Connect with us

Hi, what are you looking for?

သတင်း

တရုတ်တန်းတဝိုက် ကားပိတ်ခဲ့သည့် တရုတ်နှစ်ကူးနေ့

ယနေ့ကျရောက်သည့် တရုတ်နှစ်ကူးနေ့တွင် ရန်ကုန်မြို့၊ တရုတ်တန်းဝန်းကျင်နေရာများ၌ ယာဉ်ကြောပိတ်ဆို့မှုများ တစ်နေ့လုံးကြုံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ဓာတ်ပုံ - PS

ရောင်နီ/People’s Spring

ယနေ့ကျရောက်သည့် တရုတ်နှစ်ကူးနေ့တွင် ရန်ကုန်မြို့၊ တရုတ်တန်းဝန်းကျင်နေရာများ၌ ယာဉ်ကြောပိတ်ဆို့မှုများ တစ်နေ့လုံးကြုံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

“ကမ်းနားလမ်းမှာလည်း မနက်ကတည်းက ပိတ်တာ။ ၄၅ မိနစ်လောက်ကိုကြာတယ် “ဟု YBS -58 ယာဉ်မောင်းတစ်ဦးက ပြောသည်။

ကမ်းနားလမ်းပေါ်ရှိ ခိန်ဟုတ် ဗုဒ္ဓဘာသာဘုရားကျောင်းပတ်ဝန်းကျင်၌ ယာဉ်ကြောပိတ်ဆို့မှုအဆိုးဆုံးဖြစ်သည်ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“အနော်ရထာလမ်းပေါ်မှာဆိုရင် ပန်းဆိုးတန်းလောက်ကစပိတ်တာ။ မနက်ကတည်းကပဲ” ဟု အထက်ပါ YBS-58 ယာဉ်မောင်းက ၎င်းတွေ့ကြုံခဲ့ရသည့်အတွေ့အကြုံကို ပြောသည်။

ထို့ပြင် တရုတ်နှစ်ကူးပွဲတော်ကို မဟာဗန္ဓုလလမ်းတစ်လျှောက် လမ်းမတော်လမ်းမှ စတင်၍ ပွဲဈေးတန်းပြုလုပ်လျက်ရှိရာ ယင်းလမ်းကြော၌ ပြေးဆွဲသည့် YBSကားများ အခြားလမ်းကြောင်းများမှ ပြေးဆွဲနေရသောကြောင့် ယာဉ်ကြောပိတ်ဆို့မှု ပိုမိုဆိုးရွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထို့ပြင် ညနေပိုင်းအထိလည်း တရုတ်နှစ်ကူးပွဲကိုလာရောက်သူများများပြားသောကြောင့် ညအချိန်အထိ ယာဉ်ကြောပိတ်ဆို့မှုများဖြစ်ပေါ်နေခြင်းဖြစ်သည်။

ယင်းဈေးပွဲတော်သို့လာရောက်သူများအနက် ကားပိုင်ရှင်များသည် အနော်ရထာလမ်း၊ ရွှေတိဂုံဘုရားလမ်းနှင့် လမ်းမတော်လမ်းစသည့်‌ လမ်းမ‌များပေါ်တွင် ဘေး၌ကပ်၍ရပ်ခဲ့သည့် ဖြစ်စဉ်များကြောင့်လည်း လမ်းပိတ်ခဲ့ခြင်းဖြစ်သည်ဟု ယာဉ်မောင်းတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်နဲ့ နီးစပ်တဲ့ Atom ဆက်သွယ်ရေးအော်ပရေတာက စီစဥ်ပြုလုပ်တဲ့ ရန်ကုန်မြို့လယ်ခေါင် Yangon Heritage Night Run မာရသွန်အပြေးပြိုင်ပွဲကြောင့် မေလ ၉ ရက် ည​နေပိုင်းမှာ ယာဥ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပေါ်ခဲ့ပြီး ပြည်သူတွေ သွားလာရေး အခက်ကြုံခဲ့ရတယ်လို့ သိရပါတယ်။

သတင်း

တရုတ်နှစ်ကူးနေ့ မတိုင်ခင် ဒီကနေ့ညမှာတော့ ရန်ကုန်မြို့လယ်က တရုတ်ဘုရားကျောင်းတွေကို လာရောက်သူများပြားခဲ့ပါတယ်။

သတင်း

ကိုးကန့်တပ်မတော်(MNDAA)ထိန်းချုပ်ထားသည့်လားရှိုးမြို့တွင် တရုတ်နှစ်သစ်ကူးပွဲတော်ကို ခမ်းခမ်းနားနားကျင်းပရန် ပြင်ဆင်နေသည်။

သတင်း

မြေနီကုန်းတံတားပေါ်မှ ဖြတ်သန်းမည့်ယာဉ်များအနေဖြင့် တံတားအောက်လမ်းမှသာ သွားခွင့်ပေးထားသောကြောင့် ယာဉ်ကြောပိတ်ဆိုးမှုဆိုးရွားနေခြင်းဖြစ်သည်။