Connect with us

Hi, what are you looking for?

သတင်း

မလှိုင်တွင် ဆက်ကြေးပေးဖွင့်သည့်ဂျင်ဝိုင်း စစ်တပ်ကပြန်ဖမ်း၍ လောင်းကစားသမားအများအပြား ဖမ်းဆီးခံရ

စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း မန္တလေးတိုင်းအတွင်းရှိ စစ်ကောင်စီထိန်းချုပ်ရာနယ်မြေများတွင် လောင်းကစားဝိုင်းများ ပေါများနေပြီး စစ်အုပ်စုက ငွေကြေးယူ၍ဖွင့်ခွင့်ပြုထားသည်။

(စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နေရာအနှံ့တွင် လောင်းကစားဝိုင်းများ အများအပြားရှိလာသည်။ ဓာတ်ပုံ − CJ)
(စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နေရာအနှံ့တွင် လောင်းကစားဝိုင်းများ အများအပြားရှိလာသည်။ ဓာတ်ပုံ − CJ)

ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တွင် စစ်ကောင်စီအဖွဲ့ထံ ဆက်ကြေးပေးဖွင့်သည့် ဂျင်ဝိုင်းကို စစ်တပ်က ပြန်ဖမ်း၍ လောင်းကစားသမားအများအပြား ဖမ်းဆီးခံလို​က်ရကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့(ဒီဇင်ဘာ ၁၅ရက်) နေ့လယ်ပိုင်းက မလှိုင်မြို့နယ်၊ လယ်ကြီးရွာအနောက်ဘက်တွင် စစ်ကောင်စီတပ်နှင့်ရဲများအား ဆက်ကြေးပေးဖွင့်ထားသည့် ဂျင်ဝိုင်းကို စစ်တပ်က ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း၊ သက်ကြီးပိုင်းနှင့် ကလေးသူငယ်များအား ပြန်လွှတ်ပေးသော်လည်း အခြား လောင်းကစားလုပ်နေသူ ယောကျာ်း၊မိန်းမ အများအပြားအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း လူထုသတင်းကွန်ယက်-မလှိုင်မြို့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“သူတို့က ဆက်ကြေးတောင်းတာက လုပ်လို့တောင်းတာပါ။ တောင်းရလို့ လုပ်ခိုင်းတာမဟုတ်ဘူးပေါ့။ အခုလိုဖမ်းတဲ့အခါကြ ဆက်ကြေးပေးတဲ့သူပါချင်မှပါမယ်။ လာကစားတဲ့သူ စျေးရောင်းတဲသူတွေပါတော့တာပေါ့။ ဆိုင်ကယ်၊ကား၊ ငွေ အကုန်သိမ်းလို့ရတယ်ဗျာ။ လူတွေပြန်ရွေးခိုင်းမယ်။ စစ်မှူထမ်းအသက် မီသူတွေ ငွေများများတောင်းမယ်။ မရရင် စစ်မှုထမ်းခိုင်းမယ်။ ဂွင်ကြီးကြီးမိတာပေါ့။”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

သို့သော် ဖမ်းဆီးခံရသူ အရေအတွက်ကိုမူ အတိအကျမသိရသေးပေ။

ဖမ်း​ဆီးခံရသူများတွင် လူငယ်များလည်း ပါဝင်၍ စစ်မှုထမ်းခိုင်းမည်ဟု ယူဆရကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်က မလှိုင်မြို့နယ်တွင် စစ်မှုထမ်းရန်အတွက် လူငယ်အများအပြားအား ဖမ်းဆီးနေရာ ဒီဇင်ဘာ ဒုတိယပတ်အတွင်း လူငယ် ၃၀ခန့် ဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း မန္တလေးတိုင်းအတွင်းရှိ စစ်ကောင်စီထိန်းချုပ်ရာနယ်မြေများတွင် လောင်းကစားဝိုင်းများ ပေါများနေပြီး စစ်အုပ်စုက ငွေကြေးယူ၍ဖွင့်ခွင့်ပြုထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ခန့်အုပ်ချုပ်​ရေးမှူးကဦး​ဆောင်ပျူအဖွဲ့ ဖွဲ့ထားချိန်ယခုဖြစ်စဥ်ဖြစ်ခဲ့ဟုဒေသခံအချို့​ပြော

သတင်း

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းက ကျေးရွာ ၇ ရွာကျော်က နေအိမ် ၃၀ ကျော် မီးရှို့ဖျက်ဆီးပြီး ယာဥ်တွေအပါအဝင် တန်ဖိုးကြီးပစ္ည်းတွေ သိမ်းယူသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မိတ္ထီလာခရိုင်ထဲကမလှိုင်မြို့နယ်မှာတိုက်ပွဲဖြစ်တာမရှိဘဲ အာဏာသိမ်းစစ်တပ်ကစက်တပ်လေထီးနဲ့ ဗုံးကြဲတာကြောင့်ပြီးခဲ့တဲ့ ရက်ပိုင်းဇူလိုင်လ ၃၁ ရက်ညနေပိုင်းကအသက် ၆၀ အရွ​ယ်အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရတယ်လို့ နယ်ခံအချို့ဆီကသိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တောင်ပိုင်းက ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ ၁ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။