Connect with us

Hi, what are you looking for?

သတင်း

ရှေးဟောင်းမြို့တော်ပုဂံ၊ညောင်ဦးတွင် စစ်ရေးလှုပ်ရှားမှုများပြုလုပ်သွားမည်ဟု ပကဖပြော

ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် ရှေးဟောင်းပုဂံ၊ညောင်ဦးမြို့နယ်အတွင်း စစ်ရေးအရ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကချမှတ်ထားသည့် စည်းမျဉ်းများနှင့်အညီ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်သွားမည်ဟု ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)မြို့နယ်တာဝန်ခံ ကိုလင်းက ပြောသည်။

ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပုဂံပြည်ဘီလူးတပ်ဖွဲ့ ၏ အထူးကွန်မန်ဒိုတပ်သားများများ စစ်ရေးလေ့ကျင့်နေစဉ်။ ဓာတ်ပုံ - Bagan Ogre Force

သတိုး/People’s Spring

ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် ရှေးဟောင်းပုဂံ၊ညောင်ဦးမြို့နယ်အတွင်း စစ်ရေးအရ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကချမှတ်ထားသည့် စည်းမျဉ်းများနှင့်အညီ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်သွားမည်ဟု ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)မြို့နယ်တာဝန်ခံ ကိုလင်းက ပြောသည်။

“ပုဂံ၊ညောင်ဦးမှာ ကျည်မကျရဘူး။ ပုဂံ၊ညောင်ဦးမှာ တိုက်ပွဲမဖြစ်ရဘူးဆိုတာ လုံးဝမဟုတ်ပါဘူး။ ကျွန်တော်တို့ အထက်ကချမှတ်ထားတဲ့ စည်းမျဉ်း၊စည်းကမ်းများကို လိုက်နာပြီး စစ်ရေးအရ ပုဂံ၊ညောင်ဦးမြို့နယ်အတွင်းမှာ လှုပ်ရှားသွားမှာဖြစ်ပါတယ်”ဟု ပကဖ မြို့နယ်တာဝန်ခံ ကိုလင်းက ပြောသည်။

သို့သော် စစ်ဆင်ရေးများအား ဗရမ်းဗတာ လုပ်ဆောင်သွားမည် မဟုတ်ကြောင်းလည်း ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

“ပုဂံရဲ့ ရှေးဟောင်းအမွေ အနှစ်စေတီပုထိုးတွေကို ထိခိုက်မှုမရှိအောင် အကောင်းဆုံး ပြင်ဆင်ပြီး တော့ မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေကို ကျွန်‌တော်တို့ တိုက်ထုတ်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ပုဂံမြေမှာ မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေကို လုံးဝထားမှာ မဟုတ်ပါဘူးခင်ဗျ။ ” ဟု ဒေသခံများ နှင့် ပုဂံသို့လာရောက်မည့် သူများသိရှိစေရန် ရည်ရွယ်၍ ဗီဒီယိုဖိုင်နှင့် ပြောကြားထားခြင်းဖြစ်သည်။

ပုဂံညောင်ဦးတွင် ယူနက်စကိုနယ်မြေဖြစ်သော ကြောင့် ကျည်မကျရ ၊ တိုက်ပွဲမဖြစ်ရဆိုသည့် အချက်များမှာလည်း မဟုတ်မှန်ကြောင်း ၎င်းကဆိုသည်။

“ပုဂံဆိုတာ စစ်ကောင်စီအတွက် တော်လှန်ရေးပုံရိပ်ချဖို့အတွက် အကောင်းဆုံးမြို့တစ်မြို့ဆိုလည်း မမှားပါဘူး။ ဘာလို့လည်းဆိုတော့ စစ်ကောင်စီကကောင်တွေက ဘုရားမသိ၊ တရားမသိ လက်နက်ကြီး ၊လက်နက်ငယ်တွေနဲ့ ရမ်းကား ပစ်ခတ်မှုကြောင့် စေတီပုထိုးတွေ ပျက်စီးကောင်း ပျက်စီးနိုင်ပါတယ်။ ဒီလို ပျက်စီးမှုတွေကို စစ်ကောင်စီဘက်မှ PDF တွေလာရောက်တိုက်ခိုက်လို့ ပျက်စီးတာပါဆိုပြီး အပြစ်ပုံချနိုင်တာကို ပြည်သူတွေ အနေနဲ့ ကတော့ သတိပြုစေချင်ပါတယ်”ဟု အထက်ပါ တာဝန်ခံကပြောသည်။

‌ပုဂံ၊ညောင်ဦးမြို့နယ်တွင် ရှေးဟောင်းအမွေအနှစ်စေတီပုထိုး အများအပြားရှိပြီး ယင်းအမွေအနှစ်များကို ပြည်သူအားလုံးပေါင်း၍ ထိန်းသိမ်းရမည်ဟု ၎င်းက မေတ္တာရပ်ခံသည်။

“ရှေးဘုရင်တွေ တည်ဆောက်ထားတဲ့ စေတီပုထိုး‌ တွေကို ယတြာတွေအကြောင်းပြ ဘုရားတွေဗိုက်ဖောက် ရှေးဟောင်းအမွေအနှစ်တွေကို ဖျက်ဆီးပြီး လုပ်ချင်တာလုပ်နေတာတွေအတွက်ကတော့ လုံးဝ ကျွန်တော်တို့အတွက်က အဆင်မပြေပါဘူး။ ပုဂံကိုလက်ရှိ ဖျက်ဆီးနေတာက လက်ရှိ မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေဖြစ်ပါတယ်။”ဟု ၎င်းက ပြောသည်။

ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပုဂံပြည်ဘီလူးတပ်ဖွဲ့ အနေဖြင့် ပြီးခဲ့သည့် ၂၀၂၄တွင် တိုက်ပွဲပေါင်း ၂၀ကျော် ဖော်ဆောင်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှင့် အပေါင်းအပါများဖြစ်သည့် ရဲ ၊ပျူစောထီး ၊အုပ်ချုပ်ရေးမှူး စုစုပေါင်း ၇၀ကျော်ကို ရှင်းလင်းနိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၃၁ ရက်ကလည်း ညောင်ဦးမြို့အရှေ့ဘက်ရှိ တောင်သာမြို့နယ် သပွတ်စုကျေးရွာတွင် အခြေစိုက်နေထိုင်သည့် ပျူစောထီးခေါင်းဆောင် အောင်ထွန်းဦးနှင့် အပေါင်းအပါများအား မဟာမိတ်အဖွဲ့များနှင့်အတူ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပျူများထွက်ပြေးသွားသောကြောင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းနိုင်ခဲ့သည်ဟု ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

လက်တလောတွင် ပုဂံ၊ညောင်ဦးမြို့အရှေ့ဘက်ရှိ တောင်သာမြို့နယ်၊ ပုဂံ၊ညောင်ဦးမြို့တောင်ဘက်ရှိ ‌ချောက်မြို့နယ်နှင့် ပုဂံ၊ညောင်ဦးမြို့အနောက်ဘက်ရှိ မြစ်ခြေမြို့တို့တွင် စစ်ကောင်စီနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲများဖြစ်ပွားနေသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းညီနောင်မဟာမိတ်များသိမ်းပိုက်ထားသည် ချင်းပြည်နယ် မင်းတပ်မြို့ပေါ်တွင် ပြည်သူများ မကြာမီပြန်လာနေနိုင်တော့မည်ဖြစ်ကြောင်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူ ဆလိုင်းယောမာန်က ယနေ့(ဇန်နဝါရီ ၁၈ရက်)တွင် ပြောကြားသည်။

သတင်း

မြောက်ဥက္ကလာပမြို့နယ်၌ စစ်ကောင်စီဗိုလ်မှုးတစ်ဦးက အုပ်ချုပ်ရေးအဖွဲ့များနှင့်ပူးပေါင်းကာ ပြည်သူပိုင်မြေများကို ရောင်းချနေမှုအပေါ် ကန့်ကွက်ကြောင်း နှင့် ပြည်သူများဝယ်ယူခြင်းမပြုရန် မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံကလူထုနွေဦးသို့ပြောသည်။

သတင်း

စစ်ရှိန်မြင့်နေသည့် မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်းနှင့် မြို့နယ်ချင်းစပ် လမ်းပိုင်းများ အသုံးပြုမှုကို ကန့်သတ်ကြောင်း တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့(ဇန်နဝါရီ ၁၄ ရက်)ကစ၍ ထုတ်ပြန်သည်။

သတင်း

ကဖေး/People’s Spring စစ်ရေးအခြေအနေသတိပေးထားသည့် ပုသိမ် – မုံရွာကားလမ်းပိုင်း အသုံးပြုသည့် ယာဉ်များအား အထက်မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ရှောင်တခင် စစ်ဆေးမှုပြုလုပ်ခဲ့သည်။ အထက်မင်းလှမြို့နယ်ကို ဖြတ်သန်းသွားသည့် ပုသိမ်-မုံရွာကားလမ်းပိုင်းတွင် ဇန်နဝါရီ ၁၂ရက်က စစ်ဆေးခဲ့ခြင်းဖြစ်သည်။ ပြည်သူများအနေဖြင့် လုံခြုံရေးနှင့် စစ်ဆေးရေးလုပ်ငန်းစဥ်များအား တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ခဲ့မှုအား အထူးကျေးဇူးတင်ကြောင်း အထက်မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က...