Connect with us

Hi, what are you looking for?

သတင်း

လားရှိုးမြို့၌ တရုတ်နှစ်သစ်ကူးပွဲတော်ကျင်းပရန် ပြင်ဆင်နေ

ကိုးကန့်တပ်မတော်(MNDAA)ထိန်းချုပ်ထားသည့်လားရှိုးမြို့တွင် တရုတ်နှစ်သစ်ကူးပွဲတော်ကို ခမ်းခမ်းနားနားကျင်းပရန် ပြင်ဆင်နေသည်။

လားရှိုးမြို့တွင် တရုတ်နှစ်သစ်ကူးပွဲတော်ပြုလုပ်ရန် ပြင်ဆင်နေစဉ်။ ဓာတ်ပုံ- လားရှိုးမြို့ပြနမလည်ထူထောင်ရေး

ကဖေး/People’s Spring

ကိုးကန့်တပ်မတော်(MNDAA)ထိန်းချုပ်ထားသည့် လားရှိုးမြို့တွင် တရုတ်နှစ်သစ်ကူးပွဲတော်ကို ခမ်းခမ်းနားနားကျင်းပရန် ပြင်ဆင်နေသည်။

တရုတ်နှစ်သစ်ကူးပွဲတော်ကို လာမည့် ဇန်နဝါရီ၂၈ရက်ကစ၍ ဖေဖော်ဝါရီလကုန်အထိ ကျင်းပမည်ဟုသတင်းရရှိသည်။

အဆိုပါပွဲတော်အတွက် ကြိုတင်ပြင်ဆင်မှုများကို MNDAA အုပ်ချုပ်ရေးပိုင်းနှင့် တပ်ဖွဲ့ဝင်များက စတင် အကောင်အထည်ဖော်နေသည်။

Public Service Announcement

Public Service Announcement

အထူးဒေသ(၁)တွင် နေထိုင်ကြသောပြည်သူများနှစ်သစ်ကူးကာလ မီးရှုးမီးပန်းဖောက်ခြင်းများကို ရိုးရာမပျက်ဆင်နွှဲနိုင်ပြီးမီးဘေးအန္တရာယ်ကိုလည်း အထူးသတိထားကြရန် လားရှိုးမြို့ပြန်လည်ထူထောင်ရေးဌာနက ထုတ်ပြန်ထားသည်။

လားရှိုးမြို့ကို MNDAA က ၂၀၂၄ သြဂုတ်တွင် သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီး အထူးဒေသ(၁)အဖြစ် ထည့်သွင်းသတ်မှတ်ထားသည်။

လာရှိုးမြို့ကိုပြန်ပေးရန် တရုတ်အကူအညီဖြင့် စစ်ကောင်စီက ပြန်တောင်းနေသည်။ သို့သော် MNDAAက လက်မခံဘဲမြို့၏ အုပ်ချုပ်ရေးယန္တရားလှည့်ပတ်ရေး၊ ပြန်လည်စည်ကားရေးကို အရှိန်မြှင့် ကြိုးပမ်းနေသည်။

စစ်ကောင်စီနှင့် MNDAAသည် တရုတ် နိုင်ငံ၏ ကြားဝင်ညှိနှိုင်းပေးမှုဖြင့် အပစ်ရပ်လက်မှတ်ထိုးထားသည်။ အဆိုပါအကြောင်းအရာကို စစ်ကောင်စီနှင့် MNDAAက မကြေညာဘဲ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ထုတ်ဖော်ပြောကြားခြင်းဖြစ်သည်။

MNDAAသည် ၁၀၂၇စစ်ဆင်ရေးအတွင်း လားရှိုးအပြင် လောက်ကိုင်၊ ချင်းရွှေဟော်၊ ကုန်းကြမ်း၊ ပန်လုံ၊ ကွမ်းလုံ၊ သိန္နီ၊ တာမိုးညဲ၊ ပန်ဆိုင်း၊ မုန်းကိုးနှင့် ဖောင်းဆိုင်မြို့များကို သိမ်းပိုက်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံမှာ ​သေဒဏ်​ပေးခံရတဲ့ကိုးကန့်ခေါင်းဆောင်ဟောင်းပယ်ဆောက်ချိန်နဲ့ မိသားစုတွေပိုင်ဆိုင်ခဲ့တဲ့ လောက်ကိုင်မြို့က အဆောက်အအုံတွေနဲ့ အိမ်ရာတွေကို MNDAA က ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲဝင် တပ်ဖွဲ့ဝင်တွေ၊ကျဆုံးရဲ​ဘော်​တွေရဲမိသားစုဝင်​တွေကိုမဲနှိုက်ပြီးခွဲဝေပေးနေပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် နဲ့ MNDAAတို့ လားရှိုးမြို့မှာ ယနေ့ တွေ့ဆုံ ဆွေးနွေးခဲ့သလို စစ်သုံ့ပန်း ၁၀၀ ခန့်ကိုလည်း MNDAAက ပြန်လွှဲပေးလိုက်တယ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်းကသတင်းရင်းမြစ်အချို့က​ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြိုနယ် မော်ဟန်ရွာနားက ကချင်လွတ်လပ်ရေးတပ်မတော်(KIA) စစ်ဆေးရေးဂိတ်ကို ကိုးကန့်တပ်(MNDAA)က ဇူလိုင် ၈ရက်ညနေပိုင်းမှာ အင်အားသုံးဖျက်ဆီးခဲ့ရာ အဲဒီ ဖြစ်စဉ်အပေါ် ကိုးကန့်တပ်က ပြန်တောင်းပန်ခဲ့ကြောင်း ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မော်ဟန်ရွာနားက ကချင်လွတ်လပ်ရေးတပ်မတော်(KIA) စစ်ဆေးရေးဂိတ်ကို ကိုးကန့် တပ်(MNDAA)က အင်အားသုံးပြီး လာရောက်ဖယ်ရှားဖျက်ဆီးခဲ့လို့ နှစ်ဖက် အချင်းများခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။