အောက်တိုဘာ – ၁ ၊၂၀၂၆
မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ ထန်းပင်ကန်ကျေးရွာအုပ်စု၊ ညောင်ပင်တဲရွာကရေကန်မှာမနေ့ ( စက်တင်ဘာလ ၃၀ ရက် )ညနေပိုင်းက လူငယ်အမျိုးသားသုံးဦး ရေနစ်သေဆုံးသွားတယ်လို့ လူမူကူညီရေး လုပ်ကိုင်သူ ဆီကသိရပါတယ်။
ဒေသအခေါ် ကျောက်စီရေကန်ထဲမနေ့ညနေပိုင်း ၅ နာရီဝန်းကျင်မှာ ဆင်းရာကနေတစ်ဦးရေနစ်တာကို ကယ်ဆယ်ရင်းကျန်တဲ့ နှစ်ဦးပါရေနစ်သေဆုံးတာလို့ ကနဦးသိရတာပါ။
ရေဆင်းချိုးရာကနေရေနစ်တာလို့လူမှုကူညီရေးလုပ်ကိုင်သူကပြောပေမယ့်ဖြစ်စဉ်ကိုတော့သီးခြားအတည်မပြုနိုင်ပါဘူး။

Public Service Announcement
“ကောင်လေးနှစ်ဦးကညီအကိုအရင်းတွေပါ၊ ရေနစ်တာကို အချင်းချင်းကယ်ရင်းဖြစ်သွားတာ “ လို့လူမူကူညီရေး လုပ်ကိုင်သူတစ်ဦးကပြောပါတယ်။
သေဆုံးသွားတဲ့သုံးဦးဟာအသက် ၂၅ နှစ်အရွယ်လူငယ်တွေဖြစ်ကြပြီး အမွှာညီအကိုနှစ်ဦး လည်းပါဝင်တယ်လို့ သိရပါတယ်။
သူတို့သုံးဦးဟာညောင်ပင်တဲရွာခံတွေဖြစ်ကြပြီးရုပ်အလောင်းတွေကိုမလှိုင်ဆေးရုံကြီးဆီပို့ဆောင်ထားပါတယ်။



















































