Connect with us

Hi, what are you looking for?

သတင်း

NUG အစိုးရက နှစ်သစ်တွင်လွတ်ငြိမ်းကြေညာမည်

၂၀၂၅ ဇန်နဝါရီ ၁ ရက် မနက် ၈ နာရီတွင် NUG ယာယီသမ္မတ ဒူဝါလရှီးလ က နိုင်ငံ​တော်အ​ခြေပြ နှစ်သစ်ကူး မိန့်ခွန်း ​ပြော ကြားမည်ဟု NUG က​ကြေညာထားသည်။

NUG အစိုးရက နှစ်သစ်တွင်လွတ်ငြိမ်းကြေညာမည်
NUG အစိုးရက နှစ်သစ်တွင်လွတ်ငြိမ်းကြေညာမည်

အိမ်သွင်/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ပြစ်ဒဏ်ကျပြီးသူများကို စီစစ်၍ လွတ်ငြိမ်းချမ်းသာခွင့်ကို မနက်ဖြန် ၂၀၂၅ နှစ်သစ်ကူးနေ့တွင် ကြေငြာမည်ဖြစ်သည်။

လွတ်ငြိမ်းချမ်းသာခွင့်နှင့် လွတ်ငြိမ်းသက်သာခွင့်ကို NUG သမ္မတရုံးက ကြေညာမည်ဟု NUG ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန သတင်းရင်းမြစ်ကပြောသည်။

“သမ္မတကြီး ဒူဝါလရှီးလလက်မှတ်နဲ့ ထုတ်မှာ” ဟု အဆိုပါ သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

တော်လှန်ရေးအင်အားစုများကထိန်းသိမ်းထားသည့် Non CDMများ၊ NUG တရားရေးဝန်ကြီးဌာနက အမိန့်ချပြီး သော တရားခံများ၊တိုက်ပွဲများအတွင်းဖမ်းမိထားသည့် စစ်သုံ့ပန်းများကို စိစစ်၍ လွတ်ငြိမ်းပေးရန် ရှိသည်ဟု အခြား သတင်းရင်းမြစ်တစ်ဦးကလည်းပြောသည်။ သို့​သော် အ​သေးစိပ်အချက်အလက်များကိုမူမသိရ​သေး​ပေ ။

” ပါသင့်ပါထိုက်တဲ့ သူတွေ လွတ်ငြိမ်းရှိမယ်။ လွတ်ငြိမ်းချမ်းသာနဲ့လွတ်ငြိမ်းသက်သာ။ တချို့က လွတ်သွားမယ်။ တချို့က ထောက်ဒဏ်လျော့မယ်” ဟု အထက်ပါသတင်းရင်းမြစ်ကပြောသည်။

NUGအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် မဟာမိတ်များပူး​ပေါင်းဖော်ဆောင်နေသည့် တိုက်ပွဲများတွင် စစ်သုံ့ပန်းအများအပြားကို ဖမ်းမိထားသည်။ ထို့အပြင် စစ်ကိုင်းတိုင်းနှင့်မန္တလေးတိုင်းအတွင်းမြို့သိမ်းတိုက်ပွဲများတွင် Non CDM အချို့နှင့် ပြစ်မှုကျူးလွန်ထားသည့် ပျူစောထီးများကိုလည်း ဖမ်းဆီးထိန်းသိမ်းထားသည်။

ထိုအပြင် ၂၀၂၅ ဇန်နဝါရီ ၁ ရက် မနက် ၈ နာရီတွင် NUG ယာယီသမ္မတ ဒူဝါလရှီးလ က နိုင်ငံ​တော်အ​ခြေပြ နှစ်သစ်ကူး မိန့်ခွန်း ​ပြော ကြားမည်ဟု NUG က​ကြေညာထားသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က နှစ် ပါတ်တကြိမ်ပြုလုပ်လျက်ရှိသော ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း အစီအစဉ်ကို တရုတ်၊ ဂျပန်၊ ထိုင်း နှင့် အိန္ဒိယဘာသာစကား ၄ မျိုးဖြင့်ပါ စမ်းသပ်ထုတ်လွှင့်​နေပြီဖြစ်ကြောင်း NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကပြောကြားသည်။

သတင်း

စစ်ရေးပူးတွဲဆောင်ရွက်မှု ပိုမိုအားကောင်းလာမည်ဟု ဆို

သတင်း

နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေး ထိုင်းနှင့် တရုတ်အပါအဝင် အိမ်နီးချင်း ၅နိုင်ငံနှင့် အချက်အလက်မျှဝေလိုဟု တောင်းဆို

သတင်း

ချင်းပြည်(Chinland)အစိုးရ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဆေးရုံ၊ ဆေးခန်းများတွင်တာဝန်ထမ်းဆောင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ကျန်းမာရေးဝန်ကြီးဌာနက ကျန်းမာရေးဝန်ထမ်းများ ခေါ်ယူနေသည်ဟု ထုတ်ပြန်သည်။