Connect with us

Hi, what are you looking for?

သတင်း

ဧရာဝတီတိုင်းမှ ရခိုင်စစ်ဘေးရှောင်များကိုဖိအားပေးရွှေ့ပြောင်းခိုင်းမှုများမလုပ်ရန် ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့​တောင်းဆို

ချောင်းသာနှင့်ရွှေသောင်ယံမြို့နယ်တွင် စစ်ဘေးရှောင်သုံးထောင်ခန့်ရှိနေသည်။ ဒေသခံများအား ပင်လယ်၌ငါးဖမ်းခွင့်ကိုလည်း စစ်ကောင်စီကပိတ်ပင်ထားသည်။

(ရခိုင်စစ်​​ဘေး​ရှောင်ပြည်သူများ ။ဓါတ်ပုံ-AFP)
(ရခိုင်စစ်​​ဘေး​ရှောင်ပြည်သူများ ။ဓါတ်ပုံ-AFP)

▪︎”ပြည်သူတွေက လက်ခံတယ်။ ကူညီတယ်။ စစ်တပ်၊ ထွေအုပ်နဲ့ ရဲက လက်ခံတဲ့သူတွေကိုပါ ဖမ်းနေတယ်”-​ရေကြည်မြို့နယ်မှ ပြည်သူတဦး

အိမ်သွင်/People’s Spring

တိုက်ပွဲများကြောင့် ဧရာဝတီတိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်လာသည့် ရခိုင်စစ်ဘေးရှောင်များအား လူသားချင်းစာနာထောက်ထားစွာဖြင့် အတင်းဖိအားပေးရွှေ့ပြောင်းခိုင်းမှု့များမလုပ်ကြရန် ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့က ထုတ်ပြန်တောင်းဆိုထားသည်။

ဧရာဝတီတိုင်း ဟင်္သာတ ၊ မြန်‌‌အောင်၊ ရေကြည်၊ ပုသိမ် နှင့် ကျုံပျော်ခရိုင်တွင် ရောက်ရှိနေသော ရခိုင်စစ်ဘေးရှောင်များကို စစ်ကောင်စီက ပြန်လည်နှင်လွှတ်နေပြီး ဖမ်းဆီးမှုများလည်းပြုလုပ်နေသည်။

သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ရခိုင်စစ်ဘေးရှောင်များအား လူသားတစ်ယောက်၏ လွတ်လပ်စွာရွေ့ပြောင်းနေထိုင်ခွင့်အားလေးစားလိုက်နာ၍ လူသားချင်းစာနာထောက်ထားစွာဖြင့် အတင်းဖိအားပေးရွှေ့ပြောင်းခိုင်းမှု့များမလုပ်ကြရန် ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့က ဒီဇင်ဘာလ၂၅ရက်နေ့တွင် တောင်းဆိုထားသည်။

Public Service Announcement

Public Service Announcement

“ပြည်သူတွေက လက်ခံတယ်။ ကူညီတယ်။ စစ်တပ်၊ ထွေအုပ်နဲ့ ရဲက လက်ခံတဲ့သူတွေကိုပါ ဖမ်းနေတယ်။ တမင်သက်သက် ပစ်မှတ်ထားပြီးလုပ်နေတာ” ဟု ရေကြည်မြို့နယ်မှ​ဒေသခံတဦးကပြောသည်။

ဧရာဝတီတိုင်း၊ရေကြည်မြို့နယ်၊ခွေးတောက်ကွက်သစ်အုပ်စု၊ကုန်းပြင်အနီးဝန်းကျင်နှင့်တစ်ခြား ဧရာဝတီတိုင်းမြို့နယ်အတွင်းရှိကျေးရွာများတွင် နေထိုင်ကြသော ရခိုင်စစ်ဘေးရှောင်ပြည်သူများ အား အတင်းရွှေ့ပြောင်းကြရန် သက်ဆိုင်ရာတာဝန်ရှိသူများမှဖိအားပေးဆောင်ရွက်နေသည်များကို ကြားသိရ၍စိတ်မကောင်းဖြစ်မိသည်ဟု ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဧရာဝတီတိုင်းရောက် ရခိုင်စစ်ဘေးရှောင်ပြည်သူများအား အတတ်နိုင်ဆုံးကြိုးစားကူညီဆောင်ရွက်သွား မည်ဖြစ်ကြောင်းလည်းအသိပေးထားသည်။

ဂွမြို့နယ်မှတိုက်ပွဲများကြောင့် ဒေသခံများသည် ဧရာဝတီတိုင်းအတွင်း အများအပြားထွက်ပြေးခဲ့ကြသည်။ ပုသိမ်ခရိုင်မှ ချောင်းသာနှင့်ရွှေ သောင်ယံမြို့နယ်၊ ဟင်္သာတခရိုင်မှ လေးမျက်နှာမြို့နယ်၊ ကျုံပျော်ခရိုင်မှ ရေကြည်နှင့် ငါးသိုင်း‌ချောင်းမြို့နယ်၊ မြန်အောင်ခရိုင်မှ ကြံခင်းနှင့် မြန်အောင်မြို့နယ်တို့တွင် လာရောက်တိမ်းရှောင်သူ စစ်ဘေးရှောင် ၁၀,၀၀၀ ခန့်ရှိနိုင်ကြောင်း သက်ဆိုင်ရာမြို့နယ်များမှ အရပ်ဘက် အရေးလှုပ်ရှားသူများက ခန့်မှန်းထားသည်။

ရခိုင်ပြည်နယ်မှ ရောက်ရှိလာသည့် စစ်ဘေးရှောင်များ ဒီဇင်ဘာလ ၂၇ရက်၌ အပြီး ထွက်ခွာရန် မြို့နယ်အသီးသီးရှိ ထွေအုပ်၊စစ်ကောင်စီတပ်နှင့်ရဲတပ်ဖွဲ့က အသိပေးထားကြောင်း သတင်းရရှိသည်။

ချောင်းသာနှင့်ရွှေသောင်ယံမြို့နယ်တွင် စစ်ဘေးရှောင်သုံးထောင်ခန့်ရှိနေသည်။ ဒေသခံများအား ပင်လယ်၌ငါးဖမ်းခွင့်ကိုလည်း စစ်ကောင်စီကပိတ်ပင်ထားသည်။

ရေကြည်မြို့တွင်လည်း ရခိုင်စစ်ဘေးရှောင်များတည်းခိုနေသည့်နေအိမ်များ စစ်ကောင်စီက လိုက်လံရှာဖွေကာ ကျောင်းတက်နေသောကျောင်းသားများမှလွဲ၍ ကျန်သူများ မြို့နယ်အတွင်းမနေရန် ဖိအား​ပေး​နေသည်ဟု သိရှိရသည်။ ထို့အပြင် ရေကြည်မြို့၊ မြောက်စမ်းကျေးရွာမှ ရခိုင်စစ်ဘေး ရှောင်၁၆ဦးကိုစစ်ကောင်စီက ဒီဇင်ဘာလ၂၂ရက်ညနေတွင် ဖမ်းဆီးသွားသည်။

စစ်​ကောင်စီ ကရခိုင်စစ်ဘေးရှောင်များအား ပစ်မှတ်ထား၍ဖမ်းဆီးခြင်း၊ နေရပ်သို့ ပြန်ရန်နှင်လွှတ်ခြင်းများကို ဧရာဝတီတိုင်းအတွင်းမှ မြို့နယ်များအားလုံးတွင် ရင်ဆိုင်နေရခြင်းဖြစ်သည်။

စစ်ကောင်စီ၏ လတ်တ‌ လောဖိအားပေးမှုများကြောင့် ရခိုင်စစ်ဘေးရှောင်များသည် နေရေးထိုင်ရေးနှင့် စာရေးသောက်ရေးပြဿနာများရင်ဆိုင်နေရသည်။

“စက်လှေတွေနဲ့ ပြေးလာတဲ့သူတွေဆိုအခုနှင်လွှတ်တော့ သူတို့ဘယ်သွားနေမလဲ။ ပင်လယ်ထဲပဲသွားနေကြရမှာလား။ မြင်ရတွေ့ရတာ စိတ်ထဲတော်တော်မကောင်းဘူး” ဟု ရွှေသောင်ယံမြို့နယ်မှဒေသခံတစ်ဦးကပြောသည်။

ရွှေ သောင်ယံမြို့နယ်သည် ဂွမြို့နယ်နှင့် ပင်လယ်ကမ်းရိုးတန်းအတိုင်း ဆက်စပ်နေပြီး ဂွမြို့နယ်မှစစ်ဘေး ရှောင် ၁၀၀၀ ခန့်ရောက်ရှိနေသည်။ မြို့အဝင် တံတားအနီးတွင် အမှတ်(၁)ရပ်ကွက်တွင် ရခိုင်ပြည်နယ်မှ စစ်ဘေးရှောင်သူအများအပြား ရှိနေသည်။ အဆိုပါ စစ်ဘေးရှောင်များအားဒီဇင်ဘာလ၂၅ရက်နေ့နောက်ဆုံးထား၍ ထွက်ခွာရန် စစ်ကောင်စီက ညွှန်ကြားထားသည်။ ထို့ကြောင့် ရခိုင်စစ်ဘေးရှောင်များသည် ခြေဦးတည့်ရာသို့ထွက်ခွာသွားနေရသည့်အခြေနေဖြစ်ကြောင်း ဒေသခံအချို့ကပြောသည်။

အာရက္ခတပ်တော် (AA)သည် ဂွမြို့သိမ်းတိုက်ပွဲကို အရှိန်မြှင့် တိုက်ခိုက်နေပြီး တိုက်ပွဲများသည် ဧရာဝတီတိုင်းနယ်စပ်အနီးရောက်ရှိနေသည်။ ဂွမြို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များထွက်ပြေးနေပြီး လိုက်လံတိုက်ခိုက်နေသည်ဟု AAက သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ဘေးရှောင်တွေကို ကူညီနိုင်ဖို့ရည်ရွယ်ပြီး ချင်းမိုင်မှာ ပြုလုပ်မယ့်ရန်ပုံငွေရုပ်ရှင်ပြပွဲကို လာရောက်အား‌ပေး ကြဖို့ မင်းမော်ကွန်းကဖိတ်ခေါ်ထားပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ ဂွမြို့နှင့်ဆက်စပ်နေသည့် ရွှေသောင်ယံမြို့နယ် ကုလားချောင်းကျေးရွာမှ စစ်ကောင်စီတပ်စခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက ဧရာဝတီတိုင်းအတွင်း ပထမဆုံးအကြိမ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

သတင်း

ရေကြည် အမတ ၃၄၄ မှတပ်မိသားစုဝင်များကိုပုသိမ်သို့​ပြောင်း​ရွှေ့ပြီး ​ဒေသခံများကိုမူ မ​ရွေ့​ပြောင်းရန် သတိ​​ပေး

သတင်း

ဧရာဝတီတိုင်းအတွင်း စစ်မှုထမ်းဥပဒေဖြင့် စစ်သားစုဆောင်းခံရသူများသည် ရှေ့တန်းသို့ပို့ဆောင်ခံရပြီး သေဆုံးမှုများ ဆက်တိုက်ရှိသည်။

Facebook