Connect with us

Hi, what are you looking for?

သတင်း

ကချင်ကိုသွားတဲ့စစ်တပ်ယာဉ်တန်းကို​တော်လှန်​ရေးတပ်​တွေတိုက်ခိုက် ယာဉ်အချို့ မီးလောင်ပျက်စီး

ကချင်ပြည်နယ်ကို စစ်ကူ နဲ့ လက်နက်ခဲယမ်းဖြည့်တင်းဖို့ ကြိုးစား​နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ယာဥ်တန်း​တွေကို လမ်းမှာကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ယာဉ်အချို့ မီးလောင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။

(၂၀၂၆ နှစ်လယ်ပိုင်းမှာ စစ်တပ်ကားတန်း​တွေကို စစ်ကိုင်းတိုင်းနဲ့ကချင်ပြည်နယ်အစပ်မှာ PDF ​တွေက ဒရုန်းနဲ့တိုက်ခိုက်စဥ်။ ဓါတ်ပုံ-PDF စစ်ရုံးချုပ်)

အောက်တိုဘာ-၁၀၊၂၀၂၆။ထားမြတ်/People’s Spring

ကချင်ပြည်နယ်ကို စစ်ကူ နဲ့ လက်နက်ခဲယမ်းဖြည့်တင်းဖို့ ကြိုးစား​နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ယာဥ်တန်း​တွေကို လမ်းမှာကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ယာဉ်အချို့ မီးလောင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။

အောက်တိုဘာ ၁၀ရက်က မန္တလေးကနေ ထွက်လာတဲ့ ကားအစီး​ရေ ၁၃၃ စီးပါ စစ်တပ်ယာဉ်တန်းဟာ အောက်တိုဘာ ၁၁ရက် ကသာမြို့ကို အဝင်မှာ တိုက်ခိုက်ခံရတာဖြစ်ပြီး ယာဉ်တန်းပါဒရုန်းကား၂စီးမီးလောင်ကျန်နေခဲ့တယ်လို့ ဆိုပါတယ်။ အခုညပိုင်းမှာတော့ စစ်တပ်ယာဉ်တန်းရဲ့ရှေ့ဆုံးကားတွေ ကချင်ပြည်နယ် မိုးညှင်းမြို့ကို ဝင်ရောက်ခဲ့ကြောင်း သတင်းရင်းမြစ်က အသိပေးပါတယ်။

“တိုက်ခိုက်မှု အသေးစိတ် မသိရသေးဘူး။ ကား ၅၀ ခန့်ကစစ်အင်အား ၊ ကျန်တာရိက္ခာ၊ လူသုံးကုန်၊ ဆီတွေလို့ သိရတယ်။ ရည်မှန်းချက်ကတော့ မြစ်ကြီးနားလို့ သုံးသပ်တယ်” လို့ ကချင်စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။

Public Service Announcement

Public Service Announcement

ကချင်ပြည်နယ်ကို စစ်တပ်က နည်းမျိုးစုံ ကုန်းလမ်း၊ရေလမ်း စတဲ့ လမ်းကြောင်းမျိုးစုံကနေ အင်အားဖြည့်တင်းဖို့ ကြိုးပမ်းနေသလို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ကလည်း စစ်တပ်ရဲ့ စစ်ကူဖြည့်တင်းမှုတွေအပေါ် ကြားဖြတ်တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်​​နေပါတယ်။

အခုဝင်လာတဲ့ စစ်တပ်ယာဉ်တန်းမှာပါလာတဲ့ တပ်သားတွေထဲမှာစစ်တပ်က အဓမ္မ စစ်သားစုဆောင်းထားတဲ့စစ်မှုထမ်းတပ်သားသစ်တွေ အများစုပါလာနိုင်ကြောင်းလည်း သတင်းရင်းမြစ်က သုံးသပ်ပါတယ်။

စစ်တပ်ဟာ သြဂုတ်လကုန်နဲ့စက်တင်ဘာလဆန်းကလည်း ကချင်ပြည်နယ် ဗန်းမော်ကို ရေကြောင်းကနေ စစ်ကူ၊ လက်နက် ခဲယမ်း ရိက္ခာတွေဖြည့်တင်းဖို့ ကြိုးပမ်းခဲ့ရာ KIA ပူးပေါင်းတပ်ရဲ့ တိုက်ခိုက်မှုကြောင့်အထိနာခဲ့ပါတယ်။ ဩဂုတ်လကုန်နဲ့ စက်တင်ဘာလ တိုက်ပွဲတွေအတွင်း ရွှေကူ-ဗန်းမော်ကြား ရေကြောင်း တိုက်ပွဲမှာ စစ်တပ်သင်္ဘော အစီး ၂၀ ခန့်ကို KIA ပူးပေါင်းတပ်က တိုက်ခိုက်ဖျက်ဆီးခဲ့ပါတယ်။သင်္ဘောအချို့ ကမ်းကပ် အလံဖြူထောင်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁၈ဦးထက်မနည်း စစ်သုံပမ်းအဖြစ်ဖမ်းမိခဲ့ပါတယ်။

လက်ကျန်သင်္ဘောအချို့ ဗန်းမော်ကို ရောက်သွားလို့ စစ်တပ်ကစစ်အင်အားအထိုက်အလျောက်ဖြည့်တင်းနိုင်ခဲ့ပြီးအဲဒီ​နောက်ပိုင်း ဗန်းမော်မြို့မှာတိုက်ပွဲတွေပြန်လည်ပြင်းထန်​​​နေ ပါတယ်။

စစ်ကောင်စီတပ်ဟာ ကချင်ဒေသ စစ်မျက်နှာမှာ နည်းမျိုးစုံနဲ့ အင်အားဖြည့်တင်းတာ၊ လူသစ်စုဆောင်းတာ၊ ပေါ်တာ ဆွဲတာတွေပိုလုပ်နေသလို စစ်တပ် လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေထပ်မံဖွဲ့စည်း​ပေးပြီး ​အင်အားပိုကြီးထွား​အောင်လုပ်​နေတာ​တွေ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အင်းတော်မြို့နယ်၊ မဲဇာရွာအနီးတိုက်ပွဲပြင်းထန်‌နေစဥ်မှာ စစ်တပ်ကတိုက်ပွဲနဲ့ မဆိုင်တဲ့လူနေကျေးရွာအတွင်း လေကြောင်းကနေ ဗုံးကြဲလို့ ကလေးငယ်နှစ်ဦး သေဆုံးသွားတယ်လို့ သတင်းရရှိပါတယ်။

သတင်း

မဟာစည်ဆရာတော်ကြီးဖွားမြင်ရာဇာတိရွာဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်၊ဆိပ်ခွန်ရွာမှာရှိတဲ့ မဟာစည်ရိပ်သာကျောင်းတိုက်ကို ဒီနေ့ ( အောက်တိုဘာ ၁၁ ရက်) မှာ အာဏာသိမ်းစစ်တပ်က ဗုံးကြဲတိုက်ခိုက်ရာ စစ်ရှောင်ပြည်သူ နှစ်ဦးသေဆုံးသွားတယ်လို့ NUG လက်အောက်ခံ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ထုတ်ပြန်ပါတယ်။

သတင်း

ကသာ-ထီးချိုင့်လမ်းပိုင်းကို အသုံးမပြုဖို့ PDFသတိပေး

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်တွေမှာ အာဏာသိမ်းစစ်တပ်က စစ်ရေးလှုပ်ရှားမှုတွေ ပိုပြုလုပ်လာလို့ တိုက်ပွဲတွေ ပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

Trending

Facebook