Connect with us

Hi, what are you looking for?

သတင်း

မလှိုင်၊ထမ္မကြီးရွာစစ်တပ်ခန့်အုပ်ချုပ်​ရေးမှူးအပါအဝင်ဒေသခံ ၁၂ဦးအသတ်ခံရပြီး စစ်ကြောင်း ဝင်လာလို့ပြည်သူတိမ်း​ရှောင်ရ

စစ်တပ်ခန့်အုပ်ချုပ်​ရေးမှူးကဦး​ဆောင်ပျူအဖွဲ့ ဖွဲ့ထားချိန်ယခုဖြစ်စဥ်ဖြစ်ခဲ့ဟုဒေသခံအချို့​ပြော

ဩဂုတ်၃၁၊၂၀၂၆၊ကတ်သရင်း၊​နေသစ်/People’s Spring

မန္တလေးတိုင်း၊မလှိုင်မြို့နယ်၊ထမ္မကြီးရွာမှာ စစ်တပ်ခန့်အုပ်ချုပ်ရေးမှူးလည်းဖြစ်ပျူ​စောထီး​ခေါင်း​ဆောင်လည်းဖြစ်သူအပါအဝင် ဒေသခံ ၁၂ ဦးဒီက​နေ့မှာ သတ်ဖြတ်ခံရပြီး​နောက်စစ်တပ်စစ်​ကြောင်းဝင်ရောက်လာတဲ့အတွက်ဒေသခံ တွေရှောင်တိမ်းနေရတယ်လို့ ဒေသခံ တွေကပြောပါတယ်။

ဩဂုတ်လ၃၁ရက် ၊မနက်မှာ ကား၄စီးနဲ့ လက်နက်ကိုင် ဆောင်ထားသူတွေဝင်လာပြီး ထမ္မကြီးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဦးစိုးလင်းထိုက်အပါအဝင် အမျိုးသား၁၀ဦးနဲ့ အမျိုးသမီး၂ ဦးကို သတ်ဖြတ်ခဲ့တာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒီဖြစ်စဉ်ဖြစ်ပြီးတဲ့နောက် မလှိုင်မြို့က နေစစ် တပ်ကကားတွေနဲ့​ရောက်လာပြီးရွာထဲဝင် ရောက်လာတာမို့ ဒေသခံပြည်သူတွေ ထွက်ပြေး နေကြတယ်လို့ သိရပါတယ်။

“စစ်တပ်ဝင်လာကတည်းကတော့ပြည်သူတွေကပြေးကြပြီလေ။ဘယ်သူမှမရှိကြတော့ဘူး။လက်ရှိအခြေအနေက ဘာမှအတည်ပြုမရဘူး။အဆက်သွယ် တွေမရဘူး”လို့ ဒေသခံတဦးကပြောပါတယ်။

သေဆုံးသူ စိုးလင်းထိုက်ဟာ ၂၀၂၄ခုနှစ်ကတည်းက စစ်တပ်ဖွဲ့စည်းထားတဲ့ ပြည်သူ့စစ်အဖွဲ့ခေါင်း ဆောင်တဦးဖြစ်တယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။ စစ်တပ်ခန့်အုပ်ချုပ်​ရေးမှူက ရွာကို ကာကွယ်​ရေးအတွက်ဆိုပြီး ပြည်သူ့စစ်အဖွဲ့ (​ခေါ်) ပျူ​စောထီး ဖွဲ့ဖို့ ဖိအား​ပေး​ပြီး ပျူအဖွဲ့ ဖွဲ့ပြီးချိန်မှာ အခုဖြစ်စဥ်ဖြစ်ခဲ့တာလို့ ​ဒေသခံအချို့က​ပြောပါတယ်။

“PDFဆိုရင် အဲ့လိုမလုပ်သင့်ပါဘူးဗျ။ကျွန်တော်သိရသလောက်သူတို့ကအဖွဲ့ (ပျူအဖွဲဲ့)ပဲဖွဲ့ထားတာဘယ်သူ့မှဒုက္ခမပေးရသေးပါဘူးဗျ။လူတစ်ယောက်မှလဲမသတ်ဖူးပါဘူး။ရှေ့တန်းမှသူပစ်ကိုယ်ပစ်တောင်လက်နက်ချအညံ့ခံရင်မသတ်ရတာ။ခုကလက်နက်ကိုင်ဆောင်ထားခြင်းမရှိသေးပါဘူး။အဖွဲ့ဖွဲ့ထားရုံပဲရှိပါသေးတယ်”လို့ ​ဒေသခံတဦးက​ပြောပါတယ် ။

စစ်တပ်စစ်​ကြောင်းဝင်လာလို့​ဒေသခံ​​တွေတိမ်း​ရှောင်ကြရ​ပေမယ့် ည​နေပိုင်းမှာ ​ဒေသခံအများစုရွာထဲပြန်ဝင်ပြီလို့ သိရပါတယ်။ စစ်တပ်က ထမ္မကြီးရွာ အနီးတဝိုက်က ​နေရာအချို့ကို သြဂုတ် ၃၁ ရက်ည​နေမှာ ဗုံးကြဲခဲ့တယ်လို့လည်း ​ဒေသခံအချိူ့က​ပြောပါတယ်။

“စစ်တပ်က သင်တန်းပေးထားတဲ့ရွာဗျ။ ဒီရွာကြောင့် တော်တော် ဒုက္ခရောက်ကြတယ်။ စစ်တပ်က လက်နက်ထုတ်ပေးထားတယ်။ တိုက်ပွဲဖြစ်ရင် ခေါ်သုံးတယ်။ ပြီးရင် လက်နက်တွေပြန်သိမ်းတယ်။ဒီရက်ထဲလည်းအဲ့ရွာကနေ စစ်ကြောင်းထွက်မယ်ကြားနေလို့ ဘေးရွာတချို့ ရှောင်ရတယ်” မလှိုင်မြို့နယ်မှ​ဒေသခံတဦးက​​ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်တပ်ဝါဒဖြန့် လူမှုကွန်ရက်​တွေက စိုးလင်းထိုက် အပါအဝင် ၁၂ ဦးကို တော်လှန်ရေးအဖွဲ့ တွေက သတ်ဖြတ်ခဲ့တယ်လို့စွပ်စွဲ​ရေးသားပြီး​သေဆုံးသူ​တွေရဲ့ရုပ်အ​လောင်းဓါတ်ပုံဖြန့်​ဝေ​နေတာ​တွေ့ရပါတယ်။

ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီးတော်လှန်ရေးတပ် တွေက ထုတ်ပြန်ထားတာမျိုးမရှိ သေးသလို ဘယ်အဖွဲ့အစည်းက ပစ်ခတ်သတ်ဖြတ်ခဲ့တယ်ဆိုတာကိုလည်းမသိရ​သေးပါဘူး။

​ဒေသတွင်း​တော်လှန်​ရေးအဖွဲ့တစ်ခုဖြစ်တဲ့ Guardians Of Mahlaing အဖွဲ့ရဲ့တာဝန်ရှိသူက​”အဲ့ဒီရွာမှာ စစ်တပ်ဘက်က ဖွဲ့စည်းထားတဲ့ ပြည်သူ့စစ်ခေါင်းဆောင်၊ ဒုခေါင်းဆောင်၊ ဘဏ္ဍာရေးမှုးနဲ့ အဖွဲ့ဝင်(၉)ဦး ကိုတော်လှန်ရေးအင်အားစုတွေဘက်က ရှင်းလင်းသွားတာလို့ သိရပါတယ်”လို့ပြောပါတယ်။

ရှင်းလင်းခံရတဲ့ ပြည်သူ့စစ်အဖွဲ့ဟာ မိတ္ထီလာခရိုင်ထဲမှာ စစ်တပ်နဲ့အတူပေါ်တာဆွဲတာ၊ ဂိတ်ချငွေတောင်းတာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတချို့ရဲ့ပြောပြချက်အရသိရတယ်လို့အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

ထမ္မကြီးရွာဟာ ရန်ကုန်-မန္တလေးအမြန်လမ်း ၂၉၅ မိုင် ရဲ့ အနောက်ဘက် ၄မိုင်ခန့်အကွာမှာရှိပါတယ် ။ မလှိုင်မြို့ရဲ့ အရှေ့ဘက် မှာရှိပြီးမြို့နယ်အစွန်မှာတည်ရှိတဲ့ကျေးရွာဖြစ်ပါတယ်။ရွာဟာ မလှိုင်မြို့ရဲ့ အရှေ့တောင်ဘက်မှာရှိပြီး မိတ္ထိလာမြို့နဲ့လည်း ဆက်စပ် နေပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

နေပြည်တော်ကလာတဲ့ အမိန့်ကို ဂရုမစိုက်တတ်တဲ့၁၀၂၇စစ်ဆင်ရေးဖိုက်တာMNDAAက ရှမ်းမြောက်မှာ စစ်တပ်နဲ့ အုပ်ချုပ်ရေးအာဏာပြိုင်ပွဲကို အသံတိတ်စစ်မျက်နှာဖွင့်လှစ်လိုက်ပါတယ်။

သတင်း

ချင်းပြည်တောင်ပိုင်း မြေပြင်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ရှုံးမဲမဲတဲ့အနေနဲ့ အရပ်သားပြည်သူလူထုတွေအပေါ် သူရဲဘောကြောင်စွာ နေ့ညအချိန်မရွေး လေကြောင်းကနေဗုံးကြဲတိုက်ခိုက်နေလို့ ထိန်းချုပ်နယ်မြေအတွင်း ပြည်သူတွေအနေနဲ့ လေကြောင်းရန် အထူးဂရုစိုက်ကြဖို့ ထပ်မံ တိုက်တွန်းကြောင်း ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA) က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်း-‌ ရွှေဘို- မြစ်ကြီးနားလမ်းပိုင်းမှာ စစ်တပ်က ပေါ်တာဆွဲတာတွေကြမ်းနေလို့ အခုရက်ပိုင်း တွေမှာ လူငယ်အမျိုးသား၊အမျိုးသမီးတွေ သွားလာဖို့ မသင့်သေးဘူးလို့ ကားသမားတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ပေါက်နဲ့ မြိုင်မြို့နယ်အနောက်ခြမ်းက စစ်တပ်စစ်ကြောင်းဟာ တဲကြီးကျေးရွာကို မီးရှို့ပြီး ရေနံမြေအတွင်း၀င်ဖို့ ကြိုးပမ်းနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။