Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မြို့က တရုတ်နှစ်ကူးပွဲ

တရုတ်နှစ်ကူးနေ့ မတိုင်ခင် ဒီကနေ့ညမှာတော့ ရန်ကုန်မြို့လယ်က တရုတ်ဘုရားကျောင်းတွေကို လာရောက်သူများပြားခဲ့ပါတယ်။

ရောင်နီ/People’s Spring

တရုတ်နှစ်ကူးနေ့ မတိုင်ခင် ဒီကနေ့ညမှာတော့ ရန်ကုန်မြို့လယ်က တရုတ်ဘုရားကျောင်းတွေကို လာရောက်သူများပြားခဲ့ပါတယ်။

ကမ်းနားလမ်းပေါ်က ခိန့်ဟုတ် ဗုဒ္ဓဘာသာဘုရားကျောင်းနဲ့ မဟာဗန္ဓုလလမ်းပေါ်က ကွမ်ရင်ဗုဒ္ဓဘာသာဘုရားကျောင်းတွေမှာ လာရောက်ဆုတောင်းသူတွေ အများအပြားတွေ့ရပါတယ်။

တရုတ်တန်းတဝိုက် မဟာဗန္ဓုလလမ်းပေါ်မှာလည်း ကိုဗစ်ကာလကတည်းက မကျင်းပနိုင်တော့တဲ့ တရုတ်နှစ်ကူးဈေးပွဲတော်ကို ပြုလုပ်နေပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် စဉ့်အိုးတန်းလမ်းမှာလည်း တရုတ်နဂါးအကပွဲကို ပြုလုပ်နေပြီး လာရောက်ကြည့်ရှူသူအများအပြား တွေ့ခဲ့ရပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ရှုံးနေပြီး လက်အောက်ငယ်သားတွေ အသက်ဆုံးရှုံးနေရပေမယ့် စစ်ကောင်စီကတော့ မြို့ကြီးတွေမှာ အထိမ်းအမှတ်ပွဲတွေကို ပုံမှန်ကာလလို ပြုလုပ်နေတာပါ။

တရုတ်နှစ်ကူးပွဲကို ဇန်နဝါရီ ၂၅ ရက်ကနေ ၃၁ ရက်အထိ ပြုလုပ်နေတာဖြစ်ပါတယ်။

ဒါ့အပြင်စစ်ကောင်စီက တရုတ်နှစ်သစ်ကူးနေ့ကို ဂဇက်ဝင်ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ယနေ့ကျရောက်သည့် တရုတ်နှစ်ကူးနေ့တွင် ရန်ကုန်မြို့၊ တရုတ်တန်းဝန်းကျင်နေရာများ၌ ယာဉ်ကြောပိတ်ဆို့မှုများ တစ်နေ့လုံးကြုံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

သတင်း

ကိုးကန့်တပ်မတော်(MNDAA)ထိန်းချုပ်ထားသည့်လားရှိုးမြို့တွင် တရုတ်နှစ်သစ်ကူးပွဲတော်ကို ခမ်းခမ်းနားနားကျင်းပရန် ပြင်ဆင်နေသည်။