Connect with us

Hi, what are you looking for?

သတင်း

MNDAA နဲ့ စစ်​ကောင်စီ အပစ်ရပ်သ​ဘောတူဟုတရုတ်​ပြော

တရုတ်နိုင်ငံရဲ့ ကြားဝင်ညှိနှိုင်းမှုဖြင့် ကိုးကန့်တပ်မတော်(MNDAA)နဲ့ စစ်ကောင်စီတို့အကြား တရားဝင်အပစ်အခတ်ရပ်စဲလိုက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်းက ဒီနေ့ ပြောကြားလိုက်ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်းက။ ဓါတ်ပုံ-Global Times

အီယိုရီ၊ ဟန်​နွေ /People’s Spring

တရုတ်နိုင်ငံရဲ့ ကြားဝင်ညှိနှိုင်းမှုဖြင့် ကိုးကန့်တပ်မတော်(MNDAA)နဲ့ စစ်ကောင်စီတို့အကြား တရားဝင်အပစ်အခတ်ရပ်စဲလိုက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်းက ဒီနေ့ ပြောကြားလိုက်ပါတယ်။

မကြာသေးခင်က စစ်ကောင်စီနဲ့ MNDAA တို့အကြား တွေ့ဆုံဆွေးနွေးမှုအခြေအနေကို မေးမြန်းခဲ့မှုအပေါ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က တုန့်ပြန်ဖြေကြားခဲ့တာလို့ တရုတ်အစိုးရပိုင် Global Times သတင်းဌာနက ဖော်ပြပါတယ်။

စစ်ကောင်စီနဲ့ ကိုးကန့်တပ်ဖွဲ့တာဝန်ရှိသူတွေဟာ တရုတ်နိုင်ငံရဲ့ကြားဝင်ညှိနှိုင်းမှုဖြင့် ယူနန်ပြည်နယ် ကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် တရားဝင်အပစ်ခတ်ရပ်စဲရေးသဘောတူညီချက်ကို ရရှိ လက်မှတ်ရေးထိုးခဲ့တယ်လို့ မော်နင်းက ပြောပါတယ်။ အဲဒီသဘောတူညီချက်ဟာ ဘေဂျင်းစံတော်ချိန် ဇန်နဝါရီ ၁၈ ရက် နံနက် ၀၀:၀၀ (မြန်မာစံတော်ချိန် ဇန်နဝါရီ ၁၇ ရက် ည ၁၁:၃၀ နာရီ)မှာ စတင်သက်ရောက်မှုရှိပြီး နှစ်ဖက်စလုံးဟာ ပစ်ခတ်မှုတွေကို ချက်ချင်း ရပ်တန့်ရမယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ အပစ်ရပ်စဲရေးသဘောတူညီချက် အသေးစိတ်အချက်အလက်တွေကို မသိရသေးဘဲ အစောပိုင်းက အာဏာသိမ်းစစ်ကောင်စီဟာ MNDAA တိုက်ခိုက်သိမ်းပိုက်ထားတဲ့ လားရှိုးမြို့ကို ပြန်လည်ပေးအပ်ဖို့ တောင်းဆိုမှုရှိပါတယ်။ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းမှာ MNDAA ဟာ စစ်ကောင်စီတပ်ရဲ့ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ)တည်ရှိရာ လားရှိုးမြို့ကို ၂၀၂၄ သြဂုတ်လဆန်းမှာ အပြီးသတ်သိမ်းပိုက်ခဲ့ပါတယ်။ စစ်ကောင်စီက လားရှိုးမြို့ကို ပြန်လည်တောင်းဆိုမှုရှိသည့်တိုင် MNDAA က သိမ်းပိုက်ထားတဲ့ လားရှိုးမြို့ကို ပြန်လည်ပေးအပ်မှာမဟုတ်ဘူးလို့ နိုင်ငံရေး၊ စစ်ရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။

အခုလို တွေ့ဆုံမှုကနေ အောင်မြင်တဲ့ရလဒ်ထွက်ပေါ်လာတဲ့အပေါ် နှစ်ဖက်စလုံးက တရုတ်နိုင်ငံရဲ့ ကြိုးပမ်းအားထုတ်မှုကို ကျေးဇူးတင်ခဲ့ကြတယ်လို့ မော်နင်းက ပြောပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်းမှာ ပဋိပက္ခလျော့ကျလာခြင်းဟာ ဒေသတွင်းရှိ နိုင်ငံများ၊ မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအားလုံးရဲ့ ဘုံအကျိုးစီးပွားနှင့် ကိုက်ညီပြီး တရုတ်-မြန်မာ နယ်စပ်ဒေသ လုံခြုံရေး၊ တည်ငြိမ်းရေးနဲ့ ဖွံ့ဖြိုးမှုတို့ကို အထောက်အကူဖြစ်စေတယ်လို့ တရုတ်နိုင်ငံခြားရေးပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။

MNDAA ပါဝင်တဲ့ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့၂၀၂၃ ​အောက်တိုဘာ ၂၇ ရက်မှာစတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ပထမ အကြိမ် တုန်းကလည်း ယခုလိုပဲတရုတ်အစိုးရရဲ့ကြားဝင်မှုနဲ့ ၂၀၂၄ ဇန်နဝါရီလမှ စစ်​ကောင်စီိနဲ့ဟိုင်ဂင်အပစ်ရပ်စဲရေးသဘောတူညီချက်နဲ့ ရှမ်း​မြောက်မှာ အပစ်ရပ်ခဲ့ပါတယ် ။ ဒါ​ပေမယ့် AA က ရခိုင်ပြည်နယ်ကထိုးစစ်ကို​တော့ မရပ်ခဲ့ပါဘူး။

အပစ်ရပ်သ​​ဘောတူခဲ့​ပေမယ့် စစ်ကောင်စီစစ်ရေးပြင်ဆင်မှု၊ လေကြောင်း လက်နက်ကြီးပစ်ခတ်မှု ၊စစ်ရေးလှုပ်ရှားမှု​တွေ ပြုလုပ်ခဲ့တဲ့အတွက် MNDAA နဲ့ TNLA တို့က၂၀၂၄ဇွန်လည၂၅ ရက်မှာ၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်းကို ဖော်ဆောင်ခဲပြန်ပါတယ် ။

၁၀၂၇ ဒုတိယပိုင်းမှာ MNDAA နဲ့မဟာမိတ်တပ်​တွေကအရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (ရမခ)အပါအဝင်လားရှိုးမြို့ကိုသိမ်းပိုက်ခဲ့သလို ၊TNLA နဲ့ မဟာမိတ်​တွေကလည်းရှမ်းမြောက်ကလက်ကျန်မြို့​အားလုံးနီးပါးကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ် ။

MNDAA ဟာ လားရှိုးမြို့ သိမ်းယူပြီးကတည်းကစစ်​ကောင်စီတပ်ကိုတိုက်ခိုက်တာရပ်နားထားတာဖြစ်ပါတယ် ။စစ်တပ်က​တော့ လားရှိုးအပါအဝင် MNDAA သိမ်းယူထားတဲ့မြို့​တွေကို မကြာခဏဗုံးကြဲခဲ့ပါတယ် ။

ကိုးကား-Global Times

ဆက်စပ်သတင်းများ

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

လွန်ခဲ့တဲ့ နှစ်ပတ်လောက်က တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဆိုးရွားတဲ့ မြေပြိုမှုအတွင်း သေဆုံးသူက ၅၀ ကျော်လာပြီဖြစ်ပြီး ၁၀ ဦး ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။

နိုင်ငံတကာ

လူတူစက်ရုပ်တွေ တင်သွင်းမှုကို ပိတ်ပင်တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ တရုတ် နည်းပညာ ကုမ္ပဏီတွေကို ဖိနှိပ်တဲ့ အစီအစဉ် တစ်ခုလို့ တရုတ်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်ရဲ့ ပခုံးထမ်း လေကြောင်းကာကွယ်ရေး ဒုံးကျည် စုစုပေါင်း ၄၀၀ လောက်ကို လာမယ့် သီတင်းပတ်တွေအတွင်း အီရန်က လက်ခံရရှိမယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။