Connect with us

Hi, what are you looking for?

သတင်း

ဘောမိတိုက်ပွဲထွက်​ပြေးစစ်သားများ စစ်တပ်ထံမပြန်ဘဲ ဆက်လက်ထွက်​ပြေး

ရွှေသောင်ယံမြို့နယ်၊ဘောမိရွာမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်​တပ်ထံ ပြန်မပေါင်းဘဲဒေသခံများ၏အဝတ်အစားများကို ယူဆောင်ဝတ်ဆင်၍ တောတောင်များအတွင်း ထွက်ပြေးနေကြသည်။

ရွှေ​သောင်ယံ ​ဒေသကို ​မြေပုံတွင်​တွေ့ရမှု

ကဖေး/People’s Spring

ရွှေသောင်ယံမြို့နယ်၊ ဘောမိရွာမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်​တပ်ထံ ပြန်မပေါင်းဘဲဒေသခံများ၏အဝတ်အစားများကို ယူဆောင်ဝတ်ဆင်၍ တောတောင်များအတွင်း ထွက်ပြေးနေကြသည်။

“ဒေသခံတွေဆီကနေ အဝတ်အစားတွေ အတင်းတောင်းတယ်။ထမင်းတောင်းစားတယ်။ သူတို့ ပြေးချင်လို့ပါဆိုပြီး ပြေးကြတာ။ အသက် ငယ်ငယ်တွေရော၊ အသက်ကြီးကြီးတွေရော။ ဒါပေမယ့် ပြန်မိခံရတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီက အင်အား ၅၀၀ ခန့်ဖြင့် ​ကြည်း​ရေ​လေခံစစ်ပြင်ထားသော ရွှေသောင်ယံမြို့ပေါ်နှင့် ၁၅မိုင်ခန့်ဝေးသော ဘောမိရွာတွင် ဇန်နဝါရီလ ၁၆ ရက်နေ့ညက တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ထွက်ပြေးခဲ့ရသည်။

Public Service Announcement

Public Service Announcement

အင်အား ၁၀၀ ခန့်သာ ရွှေ သောင်ယံမြို့ပေါ်ရှိစစ်တပ်ရိပ်သာတို့ ပြန်လည်ရောက်ရှိလာပြီး အများစုသည်ပျောက်ဆုံးနေသည်။ တိုက်ပွဲအတွင်းသေဆုံးသည့် ‌အရေအတွက်နှင့် ထွက်ပြေးနေသည့်အရေအတွက်ကို မသိရှိရသေးပေ။

“ကျွဲတွေနွားတွေလိုပဲ လှုပ်လှုပ်လှုပ်လှုပ်နဲ့ တပ်နဲ့ဝေးရာဘက် သွားနေကြတာ။ ဒေသခံတွေမဟုတ်တော့ လမ်းလည်းမကျွမ်းကြဘူး။ ခဏနေတော့ ပြန်ဆွဲခေါ်လာတာတွေ့ရပြန်တယ်။ မြင်ရတွေ့ရတာတွေကလည်း စိတ်မကောင်းစရာတွေ” ဟု ဒေသခံတဦးကပြောသည်။

ရွှေသောင်ယံမြို့သည် အာရက္ခတပ်တော်(AA) သိမ်းယူထားသည့် ဂွမြို့နှင့် နယ်စပ်ဖြစ်သည်။ ဂွမြို့ဆုံးရှုံးပြီးနောက် စစ်ကောင်စီကရွှေသောင်ယံမြို့ကို ကြည်းရေလေအင်အားအများအပြားသုံး၍ ခုခံစစ်ပြင်ခဲ့သည်။ ရွှေသောင်ယံမြို့နယ် မကျီးစင်ရွာတွင် ဇန်နဝါရီလ၈ရက်နေ့မှ ၁၀ရက်နေ့အထိ၊ ဘောမိရွာတွင် ဇန်နဝါရီလ ၁၆ ရက်နေ့က တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဆုတ်ထွက်ပြေးခဲ့ကြရသည်။

ဘောမိ ကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီဗျူဟာမှူးတစ်ဦး အဆက်အသွယ်ပြတ်တောက်နေကြောင်း သတင်းရရှိသည်။ ထွက်ပြေးနေသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များတွင် စစ်မှူးထမ်းသင်တန်းဆင်းအများပြားပါဝင်လာသည်။

” သူတို့( စစ်ကောင်စီတပ်ဖွဲ့ဝင်များ)ကလည်း ဒေသခံတွေနဲ့အပြိုင် ပြေးနေကြတာ”ဟု ဒေသခံတစ်ဦးကပြောသည်။

ဧရာဝတီတိုင်းတွင် ပြီးခဲ့သည့်ဒီဇင်ဘာလလယ်မှစ၍ စစ်ရေးအခြေအနေလှုပ်ရှားလာခြင်းဖြစ်သည်။ ဒီဇင်ဘာလ၂၇ရက်တွင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းဦးဆောင်သည့် ကြည်းရေလေ ထိပ်ပိုင်းခေါင်းဆောင်များသည် ပုသိမ်မြို့သို့လာရောက်ပြီး စစ်မှုထမ်းသင်တန်းဆင်းများနှင့်

တွေ့ဆုံခဲ့သည်။ တိုက်ပွဲများအတွင်း လက်နက်မချရန် တိုက်တွန်းပြောကြားသွားခဲ့သည်။ သို့သော် ပူးပေါင်းတပ်များသည် ရွှေသောင်ယံမြို့နယ်မှ စစ်ကောင်စီခံစစ်ပြင်ထားသည့်နေရာများကို တစ်ခုပြီးတစ်ခုသိမ်းယူနေသည်။

စစ်ကောင်စီကရွှေသောင်ယံမြို့နယ်ဝက်သေကမ်းခြေအနီးတွင် ကြည်းရေလေ အင်အားသုံး၍ခံစစ်ပြင်ထားပြန်သည်။တိုက်ပွဲဖြစ်ရာကျေးရွာများမှဒေသခံများသည် ရွှေ သောင်ယံမြို့ပေါ်သို့ထွက်ပြေးလာခဲ့ကြသည်။ မြို့ခံအများစုသည် အခြားနေရာများသို့ တိမ်းရှောင်‌ကြသည်။ မြို့ခံများထွက်ခွာမသွားရန်၊ ဟိုတယ်များဆက်ဖွင့်ထားရန် စစ်ကောင်စီကခြိမ်းခြောက်ဖိအားပေးနေသည်။ ရွှေသောင်ယံအပြင် သာပေါင်း၊ ရေကြည်၊ ငါးသိုင်းချောင်း၊ ကျုံပျော်၊ ပုသိမ်၊ဟင်္သာတမြို့နယ်တို့ဘက်တွင် အင်အားတိုးချဲ့ပြီး ခံစစ်ပြင်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊လှိုင်သာယာမြို့နယ်မှာ ညအချိန်ကင်းပတ်ပြီးပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နဲ့ ပျူစောထီးတွေ လိုက်ပါလာတဲ့ယာဉ်ကို နည်းပညာမြင့်အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Operation Flame အဖွဲ့ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

သတင်း

တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်တွေ အထိနာနေတဲ့ ဖားကန့်မှာ စစ်ကောင်စီတပ်သားတချို့ KIA၊KPDF ပူးပေါင်းတပ်ထံ လက်နက်ချအလင်းဝင်လာကြပါတယ်။

သတင်း

ပဲခူတိုင်း၊ ပေါက်ခေါင်းမြို့နဲ့ အုတ်တွင်းမြို့ကို ဆက်သွယ်ထားတဲ့ လမ်းပိုင်းမှာ ကာကွယ်ရေးပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကြောင်းပျက် တပ်ဆုတ်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာန၊အမှတ်(၂၁)ဗျူဟာ၊ ပြည်ခရိုင် တပ်ရင်း(၂)က ဇန်နဝါရီ ၃၁ ရက် မနေ့က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီတပ်မှ အရာရှိများအပါအဝင် တပ်ဖွဲ့ဝင် ၄၀၀ ကျော် ယခုနှစ်အတွင်း ပြည်သူ့ရင်ခွင်ခိုလှုံလာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်သည်။