Connect with us

Hi, what are you looking for?

သတင်း

မလှိုင်မြို့နယ်တွင် ရဲအချို့ထွက်ပြေး၍ စစ်တပ်က လိုက်ရှာနေ

စစ်ကောင်စီတပ်ကလည်း မလှိုင်မြို့နယ်တွင်း ညအချိန် နေအိမ်များပေါ်အထိဝင်ရောက်ဖမ်းဆီးပေါ်တာဆွဲခြင်း၊ စက်ရုံ၊ အလုပ်ရုံမှ အလုပ်သမားများအား ဖမ်းဆီးပေါ်တာဆွဲခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

(အာဏာသိမ်းကာလအစောပိုင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်းက မန္တလေးမြို့တွင် ဆန္ဒပြနေသော ရဲတပ်ဖွဲ့ဝင်အချို့အား တွေ့ရစဥ်။ဓာတ်ပုံ-ATP)
(အာဏာသိမ်းကာလအစောပိုင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်းက မန္တလေးမြို့တွင် ဆန္ဒပြနေသော ရဲတပ်ဖွဲ့ဝင်အချို့အား တွေ့ရစဥ်။ဓာတ်ပုံ-ATP)

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်အတွင်း တာဝန်ကျနေသော ရဲအချို့ ထွက်ပြေးနေ၍ စစ်တပ်က လိုက်ရှာနေကြောင်း မလှိုင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပကဖ)မှ တာဝန်ရှိသူတဦးက ပြောသည်။

မလှိုင်မြို့နယ်အတွင်း၌ တာဝန်ကျနေသော စစ်ကောင်စီတပ်လက်အောက်ခံ ရဲဝန်ထမ်းအချို့မှာ ဒီဇင်ဘာ တတိယပတ်အတွင်း ထွက်ပြေးမှုများ ရှိနေပြီး စစ်တ​ပ်က လိုက်လံရှာဖွေနေကြောင်း မလှိုင်ပအဖ တာဝန်ရှိသူက ပြောသည်။

“နှစ်ဦး‌ပြေးတယ်လို့တော့ အတွင်းသတင်း အရသိထားပါတယ်။ နှစ်ဦးထက် ပိုမပို တော့စုံစမ်းနေတုန်းပါ။ အခုလေးငါးရက်အတွင်းပြေးကြတာ။”ဟု မလှိုင်ပအဖ တာဝန်ရှိသူက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

ထွက်ပြေးသောရဲများ၏ ရာထူးအပါအဝင် အသေးစိတ်အချက်အလက်များ မသိရသေးပေ။

မလှိုင်မြို့နယ်မှ ထွက်ပြေးနေကြသော ရဲများအနေဖြင့် ပြည်သူ့ရင်ခွင်ခိုလှုံပြီး အလင်းဝင်လိုပါက မလှိုင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ တယ်လီဂရမ် @Helpformhlgသို့ ဆက်သွယ်နိုင်ပြီး လိုအပ်သည့်အကူအညီများ ပေးသွားမည်ဟု မလှိုင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။

“အကြမ်းဖက်စစ်တပ် အဖက်ဖက်ကကျဆုံးနေတာကို အားလုံးတွေ့မြင်နေရတဲ့ အချိန်မှာ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေလည်း သိမြင်နေကြလိမ့်မယ်လို့ မြင်ပါတယ်။ ပြိုပျက်တော့မဲ့ စစ်တပ်အောက်မှာ အလုပ်မလုပ်ချင်လို့ ထွက်ပြေးကြတာထက် ကျွန်တော်တို့နဲ့ ဆက်သွယ်ပြီး ပြည်သူ့ရင်ခွင်ခုံလှုံ အလင်းဝင်တာက သူတို့အတွက် ပိုပြီးအန္တရာယ်နည်းလိမ့်မယ် လို့ ယူဆပြီး ဒီကြေညာချက်ကိုထုတ်ခဲ့တာဖြစ်ပါတယ်။”ဟု မလှိုင်ပအဖ တာဝန်ရှိသူက ပြောသည်။

ထို့ပြင် စစ်ကောင်စီတပ်ကလည်း မလှိုင်မြို့နယ်တွင်း ညအချိန် နေအိမ်များပေါ်အထိဝင်ရောက်ဖမ်းဆီးပေါ်တာဆွဲခြင်း၊ စက်ရုံ၊ အလုပ်ရုံမှ အလုပ်သမားများအား ဖမ်းဆီးပေါ်တာဆွဲခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

ယခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာ အထိ ၁၁ လအတွင်း ပြည်သူ့ရင်ခွင်သို့ ဆက်သွယ်ခိုလှုံဝင်လာသူ ၄၇၅ ဦးအထိရှိပြီး ရာထူးအားဖြင့် စစ်တပ်ဘက်မှ ဒုတိယဗိုလ်မှူးကြီးအဆင့်အထိ ပါဝင်ခဲ့ပြီး ရဲတပ်ဖွဲ့ဘက်မှ ဒုရဲမှူးအဆင့်အထိ ပါဝင်ခဲ့ကြောင်း၊ ၃ နှစ်ကျော်ကာလအတွင်း စစ်သား ၃,၇၀၀ ဦးကျော်နှင့် ရဲတပ်ဖွဲ့ဝင် ၁၁,၀၀၀ ဦးကျော် စုစုပေါင်း ၁၅,၀၀၀ ဦးခန့် ပြည်သူ့ရင်ခွင်ခိုလှုံလာခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၏ ထုတ်ပြန်ချက်များအရသိရသည်။

ဆက်စပ်သတင်းများ

သတင်း

ကျူးလွန်နေသော အကြမ်းဖက်စစ်အုပ်စု၊ ရာဇဝတ်ကောင်များကို အပြစ်ပေး အရေးယူနိုင်ရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။

သတင်း

ဝန်ထမ်းတွေရဲ့ပြောကြားချက်အရ စက်ရုံအလုပ်ရုံတိုင်းကို စစ်တပ်ကစာရင်းတောင်းတာမို့ လုပ်ငန်းရှင်တွေအားလုံးက ပေးထားရတာလို့ ဆိုပါတယ်။

သတင်း

တော်လှန်ရေးရဲဘော်၂ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့၍ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း မြိုင်ပကဖတာဝန်ရှိသူက ပြောသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းက တော်လှန်ရေးရဲဘော်တစ်ဦးအား သတ်ဖြတ်သွားကြောင်း သတင်းရရှိသည်။