Connect with us

Hi, what are you looking for?

သတင်း

AAကို စစ်ရှုံးနေသည့်စစ်ကောင်စီက ဧရာဝတီတိုင်းရောက်ရခိုင်စစ်ဘေးရှောင်များ နှင်လွှတ်နေ

ချောင်းသာနှင့် ရွှေသောင်ယံမြို့နယ်တွင် စစ်ဘေးရှောင် သုံးထောင်ခန့်ရှိနေသည်။ ဒေသခံများအား ပင်လယ်၌ငါးဖမ်းခွင့်ကိုလည်း စစ်ကောင်စီကပိတ်ပင်ထားသည်။

AAကို စစ်ရှုံးနေသည့်စစ်ကောင်စီက ဧရာဝတီတိုင်းရောက်ရခိုင်စစ်ဘေးရှောင်များ နှင်လွှတ်နေ
AAကို စစ်ရှုံးနေသည့်စစ်ကောင်စီက ဧရာဝတီတိုင်းရောက်ရခိုင်စစ်ဘေးရှောင်များ နှင်လွှတ်နေ

အိမ်သွင်/People’s Spring

ဧရာဝတီတိုင်းရှိ ဟင်္သာတ၊ မြန်‌‌အောင်၊ ပုသိမ်နှင့် ကျုံပျော်ခရိုင်တို့တွင် ရောက်ရှိနေသော ရခိုင်စစ်ဘေးရှောင်များအား စစ်ကောင်စီက နှင်လွှတ်နေပြီး ဖမ်းဆီးမှုများလည်း ပြုလုပ်နေကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်မှတိုက်ပွဲများကြောင့် ဒေသခံများသည် ဧရာဝတီတိုင်းအတွင်း အများအပြားထွက်ပြေးလာခဲ့ကြသည်။ ပုသိမ်ခရိုင်မှ ချောင်းသာနှင့်ရွှေ သောင်ယံမြို့နယ်၊ ဟင်္သာတခခရိုင်မှ လေးမျက်နှာမြို့နယ်၊ ကျုံပျော်ခရိုင်မှ ရေကြည်နှင့် ငါးသိုင်း‌ ချောင်းမြို့နယ်၊ မြန်အောင်ခရိုင်မှ ကြံခင်းနှင့် မြန်အောင်မြို့နယ်တို့တွင် လာရောက်တိမ်းရှောင်သူ စစ်ဘေးရှောင် သောင်းနှင့်ချီရှိနိုင်ကြောင်း သက်ဆိုင်ရာမြို့နယ်များမှ အရပ်ဖက်အရေးလှုပ်ရှားသူများက ခန့်မှန်းထားသည်။

ရခိုင်ပြည်နယ်မှ ရောက်ရှိလာသည့် စစ်ဘေးရှောင်များအား ဒီဇင်ဘာ ၂၇ရက် အပြီးထွက်ခွာရန် မြို့နယ်အသီးသီးရှိ စစ်ကောင်စီ၏ ထွေအုပ်၊စစ်တပ်နှင့် ရဲတပ်ဖွဲ့က အသိပေးထားကြောင်း သတင်းရရှိသည်။

Public Service Announcement

Public Service Announcement

” ကျတော်တို့က ကူညီချင်တယ်။ ရဲက လက်မခံဘူး။ ရခိုင်စစ်ဘေးရှောင် တွေကိုကူညီရင် ဖမ်းမယ်လို့ ခြိမ်းခြောက်ထားတယ်” ဟု ချောင်းသာမြို့နယ်မှ ဒေသခံတစ်ဦးကပြောသည်။

ချောင်းသာနှင့် ရွှေသောင်ယံမြို့နယ်တွင် စစ်ဘေးရှောင် သုံးထောင်ခန့်ရှိနေသည်။ ဒေသခံများအား ပင်လယ်၌ငါးဖမ်းခွင့်ကိုလည်း စစ်ကောင်စီကပိတ်ပင်ထားသည်။

ရေကြည်မြို့တွင်လည်း ရခိုင်စစ်ဘေးရှောင်များတည်းခိုနေသည့်နေအိမ်များအား စစ်ကောင်စီက လိုက်လံရှာဖွေကာ ကျောင်းတက်နေသော ကျောင်းသားများမှလွဲ၍ ကျန်သူများ မြို့နယ်အတွင်းမနေရန် ညွှန်ကြားသွားသည်ဟု သိရှိရသည်။ ထို့အပြင် ရေကြည်မြို့၊ မြောက်စမ်းကျေးရွာမှ ရခိုင်စစ်ဘေး ရှောင် ၁၆ဦးကို စစ်ကောင်စီက ဒီဇင်ဘာလ၂၂ရက်တွင် ဖမ်းဆီးသွားသည်။

ရခိုင်စစ်ဘေးရှောင်များအား ပစ်မှတ်ထား၍ဖမ်းဆီးခြင်း၊ နေရပ်သို့ ပြန်ရန်နှင်လွှတ်ခြင်းများကို ဧရာဝတီတိုင်းအတွင်းမှ မြို့နယ်များအားလုံးတွင် ရင်ဆိုင်နေရခြင်းဖြစ်သည်။

” ရခိုင်ကလာတဲ့ စစ်ဘေးရှောင်တွေကို စစ်အုပ်စုက စီမံချက်နဲ့ ကိုင်တွယ်နေတယ်လို့ သိရတယ်။ ပြည်သူတွေအနေနဲ့ကတော့ နည်းမျိုးစုံ အကူအညီပေးနေပါတယ်။ ဒါပေမယ့် စစ်တပ်က အခု အညှိုးတကြီးနဲ့ လုပ်နေပုံပေါက်တယ်” ဟု လေးမျက်နှာမြို့နယ်မှဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ လတ်တ‌လောဖိအားပေးမှုများကြောင့် ရခိုင်စစ်ဘေးရှောင်များမှာ နေရေး၊ထိုင်ရေးနှင့် စာရေးသောက်ရေးပြဿနာ အကြီးအကျယ်ရင်ဆိုင်နေရသည်။

” စက်လှေတွေနဲ့ ပြေးလာတဲ့သူတွေဆို အခုနှင်လွှတ်တော့ သူတို့ဘယ်သွားနေမလဲ။ ပင်လယ်ထဲပဲသွားနေကြရမှာလား။ မြင်ရတွေ့ရတာ စိတ်ထဲတော်တော်မကောင်းဘူး”ဟု ရွှေ သောင်ယံမြို့နယ်မှဒေသခံတစ်ဦးက ပြောသည်။

ရွှေသောင်ယံမြို့နယ်သည် ဂွမြို့နယ်နှင့် ပင်လယ်ကမ်းရိုးတန်းအတိုင်း ဆက်စပ်နေပြီး ဂွမြို့နယ်မှစစ်ဘေးရှောင် ၁,၀၀၀ခန့်ရောက်ရှိနေသည်။ အဆိုပါ စစ်ဘေးရှောင်များ ဒီဇင်ဘာ ၂၅ရက် နောက်ဆုံးထား ထွက်ခွာရန် စစ်ကောင်စီက ပြောဆိုထားသည်။

အာရက္ခတပ်တော်(AA)သည် ဂွမြို့သိမ်းတိုက်ပွဲကို တိုက်ခိုက်နေသည်။ တိုက်ပွဲများသည် ဧရာဝတီတိုင်းနယ်စပ်အနီး ရောက်ရှိနေသည်။ ဂွမြို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးနေပြီး လိုက်လံ တိုက်ခိုက်နေသည်ဟု AAက သတင်းထုတ်ပြန်ထားသည်။ ထို့အပြင် စစ်ရှုံးနေသည့်စစ်ကောင်စီတပ်သည် အရပ်သားပြည်သူများ၊ နေအိမ်အဆောက်အဦးများအားဦးတည်၍ တိုက်ခိုက်နေကြောင်းလည်း AAက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

​ဇွန် ၁၉၊ ၂၀၂၆ People’s Spring ​နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူတွေအတွက် လိုအပ်နေတဲ့ ဓာတ်ဆီတွေကို စုပေါင်းလှူဒါန်းခဲ့ကြကြောင်း သိရပါတယ်။ ​အဆိုပါ လှူဒါန်းမှုမှာ ပါဝင်ကူညီပေးခဲ့ကြတဲ့ အလှူရှင်တွေနဲ့ ဝိုင်းဝန်းကူညီပေးခဲ့ကြသူ အားလုံးကိုလည်း...

သတင်း

မန္တလေးဒေသ စစ်ဘေးရှောင်ပြည်သူ​တွေကနှင်းဆီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။