Connect with us

Hi, what are you looking for?

သတင်း

လားရှိုးမြို့ကို စစ်ကောင်စီထံ ပြန်ပေးရန်လုံး၀အကြောင်းမရှိဟု မြို့ပြန်လည်ထူထောင်ရေး တာဝန်ရှိသူ ပြော

“ရင်းထားရတဲ့ အသက်တွေလည်း အများကြီး ပြန်ပေးစရာတော့ မရှိပါဘူး”

လားရှိုးမြို့လယ်တနေရာအား ပြီးခဲ့သည့် ဇန်နဝါရီ ၇ရက်က တွေ့ရစဉ်၊ ဓာတ်ပုံ − လားရှိုးမြို့ပြန်လည်ထူထောင်ရေး

ဟန်နွေ/People’s Spring

ကိုးကန့်တပ်မတော်(MNDAA)က တိုက်ခိုက်သိမ်းပိုက်ထားသည့် လားရှိုးမြို့ကို စစ်ကောင်စီထံ ပြန်ပေးရန် လုံး၀အကြောင်းမရှိဟု လားရှိုးမြို့ပြန်လည်ထူထောင်ရေး တာဝန်ရှိသူက ပြောကြားသည်။

တရုတ်နိုင်ငံ၏ ကြားဝင်ညှိနှိုင်းမှုဖြင့် ကိုးကန့်တပ်မတော်(MNDAA)နှင့် စစ်ကောင်စီတို့အကြား တရားဝင်အပစ်အခတ်ရပ်စဲလိုက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်းက ပြီးခဲ့သည့် ရက်ပိုင်းတွင် ပြောကြားခဲ့သည်။

ဇန်နဝါရီ ၁၈ရက်တွင် စတင်သက်ရောက်သည့် အဆိုပါ အပစ်ရပ်သဘောတူညီချက် နှင့်ပတ်သက်ပြီး စစ်ကောင်စီနှင့် MNDAA ဘက်က ထုတ်ပြန်ပြောဆိုမှု မရှိသေးသကဲ့သို့ သဘောတူညီချက်ပါ အကြောင်းအရာများ အသေးစိတ်အချက်အလက်များကို အပစ်ရပ်နိုင်ပြီဟု ပြောကြားခဲ့သည့် တရုတ်ဘက်က အသိပေးခဲ့ခြင်းမရှိပေ။

Public Service Announcement

Public Service Announcement

ထိုအခြေအနေတွင် MNDAAက လားရှိုးမြို့ ပြန်ပေးရန် စစ်ကောင်စီဘက်က ကြိုးပမ်းနိုင်သည့် ဆိုသည့် သုံးသပ်ချက်များ ရှိနေသည့်အပေါ် လားရှိုးမြို့ ပြန်လည်ထူထောင်ရေးတာဝန်ရှိသူက ယခုကဲ့သို့ တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

“လားရှိုးမြို့ရဲ့ အခြေအနေကတော့ အေးဆေးပါပဲ။ ပြီးတော့ လက်ရှိမှာက ပြန်ပေးဖို့ ဘာညာအချက်တွေ ဆိုတာ သူတို့ ရေးထားတဲ့ သဘောတူညီချက် တွေမှာလည်း မပါပါဘူး။ ပြီးတော့ တရုတ်နိုင်ငံက တရားဝင်ထုတ်ပြန်တဲ့ သတင်းတွေမှာတောင် ဒီအချက်အလက်တွေ မပါထားဘူး။ရင်းထားရတဲ့ အသက်တွေလည်း အများကြီး ပြန်ပေးစရာတော့ မရှိပါဘူး”ဟု လားရှိုးမြို့ ပြန်လည်ထူထောင်ရေး တာဝန်ရှိသူက ပြောသည်။

လက်ရှိတွင် လားရှိုးမြို့၌ MNDAA တပ်ဖွဲ့ဝင်များရှိနေပြီး မကြာမီ ကျရောက်တော့မည့် တရုတ်နှစ်သစ်ကူးပွဲတော်ကိုပင် အကြီးအကျယ် ကျင်းပရန် ပြင်ဆင်နေသည်ဟု မြို့ပြန်လည်ထူထောင်ရေးတာဝန်ရှိသူက ပြောသည်။

MNDAAသည် ၂၀၂၄ ဇူလိုင် ၃ရက်တွင် လားရှိုးမြို့သိမ်းစစ်ဆင်ရေးကို ဖော်ဆောင်ခဲ့ရာ ၁လအကြာ ဩဂုတ် ၃ရက်တွင် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ)အပါအဝင် မြို့ကို အပြီးသတ်သိမ်းနိုင်ခဲ့သည်။ မြို့သိမ်းပြီး ပြန်လည်ထူထောင်ရေး ဆောင်ရွက်နေသည့် အခြေအနေတွင် ဩဂုတ် လကုန်ပိုင်းမှစ၍ မြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့သည်။

ထို့နောက် တရုတ်အစိုးရကလည်း ကိုးကန့်တပ်ဖွဲ့အား ပြင်းထန်သည့် ဖိအားများပေးပြီး စစ်ကောင်စီနှင့်ဆွေးနွေးစေခဲ့ရာ ယခု ဇန်နဝါရီ ၂၀ရက်တွင် အပစ်ရပ်စဲရေး ပေါ်ပေါက်လာခဲ့သည်။

MNDAA၏ ယခင်ထုတ်ပြန်ချက်များတွင် နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာရန် အသင့်ရှိကြောင်း အသိပေးထားသော်လည်း တစ်ဖက်တွင် ကိုယ့်ကိုယ်ကိုယ်ခုခံကာကွယ်မှုကို ဆက်လက်ကိုင်စွဲထားကြောင်း အသိပေးထားသည်။

MNDAAနှင့် စစ်ကောင်စီတို့ အပစ်ရပ်စဲမှု ဖြစ်ပေါ်လာခြင်းသည် တရုတ်အစိုးရ၏ ဖိအားကြောင့် ဖြစ်သည်ဟု နားလည်ထားကြောင်း ကချင်စစ်ရေး၊နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးဇော်ဆန်က ပြောသည်။

“တရုတ်အစိုးရရဲ့ ဖိအားကြောင့်ပဲ MNDAA ဘက်က မလွှဲမရှောင်သာ ယာယီအပစ်ရပ် သဘောတူပေးလိုက်ရတဲ့အနေအထားလို့ သုံးသပ်မိပါတယ်။ ဒါပေမယ့်အခုအချိန်ထိတော့ စစ်ကောင်စီနဲ့ ကိုးကန့် နှစ်ဖက်တပ်ဘက်ကတော့ ယာယီအပစ်ရပ်ဖို့ သဘောတူညီချက်နဲ့ပတ်သက်ပြီး တစုံတရာ သူတို့ ဘာတွေသဘောတူညီခဲ့လည်းဆိုတဲ့တရားဝင်ထုတ်ပြန်ချက်တော့ ကျနော်တို့ စောင့်ကြည့် ဖို့လိုပါသေးတယ်။” ဟု ဦးဇော်ဆန်က ပြောသည်။

ပထအဆင့်တွင် ယာယီအပစ်ရပ်စဲခြင်းဖြစ်သော်လည်း ဒုတိယအဆင့်တွင် လားရှိုးနှင့် သိန္နီမှ ကိုးကန့်တပ်များ ပြန်ဆုတ်ပေးရန် စစ်ကောင်စီဘက်က ကြိုးပမ်းလိမ့်မည်ဟု ယူဆကြောင်း ၎င်းက ပြောသည်။

“ ဘာပဲဖြစ်ဖြစ် ၂၀၂၅ ခုနှစ်အတွင်းမှာ စစ်ရေး နိုင်ငံရေး အပြောင်းအလဲ ကြီးကြီးမားမား တခုတော့ သေချာပေါက်ဖြစ်လာမယ့်လို့ ခန့်မှန်းပါတယ်။”ဟု ဦးဇော်ဆန်က ပြောသည်။

တရုတ်အစိုးရက အပြင်းအထန် ဖိအားပေး၍ လားရှိုးမှ MNDAA ပြန်ဆုတ်ခွာပေးရပါက ရှမ်းမြောက်စစ်ရေး အခြေအနေများအပေါ် သက်ရောက်မှုရှိလာမည်ဟုလည်း ဦးဇော်ဆန်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံမှာ ​သေဒဏ်​ပေးခံရတဲ့ကိုးကန့်ခေါင်းဆောင်ဟောင်းပယ်ဆောက်ချိန်နဲ့ မိသားစုတွေပိုင်ဆိုင်ခဲ့တဲ့ လောက်ကိုင်မြို့က အဆောက်အအုံတွေနဲ့ အိမ်ရာတွေကို MNDAA က ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲဝင် တပ်ဖွဲ့ဝင်တွေ၊ကျဆုံးရဲ​ဘော်​တွေရဲမိသားစုဝင်​တွေကိုမဲနှိုက်ပြီးခွဲဝေပေးနေပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် နဲ့ MNDAAတို့ လားရှိုးမြို့မှာ ယနေ့ တွေ့ဆုံ ဆွေးနွေးခဲ့သလို စစ်သုံ့ပန်း ၁၀၀ ခန့်ကိုလည်း MNDAAက ပြန်လွှဲပေးလိုက်တယ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်းကသတင်းရင်းမြစ်အချို့က​ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြိုနယ် မော်ဟန်ရွာနားက ကချင်လွတ်လပ်ရေးတပ်မတော်(KIA) စစ်ဆေးရေးဂိတ်ကို ကိုးကန့်တပ်(MNDAA)က ဇူလိုင် ၈ရက်ညနေပိုင်းမှာ အင်အားသုံးဖျက်ဆီးခဲ့ရာ အဲဒီ ဖြစ်စဉ်အပေါ် ကိုးကန့်တပ်က ပြန်တောင်းပန်ခဲ့ကြောင်း ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။