Connect with us

Hi, what are you looking for?

သတင်း

ဆီမီးခုံမြို့တွင် အရက်ဆိုင်၌ အရက်သောက်နေသော ရဲ ၃ဦး ပစ်ခတ်ခံရပြီး ၂ဦးသေဆုံး

မြင်းခြံမြို့နယ်၊ ဆီမီးခုံမြို့ပေါ်ရှိ အရက်ဆိုင်၌ အရက်သောက်နေသော စစ်ကောင်စီလက်ပါးစေ ရဲ ၃ ဦး ပစ်ခတ်ခံရပြီး ၂ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

(သိမ်းဆည်းရမိသော လက်နက်ခဲယမ်းအချို့အား တွေ့ရစဥ်။ဓာတ်ပုံ - နွားထိုးကြီးဂျာနယ်)
(သိမ်းဆည်းရမိသော လက်နက်ခဲယမ်းအချို့အား တွေ့ရစဥ်။ဓာတ်ပုံ - နွားထိုးကြီးဂျာနယ်)

အင်ကြင်း/People’s Spring

နိုဝင်ဘာ ၂၁ ရက် နေ့လည် ၁၂ နာရီခွဲခန့်က ဆီမီးခုံမြို့ရဲစခန်းနှင့် မီတာ ၂၀၀ခန့်ကွာဝေးသော ရွှေစည်းခုံဘုရားအရှေ့ရှိ အရပ်ဆိုင်အတွင်း အရပ်ဝတ်ဖြင့် အရက်သောက်နေသော ဆီမီးခုံရဲစခန်းမှ နယ်ထိန်းတစ်ဦး၊ တပ်ကြပ်တစ်ဦးအပါအဝင် ရဲ ၃ဦးအား ဝင်ရောက်ပစ်ခတ်ရာ ၂ဦး ပွဲချင်းပြီး သေဆုံးပြီး တစ်ဦးလွတ်မြောက်သွားကြောင်း ပစ်ခတ်မှုတွင်ပါဝင်သော MP-9အဖွဲ့၏ တာဝန်ခံက ပြောသည်။

“လက်ဖက်ရည်ဆိုင်နဲ့အရက်ဆိုင် နှစ်ခုတွဲထားတာ။ ရဲတွေက အရက်သောက်နေကြတာ။ နှစ်ကောင်သေတယ်။တစ်ကောင်ကတော့ လက်ထိပြီးပြေးတာ။ အိမ်တစ်အိမ်ရဲ့နောက်ကိုပြေးတော့လွတ်သွားတယ်။”ဟု MP-9အဖွဲ့၏ တာဝန်ခံက ပြောသည်။

အဆိုပါ ရဲများထံမှ G3 ၃လက်အား တော်လှန်ရေးအဖွဲ့များက သိမ်းဆည်းနိုင်ခဲ့သည်။ ရဲများပစ်ခတ်ခံရပြီးနောက် စစ်အုပ်စုက မြို့ပေါ်နေပြည်သူများအား ဖမ်းဆီးရိုက်နှက်မှုများ ပြုလုပ်ခဲ့ပြီး ပျူစောထီးအားကောင်းသော ဆုံရွာဘက်မှ အင်အားများထပ်တိုးလာခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

Public Service Announcement

Public Service Announcement

ယင်းစစ်ဆင်ရေးကို မိုင်းဇာနည်ပြောက်ကျားတပ်ဖွဲ့၊ MP-9အဖွဲ့၊ တလုပ်-PDF နှင့် ရွှေဂျိုးဖြူ-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မြင်းခြံ) အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၈ ရက်ကလည်း ဆီမီးခုံရဲစခန်းအနီးကွမ်းဝယ်နေသည့် စစ်သားတစ်ဦးအား တော်လှန်ရေးရဲဘော်များက ဝင်ရောက်နပန်းလုံးပြီး သေနတ်လုယူခဲ့သေးသည်။

ယခုနှစ် ဇန်နဝါရီ ၂၂ ရက်ကလည်း မြင်းခြံ – ဆီမီးခုံကားလမ်းပေါ်တွင် မြင်းခြံဆမြို့မှ ဆီမီးခုံရဲစခန်း ပြန်လာသည့် ရဲ ငါးဦးအပါအဝင် ၆ ဦး ပစ်သတ်ခံရပြီး လက်နက်ခဲယမ်းများပါ တော်လှန်ရေးအဖွဲ့များ ရရှိခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။