်နီပြည်နယ်၌ စစ်ဘေးရှောင်ပြည်သူ ၂၈၂,၆၁၅ အထိရှိကြောင်း ကရင်နီလူမှုအသင်းအဖွဲ့ကွန်ရက်က ဆို သည်။

စစ်ကောင်စီ၏ ထိုးစစ်အပါအဝင် စားနပ်ရိက္ခာ ဖြတ်တောက်မှုများကြောင့် စစ်ဘေးရှောင်ပြည်သူများအတွက် နိုင်ငံတကာ၏ အကူအညီနှင့် အရေးပေါ် စားနပ်ရိက္ခာ အပါအဝင်အခြေခံ ကျန်းမာရေးစောင့်ရှောင်မှုများသည် လို အပ်ချက်များစွာရှိနေကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့များနှင့် IEC က တောင်းဆိုထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

"အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ ကျွန်တော် နေပြည်တော် ကားအငှားဝန်ဆောင်မှုနဲ့ ကားမောင်းသင်တန်းက ကိုဝင်းပါ။ အခုကတော့ ကျွန်တော် ဘယ်ရောက်နေလဲဆိုတော့ မန္တလေး တံတားဦးကို ရောက်နေတာဖြစ်ပါတယ်ခင်ဗျာ"

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ရဲ့ အတွင်းရေးမှူး အဖွဲ့ဝင်တစ်ဦးဖြစ်သလို ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC)ရဲ့ဥက္ကဋ္ဌ၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ အထွေထွေအတွင်းရေးမှူး စတဲ့ တာဝန်တွေယူထားတဲ့ ဦးအောင်ဆန်းမြင့် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း၊ကောင်းရာသုဂတိမှာငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ​ကြောင်း SCEFကထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရန်နိုင်မင်းစစ်ဆင်ရေး အဖြစ် ရှမ်းပြည်နယ်တောင်ပိုင်းကနေ ကရင်နီပြည်နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ရဲ့ မြေပြင်စစ်ကြောင်းတွေ၊ယာဥ်တန်းတွေ ချေမှုန်း ဖျက်ဆီးခံနေရပြီး မြေပြင်တပ်သားတွေ ထိခိုက်သေဆုံးမှုများနေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ဒီကနေ့ ထုတ်ပြန်ပါတယ်။