Connect with us

Hi, what are you looking for?

သတင်း

ထိုင်း-မြန်မာ နယ်စပ်မှာ ပျောက်ဆုံးခဲ့တဲ့ တရုတ်မော်ဒယ် နေရပ်ပြန်ရောက်

ထိုင်း-မြန်မာ နယ်စပ်မှာ ပျောက်ဆုံးခဲ့တဲ့ တရုတ် မော်ဒယ် တစ်ဦးကို ကယ်ဆယ်ပြီး တရုတ်နိုင်ငံဆီ ချောချောမောမော ပြန်လည် ပို့ဆောင်ပေးခဲ့ပြီး ဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ကြေညာခဲ့ပါတယ်။

ပျောက်ဆုံးပြီး အိမ်ပြန်​ပြီဆိုတဲ့တရုတ်​မော်ဒလ်။ ဓါတ်ပုံ- Yang Zeqi ဝီဘို အ​ကောင့်

ထိုင်း-မြန်မာ နယ်စပ်မှာ ပျောက်ဆုံးခဲ့တဲ့ တရုတ် မော်ဒယ် တစ်ဦးကို ကယ်ဆယ်ပြီး တရုတ်နိုင်ငံဆီ ချောချောမောမော ပြန်လည် ပို့ဆောင်ပေးခဲ့ပြီး ဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ကြေညာခဲ့ပါတယ်။

ဇန်နဝါရီ ၁၇ ရက်နေ့က ချင်းမိုင်မှာ ထိုင်းအမျိုးသား ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးရေး အရာရှိချုပ် သက်ချိုင် ပီတာနီလာဘုထ်က တရုတ် နိုင်ငံသား ယန်ကျီကီ အမှုနဲ့ ပတ်သက်လို့ နောက်ဆက်တွဲ အခြေအနေတွေကို သတင်းထောက်တွေဆီ အသိပေးခဲ့ပါတယ်။

ယန်ဟာ ထိုင်းနိုင်ငံကို အလုပ်ကိစ္စနဲ့ သွားရောက်ရင်း ပျောက်ဆုံးသွားတဲ့နောက် သူ့ရဲ့ မိသားစုက ထိုင်းအမျိုးသား ရဲတပ်ဖွဲ့ အကြီးအကဲ ရဲချုပ် ကစ်ရတ် ပန်ဖက်ကို ဆက်သွယ်ပြီး လူပျောက်မှုကို စုံစမ်းပေးဖို့ အသနားခံခဲ့ပါတယ်။

ဇန်နဝါရီ ၁၇ ရက်နေ့မှာတော့ ယန်ကို ကယ်ဆယ်ပြီးကြောင်းနဲ့ တရုတ်နိုင်ငံကို ပြန်ရောက်ပြီ ဆိုတာကို တရုတ်သံရုံးဆီက တရားဝင် အတည်ပြုချက် ရရှိထားပြီဖြစ်ကြောင်း သက်ချိုင်က ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်းနိုင်ငံကို ရောက်ရှိလာပြီးတဲ့နောက်ထိုင်း နဲ့နယ်စပ် မြန်မာဖက်ခြမ်းမှာ အခြေစိုက်တဲ့ ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေရဲ့ လူကုန်ကူး ဖမ်းဆီးမှုကို ခံခဲ့ရတယ်လို့ ယူဆရတဲ့ နိုင်ငံခြားသားတွေ ပျောက်ဆုံးမှု အားလုံးကို အင်တိုက်အားတိုက် စုံစမ်းနေတယ်လို့လည်း သက်ချိုင်က ဆိုပါတယ်။ အဲဒီအတွက် သက်ဆိုင်ရာ နိုင်ငံတကာ သံရုံးတွေနဲ့ ချိတ်ဆက်ပြီး အကူအညီပေးမှုတွေလည်း ရှိခဲ့တယ်လို့ သူက ဆိုပါတယ်။

ထိုင်းအာဏာပိုင်တွေက ယန်ရဲ့ မိသားစုဟာလည်း ယန်တရုတ်နိုင်ငံဆီ ပြန်ရောက်ပြီ ဆိုတာကို အတည်ပြုပြီး တရုတ်သံရုံးနဲ့ ထိုင်းအာဏာပိုင်တွေရဲ့ အားထုတ်မှုတွေအတွက် ကျေးဇူးတင်ကြောင်း စာရေးသား ပေးပို့ခဲ့တယ်လို့ ပြောပါတယ်။

တရုတ် ပြည်တွင်း လုံခြုံရေး ဝန်ကြီးဌာနက ဇန်နဝါရီ ၁၇ ရက်နေ့မှာ ယန်နဲ့အတူ နောက်ထပ် တရုတ်နိုင်ငံသားတချို့ကို ကယ်ဆယ်ပြီး နေရပ်ပြန်လည် ခေါ်ယူနိုင်ခဲ့တယ်လို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီကယ်ဆယ်မှုတွေဟာ ထိုင်းနဲ့ တရုတ် ရဲတပ်ဖွဲ့တွေ ပူးပေါင်းပြီး လူပျောက်မှုတွေနဲ့ ဆက်စပ်တဲ့ သံသယ တရားခံ ၁၂ ဦးကို ဖမ်းဆီးခဲ့တဲ့ ကိစ္စနဲ့ တိုက်ရိုက် ဆက်စပ်နေတယ်လို့ ယုံကြည်ရပါတယ်။

ယန်ကို ထိုင်း-မြန်မာ နယ်စပ်ကနေ ကယ်ဆယ်ခဲ့တယ် ဆိုတာကို ထိုင်းရော၊ တရုတ်ပါ အတည်ပြုထားပေမယ့် သူ့ရဲ့ ဖြစ်စဉ် အသေးစိတ်ကိုတော့ လောလောဆယ် မသိရသေးပါဘူး။ ယန်ဟာ အလုပ်ကိစ္စ ကမ်းလှမ်းခံရမှု တစ်ခုကြောင့် ဒီဇင်ဘာ ၂၁ ရက်နေ့တုန်းက ဘန်ကောက်ကို ရောက်ရှိခဲ့ပြီး အဲဒီကနေတဆင့် ထိုင်း-မြန်မာ နယ်စပ်ကို ခရီးဆက်ခဲ့ပြီး ပျောက်ဆုံးသွားခဲ့တာပါ။

အခုလ အစောပိုင်းတုန်းက တရုတ်နိုင်ငံသား သရုပ်ဆောင်တဦးဖြစ်တဲ့ ဝမ်ကျင်ဟာ ထိုင်း-မြန်မာ နယ်စပ်မှာ ပျောက်ဆုံးခဲ့တဲ့နောက် မိသားစုရဲ့ တိုင်ကြားမှုကြောင့် ထိုင်းရဲတပ်ဖွဲ့က အပူတပြင်း ရှာဖွေခဲ့ပြီး မြန်မာပိုင်နက်ထဲက ရွှေကုက္ကိုမြို့ အခြေစိုက် ကျားဖြန့် ဂိုဏ်းတွေ လက်ထဲကနေ ကယ်ဆယ်ခဲ့ရပါတယ်။ ဝမ်ပျောက်ဆုံးခဲ့မှုဟာ ကျယ်ပြန့်တဲ့ အာရုံစိုက်မှုတွေကို ခံခဲ့ရပြီး ယန်အပါအဝင် နောက်ထပ် ပျောက်ဆုံးနေသူ တချို့ရဲ့ မိသားစုတွေကပါ လူပျောက် တိုင်ကြားလာကြတာ ဖြစ်ပါတယ်။

ကိုးကား: The Nation

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ချင်းမိုင်ပြည်နယ်ထဲမှာ ရဲတွေက တရုတ် အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်ဂိုဏ်း) တစ်ခုကို စီးနင်း ဖြိုခွင်းခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

သုံးရက်အတွင်း တရုတ်နိုင်ငံသား ၆၅၀ နီးပါးကို နယ်နှင်ခဲ့ကြောင်း ကမ္ဘောဒီးယား အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အွန်လိုင်း ငွေကြေး လိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းမှာ ပါဝင်လုပ်ကိုင်နေသူ နိုင်ငံခြားသား အများအပြားကို ဖမ်းဆီး ရမိခဲ့တဲ့နောက် အင်ဒိုနီးရှား အစိုးရဟာ လက်ရှိ ဗီဇာ မူဝါဒတွေကို ပြန်လည် ဆန်းစစ်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။

သတင်း

မရမ်းကုန်းမြို့နယ်မှာဖွင့်ထားတဲ့ဟိုတယ်တစ်ခုမှာ ဧည်ကြိုလုပ်ကိုင်နေတဲ့ လူငယ်တစ်ဦး ကျားဖြန့်ဆီမှာ ရောင်းစားခံရတယ်လို့ မိခင်ဖြစ်သူကပြောပါတယ်။