Connect with us

Hi, what are you looking for?

သတင်း

PDFသင်တန်းကျောင်းများသို့ NUG ဝန်ကြီးချုပ် သွားရောက်

သင်တန်းသူ၊ သင်တန်းသားများနှင့် တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးချုပ်က လူငယ်များကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်ဟု အသိပေးသည်။

ဓာတ်ပုံ - NUG
ဓာတ်ပုံ - NUG

▪️နိုင်ငံ့သမိုင်းသစ်အား အသက်သွေးချွေးဖြင့် ရေးထိုးနေသည့် လူငယ်များလေးစားကျေးဇူးတင် ကြောင်း ပြောကြား

ထားမြတ်/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် ဝန်ကြီးချုပ်ရုံးတာဝန်ရှိသူများသည် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)သင်တန်းကျောင်းများသို့ သွားရောက်ပြီး သင်တန်းနည်းပြအဖွဲ့များ၊ သင်တန်းသူ၊ သင်တန်းသားများကို တွေ့ဆုံခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

သွားရောက်ခဲ့သည့် ဒေသများကို ဖော်ပြမထားသော်လည်း ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ(၆) နယ်မြေအပါအဝင် PDF တောင်ပိုင်းစစ်ဒေသတွင်းရှိ တပ်မှူး၊အရာရှိများလည်း ဝန်ကြီးချုပ်နှင့်အတူ လိုက်ပါခဲ့သည်ကို တွေ့ရသည်။

သင်တန်းသူ၊ သင်တန်းသားများနှင့် တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးချုပ်က လူငယ်များကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

ကိုယ်ပိုင်ဘဝများကို စွန့်လွှတ်ပြီး PDFများအဖြစ် တော်လှန်ရေး၌ ပါဝင်လာကြသည့် လူငယ်များကို လေးစားကျေးဇူးတင်ကြောင်း၊PDF များသည် မြန်မာနိုင်ငံ၏ သမိုင်းအသစ်ကို အသက်သွေးချွေးများဖြင့် ရေးထိုးနေကြသူများဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်ဟု ထုတ်ပြန်သည်။

ထို့ပြင် စစ်အာဏာရှင်များကြောင့် အောက်ကျ၊ နောက်ကျဖြစ်နေရသည့် နိုင်ငံတော်ကို ပြန်လည် ထူထောင်တည်ဆောက်ကြရာတွင် လူငယ်များ၏ အားဖြင့် တည်ဆောက်ရမည်ဟုလည်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားသည်။

ဓာတ်ပုံ - NUG
ဓာတ်ပုံ – NUG

ထို့ကြောင့် ရဲဘော်၊ရဲဘက်အချင်းချင်း အပြန် အလှန် စောင့်ရှောက်ကြရင်း စစ်ရေးရည်မှန်းချက် များပေါက်မြောက်အောင်မြင်အောင် ဆောင်ရွက်ကြစေလိုသည်ဟု ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးချုပ်၏ ခရီးစဉ်တွင် အလုပ်သမားရေးရာဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်နီ၊ ပြည်ထောင်စုဝန်ကြီးချုပ် ၏ ကိုယ်ရေးအရာရှိ၊ ဝန်ကြီးချုပ်ရုံးအမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာ၊ ဝန်ကြီးချုပ်ရုံးပြောရေး ဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်၊ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ဒုစစ်ရေးချုပ် ဒေါက်တာယင်းမာ၊ တောင်ပိုင်းစစ်ဒေသ၊ ဒုစစ်ဒေသခွဲမှူး(၂) ရဲဘော်စောရှား၊ ကာကွယ်ရေးဝန်ကြီးဌာန နည်းပညာအကြံပေး ဒေါက်တာလောကနတ်၊ တောင်ပိုင်းစစ်ဒေသအထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF)တပ်ဖွဲ့မှူးရဲဘော် အောင်စံရှား၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် ပကဖ တာဝန်ရှိသူများ လိုက်ပါခဲ့ကြောင်း ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

Facebook