Connect with us

Hi, what are you looking for?

သတင်း

ဧရာဝတီမှသွားသည့်စစ်ကူ ဂွတွင် စစ်​ကြောင်းလိုက်ပြုတ်

တိုက်ပွဲသည် နိုဝင်ဘာလ ၂၆ ရက် နေ့လယ်ကဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်မှ သေဆုံးသူသည် ၆၀ဦး အနည်းဆုံးရှိသည်ဟု ကြားသိရကြောင်း လက်ရှိတွင် ဂွမြို့ထဲ၌ ရှိနေသူတစ်ဦးကပြောသည်။

(စစ်​မှုမထမ်းမ​နေရ ဥပ​ဒေဖြင့် စု​​ဆောင်း၍ စစ်သင်တန်း​ပေး​နေ​သောစစ်သားသစ်များ။ ဓါတ်ပုံ-စစ်​ကောင်စီ)
(စစ်​မှုမထမ်းမ​နေရ ဥပ​ဒေဖြင့် စု​​ဆောင်း၍ စစ်သင်တန်း​ပေး​နေ​သောစစ်သားသစ်များ။ ဓါတ်ပုံ-စစ်​ကောင်စီ)

အိမ်သွင်/People’s Spring

ဧရာဝတီတိုင်းမှ စစ်မှုထမ်းဥပ​ဒဖြင့် စု​ဆောင်းထား​သောသင်တန်းဆင်းစစ်သားအများစုပါဝင်သည့် အင်အား ၆၀ ကျော် စစ်ကြောင်းသည် ဂွမြို့နယ်အတွင်း အာရက္ခတပ်တော်(AA)က တိုက်ခိုက်ခဲ့ရာ အများအပြားသေဆုံးပြီး စစ်ကြောင်းတကြောင်းလုံး ပြုတ်သွားသည်။

“ဂွမြို့ရဲ့ အပြင်ဘက်မှာ ဖြစ်တဲ့ တိုက်ပွဲဗျ။ ဒီစစ်ကြောင်းကလည်း မြို့ထဲကနေ ဖြတ်သွားပြီး ခဏအတွင်း တိုက်ခိုက်ခံရတာ။ တိုက်ပွဲဖြစ်နေတုန်းမှာ ဂွမြို့ထဲကနေ လက်နက်ကြီးတွေ ဆက်တိုက်ပစ်တယ်။ နောက်ပိုင်း ဘာမှပစ်သံမကြားရတော့ဘူး” ဟု ဂွမြို့ခံတစ်ဦးကPeople’s Spring သို့ပြောသည်။

တိုက်ပွဲသည် နိုဝင်ဘာလ ၂၆ ရက် နေ့လယ်ကဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်မှ သေဆုံးသူသည် ၆၀ဦး အနည်းဆုံးရှိသည်ဟု ကြားသိရကြောင်း လက်ရှိတွင် ဂွမြို့ထဲ၌ ရှိနေသူတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

“ငါးသိုင်းချောင်းလမ်းကနေပို့သမျှ အင်အားက စစ်မှုထမ်းတွေများတာ။ မြို့ထဲကနေ ဖြတ်ရင် မြင်ရတွေ့ရတာ စိတ်မချမ်းသာစရာဗျ။ စစ်သင်တန်းဆင်းကလေးတွေကို တာလပတ်မိုးကားတွေနဲ့ သယ်တာ။ အခုဖြစ်တဲ့တိုက်ပွဲမှာလည်း သူတို့(စစ်သင်တန်းဆင်းများ) ပဲ သေတာလို့ ကြားတယ်” ဟု အဆိုပါမြို့ခံကပြောသည်။

AAက စစ်သုံ့ပန်းအချို့ဖမ်းဆီးထားသော်လည်း အသေးစိတ်မသိနိုင်ကြောင်း မြို့ခံသတင်းရင်းမြစ်က ပြောသည်။

ဂွမြို့နယ်သည် ဧရာဝတီတိုင်း ငါးသိုင်းချောင်းမြို့နှင့်ကုန်းလမ်းဆက်စပ်သည်။ စစ်ကောင်စီက ငါးသိုင်းချောင်း-ဂွလမ်းမှတဆင့် ရခိုင်ပြည်နယ်သို့ အင်အားအများအပြားပို့နေသည်။ ဂွမြို့နယ်တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားထွက်ပြေးနေသလို ရခိုင်ပြည်နယ်နှင့် နယ်စပ်ဖြစ်‌ သောဧရာဝတီတိုင်းမှ ကျေးရွာအချို့ကိုလည်း စစ်ကောင်စီက အတင်းအကျပ်ဖယ်ရှားခိုင်းနေကြောင်း ​ဒေသခံအချို့က​ပြောသည်။

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ် ကွင်းကောက်မြို့ရှိ အမှတ်(၅)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းနှင့် ပုသိမ်မြို့ရှိအမှတ်(၆)စစ်အခြေခံလေ့ကျင့်ရေးတပ်တွင် စစ်သင်တန်းပေးနေသူများကို ငါးသိုင်းချောင်း-ဂွလမ်းမှတဆင့် ရခိုင်ပြည်နယ်သို့ ကားများဖြင့် ဆက်တိုက်ပို့နေကြောင်း ဒေသခံများကပြောသည်။

AAသည် ရခိုင်ပြည်နယ်အတွင်း မြို့သိမ်းတိုက်ပွဲများ ဆက်လက်တိုက်ခိုက်နေပြီး တောင်ကုတ်မြို့ ​ပေါ်ရှိ စစ်တပ် တပ်စွဲ​သောစခန်း ၁၀ ခုအားသိမ်း ယူပြီး ​တောင်ကုတ်မြို့ကိုထိန်းချုပ်နိုင်ပြီဟုနိုဝင်ဘာ ၂၈ ရက်ညတွင်သတင်းထုတ်ပြန်ထားသည်။ ဂွမြို့တိုက်ပွဲသတင်းကိုမူ မထုတ်ပြန်သေးပေ။

အာရက္ခတပ်​တော်သည် ယခုအခါ စုစု‌ပေါင်းမြို့ ၁၃မြို့ကို သိမ်းယူထားပြီး အမ်း၊မောင်တောနှင့် ဂွမြို့များကို အပြီးသတ်သိမ်းပိုက်ရန် အပြင်းအထန်ထိုးစစ်ဆင်နေသည်။AA က ရခိုင်ပြည်နယ်တွင် သိမ်းပိုက်ရန် ကျန်ရှိ​နေ​သေးသည့် မြို့များကို တစ်ခုမကျန်သိမ်းပိုက်မည်ဟု နိုဝင်ဘာ ၂၈ ရက်ညတွင် ထပ်မံထုတ်ပြန်အသိ​ပေးသည်။

ဆက်စပ်သတင်းများ

သတင်း

KIA သိမ်းထားတဲ့မဘိမ်းမြို့ကို ထိုးစစ်ဆင်ဖို့ စစ်အင်အား ၂၀၀၀ ကျော်စုဖွဲ့ထားလို့ မကြာမီ တိုက်ပွဲပြင်းနိုင် စစ်ရေးသတင်းရင်းမြစ်ပြော

သတင်း

ကချင်ပြည်နယ်၊ရွှေကူမြို့နယ်၊ဧရာ၀တီမြစ်ကြောင်းတလျှောက်ရွှေတူးဖော်တာ မလုပ်ဖို့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)က တားမြစ်တဲ့စာထုတ်ပြန်လိုက်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ကလိန်အောင်မြို့ အရှေ့ခြမ်း မြန်မာ-ထိုင်းနယ်စပ်ရှိ နတ်အိမ်တောင်တပ်စခန်း စစ်ကူလာသည့် စစ်ကောင်စီတပ်အား တိုက်ခိုက်ရာ လေးဦးသေဆုံးပြီး လက်နက်ခဲယမ်းအချို့သိမ်းဆည်းရရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်နည်းဗျူဟာ(၃၃)က ယမန်နေ့ (ဩဂုတ်၅ရက်) ထုတ်ပြန်သည်။

သတင်း

တနင်္သာရီတိုင်း၊ကလိန်အောင်မြို့ အရှေ့ခြမ်း မြန်မာ-ထိုင်းနယ်စပ်ရှိ နတ်အိမ်တောင်တပ်စခန်း စစ်ကူလာသည့် စစ်ကောင်စီတပ်အား တိုက်ခိုက်ရာ လေးဦးသေဆုံးပြီး လက်နက်ခဲယမ်းအချို့သိမ်းဆည်းရရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် နည်းဗျူဟာ(၃၃)က ယနေ့(ဩဂုတ်၅ရက်) ထုတ်ပြန်သည်။