Connect with us

Hi, what are you looking for?

သတင်း

လှိုင်သာယာမှာ ညအချိန် ပေါ်တာဆွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မြို့ပြအဖွဲ့တွေတိုက်ခိုက်

ရန်ကုန်မြို့၊လှိုင်သာယာမြို့နယ်မှာ ညအချိန်ကင်းပတ်ပြီးပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နဲ့ ပျူစောထီးတွေ လိုက်ပါလာတဲ့ယာဉ်ကို နည်းပညာမြင့်အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Operation Flame အဖွဲ့ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဖေဖော်ဝါရီ-၂၅၊၂၀၂၆။သတိုး/People’s Spring

ရန်ကုန်မြို့၊လှိုင်သာယာမြို့နယ်မှာ ညအချိန်ကင်းပတ်ပြီးပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နဲ့ ပျူစောထီးတွေ လိုက်ပါလာတဲ့ယာဉ်ကို နည်းပညာမြင့်အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Operation Flame အဖွဲ့ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“ပြင်းအားမြင့်အဝေးထိန်းမိုင်း တစ်လုံး အသုံးပြုခဲ့ပါတယ်။ကျနော်တို့ အဲ့ကင်းပတ်ကားကို မထိထိအောင် သေချာစောင့်ဆိုင်းပြီး အချိန်ကိုက် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။”လို့ စစ်ဆင်ရေးနဲ့ ပတ်သတ်ပြီး ပြောပါတယ်။

လှိုင်သာယာမြို့နယ်၊ သောင်ကြီးနယ်မြေရဲစခန်းကနေ စက်မှုဇုံအတွင်းကို ညစဉ် ကင်းပတ် ထွက်ပြီး ပေါ်တာဆွဲနေတဲ့စစ်ကောင်စီတပ်သား ၊ရဲ နဲ့ ပျူစောထီးတွေကို စစ်ရေးပစ်မှတ်အနေနဲ့ မနေ့က (ဖေဖော်ဝါရီ ၂၄) ည ၁၁နာရီခွဲလောက်မှာ (၂၀)ရပ်ကွက်၊ ဆရာစံလမ်းမပေါ် က (၈၆) ဂိတ်ဟောင်းမှတ်တိုင်အနီးမှာ အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

“အဲ့ကောင်တွေ သေချာပေါက်ထိနိုင်တယ်ဗျ။ အတိအကျတော့ ကျနော်တို့ စုံစမ်းနေဆဲပါဘဲ။” လို့ အထက်ပါ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အဲဒီစစ်ဆင်ရေးကို Operation Flameနဲ့အတူ Underground Guerrilla၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဆင်ရေးတပ်ဖွဲ့ SRDFနဲ့ ရွှေဘိုခရိုင်အမှတ်(၁၅) တပ်ရင်းတို့ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

တော်လှန်ရေးအင်အားစုတွေအနေနဲ့

၂၀၁၅ နဲ့၂၀၂၀မှာ ပြည်သူလူထုကိုယ်တိုင်ရွေးကောက်တင်မြောက်ထားတဲ့ တရားဝင်အစိုးရကိုပဲ အသိအမှတ်ပြုလက်ခံထားဆဲဖြစ်ပြီး စစ်ကောင်စီရဲ့ ၂၀၂၅ ရွေးကောက်ပွဲက ပေါ်ပေါက်လာမယ့် တရားမဝင်အစိုးရကို လုံးဝအသိမှတ်ပြုသွားမှာမဟုတ်ပဲ ဆက်လက်ပုန်ကန် တော်လှန်သွားမယ်လို့ အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ထိုင်းနိုင်ငံမှာ မိသားစုအတွက် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံ၊အလုပ်ကြိုးစားပြီးနောက် နေရပ်ဌာနီက မိဘနှစ်ပါးဆီ ပြန်လာခဲ့တဲ့ ကိုအောင်ငြိမ်းချမ်းတစ်ယောက် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းထဲ ခြေချမိချိန်မှာတော့ သူ့ဘဝရဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေ စတင်ခဲ့ပါတယ်။

သတင်း

စစ်မှုထမ်းဖို့အတွက် စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးထားသူ ၇ဦး ထွက်ပြေးလွတ်မြောက်လာတဲ့အတွက် ကူညီစောင့်ရှောက်ထားတယ်လို့ ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးနဲ့ ဧရာဝတီတိုင်းမှာ ပေါ်တာဆွဲခံရတဲ့ ပခုက္ကူမြို့နယ်အခြေစိုက် ခလရ (၂၃၅) တပ်ရင်းက စစ်မှုထမ်းတပ်သား ၂ ဦးဟာ COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ အဲဒီတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်တပ် လက်အောက်ခံ ပျူစောထီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူကို နေအိမ်မှာတင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။