Connect with us

Hi, what are you looking for?

သတင်း

ဆီမီးခုံတွင် ရဲနှစ်ဦးပစ်သတ်ခံရပြီးနောက် စစ်တပ်က မြို့ပေါ်နေအိမ်များ ဝင်ရောက်ရှာဖွေပြီး အဖိုးတန်ပစ္စည်းများသိမ်းယူ

ယနေ့ (နိုဝင်ဘာ ၂၄ ရက်)တွင်လည်း ဆီမီးခုံဆိပ်ကမ်း-မြို့သာစက်မှု့ဇုံလမ်းမပေါ်တွင် သေနက်ပစ်ခတ်သံများကြားခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ဆီမီးခုံတွင် ရဲနှစ်ဦးပစ်သတ်ခံရပြီးနောက် စစ်တပ်က မြို့ပေါ်နေအိမ်များ ဝင်ရောက်ရှာဖွေပြီး အဖိုးတန်ပစ္စည်းများသိမ်းယူ
ဆီမီးခုံတွင် ရဲနှစ်ဦးပစ်သတ်ခံရပြီးနောက် စစ်တပ်က မြို့ပေါ်နေအိမ်များ ဝင်ရောက်ရှာဖွေပြီး အဖိုးတန်ပစ္စည်းများသိမ်းယူ

​အင်ကြင်း/People’s Spring

မြင်းခြံမြို့နယ်၊ ဆီမီးခုံမြို့တွင် ရဲနှစ်ဦး ပစ်သတ်ခံရပြီးနောက် စစ်တပ်က မြို့ပေါ်နေအိမ်များအား ဝင်ရောက်ရှာဖွေပြီး အဖိုးတန်ပစ္စည်းများ အဓမ္မသိမ်းဆည်းယူဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

နိုဝင်ဘာ ၂၁ ရက် နေ့လည်ပိုင်းက ဆီမီးခုံမြို့ပေါ်တွင် ရဲ သုံးဦးပစ်ခတ်ခံရပြီး နှစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီးနောက် စစ်တပ်က အင်အားတိုးမြှင့်ခဲ့ကြောင်း၊ ထို့နောက် နောက်တနေ့ နိုဝင်ဘာ ၂၃ရက်တွင် စစ်တပ်က မြို့တောင်ပိုင်း ရွာသာအေးရက်ကွက်ရှိ နေအိမ်များအား ဝင်ရောက်ရှာပြီး အဖိုးတန်ပစ္စည်းများအား အဓမ္မသိမ်းဆည်းသွားကြောင်း ဒေသခံများက ပြောသည်။

“စခတွေရော ရဲတွေရော၊ ပျူတွေရော ပါတယ်။ ရွှေထည်တွေ၊ ပိုက်ဆံတွေ စားစရာတွေကအစ အကုန်သယ်သွားတယ်။”ဟု ဆီမီးခုံမြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် နိုဝင်ဘာ ၂၂ ရက်ကလည်း ပျူစောထီးအားကောင်းရာ ဆုံရွာဘက်မှ ဆီမီးခုံမြို့သို့ အင်အားဖြည့်တင်းရန်လာသော စစ်သားနှင့်ပျုစောထီးများက ငါ့နန်းကျေးရွာအဝင်ရှိ လက်ဖက်ရည်ဆိုင်နှစ်ဆိုင်မှ ဆိုင်ကယ်များအား ဝင်ရောက်သိမ်းယူသွားကြောင်း ဒေသခံများက ပြောသည်။

သိမ်းဆည်းခံရသည့် ပစ္စည်းနှင့်ငွေ ပမာဏကိုမူ မသိရသေးပေ။

ယနေ့ (နိုဝင်ဘာ ၂၄ ရက်)တွင်လည်း ဆီမီးခုံဆိပ်ကမ်း-မြို့သာစက်မှု့ဇုံလမ်းမပေါ်တွင် သေနက်ပစ်ခတ်သံများကြားခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၈ရက်ကလည်း ဆီမီးခုံရဲစခန်းအနီး သေနတ်လွယ်ပြီး ကွမ်းဝယ်နေသည့် စစ်သားတစ်ဦးအား တော်လှန်ရေးရဲဘော်များက ဝင်ရောက်နပန်းလုံးပြီး သေနတ်လုခဲ့သေးသည်။

ယခုနှစ် ဇန်နဝါရီ ၂၂ ရက်ကလည်း မြင်းခြံ-ဆီမီးခုံကားလမ်းပေါ်တွင် မြင်းခြံမှ ဆီမီးခုံ ရဲစခန်းကို ပြန်လာသည့် ရဲငါးဦးအပါအဝင် ၆ ဦး ပစ်ခတ်ခံရပြီးသေဆုံးကာ လက်နက်ခဲယမ်းများပါ တော်လှန်ရေးအဖွဲ့များ ရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ-၂၀၊၂၀၂၆၊ရှိန်း/People’s Spring စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်နဲ့ စစ်ကိုင်းမြို့နယ်က ကျေးရွာ ၃ရွာကို စစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသား တစ်ဦး သေဆုံးပြီး ၂ဦးဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဝက်လက်မြို့နယ်က မင်းဂန်ရွာနဲ့ စစ်ကိုင်းမြို့နယ်၊သာစည်နဲ့ ရွှေစည်းခုံရွာ​တွေကို စစ်တပ်ကဧပြီ ၁၉ရက် ည ၁၂နာရီ ကျော်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာလို့...

အတွေးအမြင်

လွတ်လပ်ရေးရပြီး ၁၉၅၈ ခုနောက်ပိုင်းကနေ ကနေ့အချိန်ထိ စုစုပေါင်း ၆၈ နှစ်လောက်ရဲ့ မြန်မာ့ နိုင်ငံရေးသမိုင်းကို ပြန်ကြည့်မယ်ဆိုရင် စစ်တပ်က အာဏာလက်လွှတ်ခဲ့တယ်ဆိုတာ မရှိသလောက်ကို ရှားပါးခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊ ဆီမီးခုံမြို့မှာ စစ်တပ်ရဲ့ ရိက္ခာသယ်ယာဥ်တန်း တိုက်ခိုက်ခဲ့ရာ စစ်သား ၆ဦး သေဆုံးပြီး လက်နက်ခဲယမ်းတွေသိမ်းရတယ်လို့ မန္တလေးခရိုင် အမှတ်(၃)တပ်ရင်းက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ချင်းပြည်နယ် မြောက်ပိုင်း တီးတိန်မြို့နယ် သိုင်းငင်းကျေးရွာကို ရောက်လာတဲ့ စစ်ကောင်စီတပ်ဟာ အင်အား ၁၀၀ ခန့်ရှိကြောင်း တီးတိန်မြို့နယ်အခြေစိုက် PDF ဇိုလဲန်းတပ်ဖွဲ့ စစ်ဦးစီးချုပ် ကိုဂိဒွန်က ပြောပါတယ်။